AD
AD
AD

ပရိသတ်တွေရဲ့ အချစ်တွေအများကြီးကို ပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင်အောင်ရဲလင်းက သူ့ရဲ့ အချစ်ရေးနဲ့ပတ်သက်ပြီး မကြာခဏ ဆိုသလို သတင်းတွေထွက်ပေါ်လေ့ရှိပါတယ်။ အောင်ရဲလင်းကိုယ်တိုင် ရွေးချယ်မယ့် အိမ်ထောင်ဖက် မိန်းကလေးတစ်ယောက် ပုံစံ ကိုလည်း Duwun Media ကနေပြောပြခဲ့ပါတယ်။

play

 

'' အစ်ကို ကိုယ်တိုင်ချစ်ရမယ်၊ အစ်ကို့ကို ချစ်ရမယ်။ ကိုယ်လက်ထပ်မယ့် ကောင်မလေးက ဆင်းရဲတာ၊ ချမ်းသာတာအရေးမကြီးဘူး။ အစ်ကို့အတွက်လည်း ငွေကအရေးမကြီးဘူးဆိုတော့ အစ်ကိုကလည်း သူ့ကိုချစ်တယ်၊ သူကလည်း အစ်ကို့ကိုချစ်တယ်ဆိုရင် ရပြီ၊ တခြားသတ်မှတ်ချက် အစ်ကို့မှာမရှိဘူး'' လို့ဆိုပါတယ်။

play

 

ကိုယ်တိုင်ကလည်း အရင်နဲ့ မတူပဲ ရင့်ကျက်တဲ့ ယောက်ျားတစ်ယောက်ပုံစံဖြစ်လာတာတဲ့ အကြောင်းကလည်း ..

'' အသက် ၂၅ နောက်ပိုင်းမှာဆိုရင် ယောက်ျားလေးတော်တော်များများက လုပ်ငန်းခွင်ထဲရောက်နေတဲ့သူတွေ ဆိုရင် လေးလေး နက်နက် ဖြစ်သွားတာကို တွေ့ရတယ်။ အစ်ကို တစ်ယောက်တည်းမှမဟုတ်ဘူး ။ သူငယ်ချင်းတွေဆိုလည်း ဒီလိုပဲဆိုတော့ လုပ်ငန်းခွင် ကပဲ ပြောင်းလဲပေးလိုက်တာပါ။ အစ်ကိုကိုယ်တိုင်ကလည်း ဆန်းသစ်ရတာကိုကြိုက်တယ်။ ပုံစံပြောင်းရတာကိုလည်း ကြိုက်တယ် အဲ့ဒီအတွက်ကြောင့် အရင်ပုံစံနဲ့ ပိုကောင်းတဲ့ နောက်တစ်ယောက်ပုံစံကို ထပ်ပြီးတော့ နေလိုက်တဲ့သဘောပဲ'' လို့ ဆိုပါတယ်။

 

play

 

အောင်ရဲလင်းရဲ့ အချစ်ရေးနဲ့ပတ်သက်ပြီး သတင်းတွေကတော့ အမြဲတမ်းထွက်ခဲ့ပါတယ်။ ဒါကိုလည်း အောင်ရဲလင်းက ဝန်ခံထားခြင်း မျိုးမရှိသလို၊ ငြင်းဆိုထားခြင်းမျိုးလည်း မရှိခဲ့ပါဘူး။ အခုလက်ရှိမှာလည်း ချစ်သူကောင်မလေးနဲ့ ဓာတ်ပုံတွေ သို့လော သို့လော တက် လာပေမယ့်လည်း ဝန်ခံထားခြင်းမျိုးမရှိသေးပါဘူး။

Photo: အောင်ရဲလင်းဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD