AD
AD
AD

သရုပ်ဆောင်နေတိုးနဲ့ သရုပ်ဆောင်သင်ဇာဝင့်ကျော်တို့ရဲ့ ပရိသတ်တွေ အားပေးစောင့်မျှော်နေကြတဲ့ '' မုန်းလို့ရရင် မုန်းချင်တယ်'' ရုပ်ရှင်ဇာတ်ကားကြီးကို မကြာခင်ရုံတင်ပြသတော့မယ်လို့ သိရပါတယ်။ ဒီဇာတ်ကားကြီးရဲ့ ဇာတ်လမ်းအကျဉ်းလေးကိုလည်း Duwun ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်တယ်နော်။

play

 

'' အရမ်းကိုချစ်ကြတဲ့ ညီခက်နဲ့ ဟေမန်တို့ ချစ်သူနှစ်ဦးကတော့ နယ်မြို့လေးတစ်မြို့မှာ နေထိုင်ပါတယ်။ ဟေမာန်တို့က ကြီးကြီးတက် ချမ်းသာသလောက် ညီခက်ကတော့ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ပြီး အသက်မွေးဝမ်းကျောင်းပြုရတာပါပဲ။ ဒါကို ဟေမန့် မိဘတွေ က သဘောမတူကြတော့ ဟေမန်တစ်ယောက်လည်း သူအရမ်းချစ်တဲ့ ညီခက်ရဲ့ နောက်ကို ခိုးရာလိုက်ပြေးခဲ့တော့တာပေါ့။ ညီခက် က လည်း ဟေမန့်ကို ရန်ကုန်အထိ ခိုးပြေးလာခဲ့ပြီး သူ့သူငယ်ချင်းဖြစ်တဲ့ မျိုးကို တို့အိမ်မှာ တည်းကြတာပေါ့။

play

 

ညီခက်ရဲ့ သူငယ်ချင်းကတော့ အသံဖမ်းအင်ဂျင်နီယာတစ်ယောက်ဖြစ်တဲ့အတွက် အသံဖမ်းစတူဒီယိုတစ်ခုမှာ အလုပ်လုပ်နေတာပါ။ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ရန်ကုန်အထိ ရောက်လာခဲ့တဲ့ ညီခက်တို့ ဇနီးမောင်နှံနှစ်ယောက်က သူတို့ စုထားတဲ့ ပိုက်ဆံလေးတွေ၊ ဟေမန့်မှာ ပါလာတဲ့ ရွှေတို၊ ရွှေစလေးတွေ ရောင်းပြီး အိမ်ငှားထားရတာကြောင့် ငွေအလုံအလောက် မရှိတော့ဘူးပေါ့။ အဲ့ဒီမှာ ဂီတ ကို ဝါသနာပါလွန်းပြီး သီချင်းရေးဆရာတစ်ယောက်ဖြစ်ဖို့ကြိုးစားနေတဲ့ ညီခက် ကို သူငယ်ချင်းဖြစ်တဲ့ မျိုးကို က နာမည်ကြီး အဆိုတော် တွေ၊ Brand တွေနဲ့ မိတ်ဆက်ပေးပေမယ့် သီချင်းတွေက မရောင်းရတာများတယ်။

play

 

ညီခက်ရဲ့ အလုပ်အဆင်မပြေတော့ ဟေမန်လည်း သူငယ်ချင်းဖြစ်တဲ့နီလာရဲ့ အကူအညီနဲ့ နာမည်ကြီးကုမ္မဏီတစ်ခုမှာ အလုပ်ဝင် ခဲ့ပါတယ်။ အလုပ်ကလည်း ခရီးဝေးတွေ ထွက်ရတာဆိုတော့ အိမ်ထောင်ရှင်ဆိုရင် အလုပ်မခန့်ဘူးဆိုလို့ အပျိုဟန်ဆောင်ပြီး အလုပ် လျှောက်ခဲ့တာပါ။ တိကျသေချာပြီး စနစ်တကျ အလုပ်လုပ်တတ်တဲ့ ဟေမန့်ကို ကုမ္မဏီရဲ့ သူဋ္ဌေးဖြစ်တဲ့ ကိုဝေလွင်ကလည်း သဘော ကျနေတာပေါ့။

play

 

ကိုဝေလွင်နဲ့ ဟေမန်တို့ နှစ်ယောက်ကလည်း အလုပ်ကိစ္စကြောင့် အပြင်ကို တပူးပူး၊ တတွဲတွဲ သွားလာနေရတော့ ပတ်ဝန်းကျင်မှာ ကောလာဟလတွေ အနည်းငယ်ထွက်သလို ညီခက်ကလည်း မိန်းမကို တစ်နေ့ထက်တစ်နေ့ ပိုလို့တောင် စိတ်မချဖြစ်လာရပါတယ်။ ဟေမန့်ဘက်က ကိုဝေလွင့်ကို ရိုးသားပေမယ့်လည်း ကိုဝေလွင်က တစ်နေ့မှာ ဟေမန့်ကို ချစ်ရေးဆိုလာပါတယ်......'' ညီခက်ရယ်၊ ကိုဝေလွင်ရယ်၊ ဟေမန်တို့ရဲ့ သုံးပွင့်ဆိုင်အချစ်ရေးက ဘယ်လို လှည့်ကွက်လေးတွေ လာမလဲ၊ ယုယဆိုတဲ့ အဆိုတော်မလေး တစ်ယောက်လည်း ရောက်လာဦးမှာဆိုတော့ ဘာတွေဆက်ဖြစ်မလဲဆိုတာ ကို ဧပြီလ ၂၇ ရက်နေ့ကစပြီး ရုံတင်ပြသသွားမယ့် '' မုန်းလို့ရရင် မုန်းချင်တယ်'' ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို သွားရောက်အားပေးဖို့ မမေ့နဲ့နော်။

play

 

မုန်းလို့ရရင် မုန်းချင်တယ် ရုပ်ရှင်ဇာတ်ကားကြီးကို ရွှေစင်ဦးရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ပြီး ဒါရိုက်တာအောင်ဇော်လင်းက ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကတော့ ရိုးမန့်ဒရာမာ အိမ်ထောင်ရေးပညာပေးဇာတ်ကားလေးပါ။ ဒီရုပ်ရှင် ဇာတ်ကားကြီးထဲမှာ သရုပ်ဆောင်နေတိုး၊ မင်းဦး၊ ဇင်မျိုး၊ သင်ဇာဝင့်ကျော်နဲ့ ရတနာမိုင် တို့က အဓိက ပါဝင်သရုပ်ဆောင် ထားကြ ပါတယ်။

Photo: ရွှေစင်ဦးရုပ်ရှင်ထုတ်လုပ်ရေး

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD