AD
AD
AD

သရုပ်ဆောင် မော်ဒယ်လ်မလေး မေတိုးခိုင်ရဲ့ ဖခင်ဖြစ်သူ ဦးတိုးခိုင်ကလည်း အနုပညာအလုပ်နဲ့ပတ်သက်လာရင် ဂီတအလုပ်ကို ဝါသနာပါသူဖြစ်ပါတယ်။ ဖခင်ဖြစ်သူရဲ့ တစ်ကိုယ်တော်တေးစီးရီးအောင်အောင်မြင်မြင်ထွက်ရှိပြီးခဲ့တဲ့အပေါ် မေတိုးခိုင်က Duwun media ကနေ ဝမ်းသာစကားဆိုခဲ့ပါတယ်။

play

 

'' ဖေကြီးက အနုပညာကိုအရမ်းဝါသနာပါတယ်၊ အရင်ကတည်းကလည်း လုပ်ချင်နေခဲ့တာ အခုလည်း သူဖြစ်မြောက်သွားတဲ့အတွက် ဖူးအရမ်းဝမ်းသာတယ်။ အခုဆိုရင်လည်း နောက်ထပ် စီးရီးတစ်ခု ထွက်ဖို့ ကြိုးစားနေတယ်။ ဖေဖေနဲ့အတူ ဂီတအလုပ်လုပ်ဖို့တော့ မရှိပါဘူး။ ဘေးကနေပြီးတော့ပဲ ပံ့ပိုးပေးသွားမှာပါ'' လို့ သူကဆိုပါတယ်။

play

 

အနုပညာရှင်တွေဖြစ်တဲ့ သားအဖနှစ်ယောက်ဖြစ်တဲ့ ဦးတိုးခိုင်နဲ့ မေတိုးခိုင်တို့ရဲ့ အပြန်အလှန်ဖေးမကူညီဖြစ်တဲ့အကြောင်း တွေကို လည်း ပြောပြခဲ့ပါသေးတယ်။

'' ဘေးကနေပြီးတော့ အမြဲတမ်းပြောပေးတယ်၊ ဒါပေမယ့် ဖေဖေက ရှုတင်တွေတော့မလိုက်ပေးဘူး။ ရှုတင်ကိုတော့ အချိန်မှန်မှန် သွားဖို့ အမြဲပြောတယ်။ ဖေဖေ့ သီချင်းတွေဆိုရင်လည်း ဖူးက ဘေးကနေပြီးတော့ Couple Song လေးတွေ ဆိုတာကအစ အိုင်ဒီယာ လေးတွေ ပြောပြဖြစ်ပါတယ်။

play

 

မေတိုးခိုင်ရဲ့ ဖခင်ဖြစ်သူဦးတိုးခိုင်က တွဲဖက်သွေး လို့ အမည်ပေးထားတဲ့ တစ်ကိုယ်တော်တေးစီးရီးကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလ အတွင်းက ထွက်ရှိခဲ့တာဖြစ်ပါတယ်။ မေတိုးခိုင်က အခုလက်ရှိမှာ တီဗီကြော်ငြာတွေ၊ မဂ္ဂဇင်းကာဗာတွေရိုက်ကူးဖြစ်နေတယ်လို့ သိရပါတယ်။

Postby

 

Photo: မေတိုးခိုင်ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD