AD
AD
AD
play

အလှမယ် သရုပ်ဆောင်ရွှေအိမ်စည်က သွက်သွက်လက်လက်နဲ့ စတိုင်လ်ကျတဲ့ မိန်းကလေးတစ်ယောက်ပါ။ ကိုယ့်စိတ်ကြိုက်နေထိုင်မှု ပုံစံအတိုင်း နေထိုင်လေ့ရှိတဲ့ ရွှေအိမ်စည့်ရဲ့ ပုံစံကို ကြိုက်တဲ့ ပရိသတ်ရှိသလို မကြိုက်တဲ့ ပရိသတ်တွေလည်းရှိတာကြောင့် ရွှေအိမ်စည် ကိုယ်တိုင်ကလည်း ကိုယ်ရှိတဲ့ပုံစံအတိုင်းပဲ ပရိသတ်တွေကို အားပေးစေချင်တယ်လို့  Duwun media ကနေပြောပြ ခဲ့ပါတယ်။

'' အိမ်စည့်ရဲ့ အမြင်က လူတိုင်းရဲ့အမြင်နဲ့မကိုက်တာ၊ စိတ်ခုစရာကြီးဖြစ်တာပေါ့နော် ။ အိမ်စည်က ဘယ်လိုမြင်သလဲဆိုတော့ ဒါအိမ်စည်လေ ဒါအိမ်စည့်ပုံစံ အိမ်စည့်ကို အားပေးချင်တဲ့သူ ရှိရင်ရှိမယ်။ အိမ်စည့်ရဲ့ ဒီပုံစံကို မကြိုက်တဲ့သူရှိရင် ရှိမယ်။ အဲ့ဒါကို အိမ်စည်လက်ခံတယ် ကိုယ့်ရှိတဲ့ ပုံစံကိုပဲ အားပေးစေချင်တယ်။ အဲ့ဒီအတွက်ကြောင့်ပေါ့ပေါ့ပါးပါးနေတယ်။ အရမ်းစိတ်ပင်ပန်းတယ် တစ်ခါတလေကျရင် Miss ဆန်ဆန်လေး Dress လေးဝတ်ပြီးနေတာတောင် ကိုယ်က စိတ်ထဲမှာအရမ်းအိုက်ပြီးတော့ ချုပ်တီးထား ရတာပေါ့နော်။ ပြောရမယ်ဆိုရင် အရမ်းကြီးလည်း ဟန်မဆောင်ချင်ဘူး ကိုယ့်ရဲ့ ပြင်ပပုံစံနဲ့ နီးပါး အပြင်မှာထုတ်ပြရတယ်'' လို့ သူကဆိုပါတယ်။

play

 

ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ ရွှေအိမ်စည်က တစ်ခါတလေမှာ ပျော်ရွှင်ရယ်မော ပြုံးပြနေတတ်သူဖြစ်ပြီး တစ်ခါတလေ လူတိုင်းကို ရစ်တတ်တဲ့ ကောင်မလေးတစ်ယောက်ပုံစံလည်း ဖြစ်တတ်သေးတယ်လို့ သူကဆိုပါတယ်။

'' အိမ်စည့်ပုံစံက ပျော်ပျော်နေတတ်တယ်လို့လည်းပြောလို့ရတယ်။ ပေါ့ပေါ့ပါးပါးရှိတယ်။ ဒါပေမယ့် ကိုယ့်ကိုမကြိုက်တဲ့သူအနားတို့ ကိုယ်နဲ့သိပ်ပြီးတော့ ဓာတ်မတည့်တဲ့သူ အနားဆိုရင်တော့ တစ်မျိုးတစ်ဖုံဖြစ်သွားပြန်ရော ပြောရမယ်ဆိုရင် Personality  က ၂ ခုဖြစ်နေတာပေါ့။ တစ်ခါတစ်လေကျရင် အရမ်းကိုစကားပြောသော၊ အရမ်းကိုဖော်ရွေသော အိမ်စည်ဖြစ်ရင် ဖြစ်နေလိမ့်မယ်။ အရမ်းကို ပျော်ရွှင်ရယ်မောပြီးတော့ အားလုံးကိုပြုံးပြနေတဲ့ အိမ်စည်ဖြစ်ရင်ဖြစ်နေလိမ့်မယ်၊ တစ်ခါတစ်လေကျရင် လူတိုင်းကို ရစ်တတ်တယ်၊ ဘာအကြောင်းအရာဖြစ်ဖြစ် ဒီကြီးကို စိတ်တိုင်းမကျဘူး၊ ဒါကြီးက မကောင်းဘူးဆိုတဲ့ အားလုံးကို မကြိုက်ဘူးပေါ့ လူက နှစ်ကိုယ်ခွဲနေတာ ဆိုဒ်ကိုလားမသိဘူး'' လို့ ဆိုပါတယ်။

play

 

ကိုယ်ကိုယ်တိုင်က အစွန်းရောက်တယ်လို့ ဝန်ခံလာတဲ့ အိမ်စည်က သူ့ရဲ့ ပွင့်ပွင့်လင်းလင်းပြောဆိုတတ်တဲ့ အကြောင်းကိုလည်း အခုလို ပြောပြခဲ့ပါသေးတယ်။

'' ညီမကျတော့လေ အစွန်းရောက်တယ် ပျော်လို့ရှိရင်လည်း ကြားထဲမှာ မနေဘူး တချို့တွေဆိုရင် ပုံမှန်လေးပဲနေတတ်ကြတယ်။ ပျော်လည်းမပျော်ဘူး အဆင်ပြေလားဆိုရင် အိုကေပဲ။ အိမ်စည်ကဆိုရင် အဆင်ပြေလား ဒီအစားအသောက်ကြိုက်လားဆိုရင် အရမ်းကြိုက်တယ်၊ မကြိုက်ဘူးဆိုရင်လည်း လုံးဝမကောင်းဘူး အဲ့ဒီလိုမျိုးကြီးပေါ့။ မဆိုးပါဘူးဆိုတာ မရှိဘူး အားလုံးက ကောင်းရင်ကောင်းတယ်၊ မကောင်းရင်မကောင်းဘူး လုံးဝ ကြားထဲမှာမရှိတော့ဘူး'' လို့ ရွှေအိမ်စည်က Duwun Media ကနေပြောပြခဲ့ပါတယ်။

play

 

Miss Universe Mayanmar 2017 ပြိုင်ပွဲဝင်ခဲ့တဲ့ ရွှေအိမ်စည်ကတော့ The Best National Costume ဆုကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ အခုဆိုရင် အနုပညာနဲ့ပတ်သက်လို့ သရုပ်ဆောင်ဘက်ကို ခြေလှမ်းစတင်နေသူတစ်ဦးဖြစ်ပါတယ်။ မကြာခင်ရုံတင်ပြသမယ့် ကြိုးတန်းရုပ်ရှင် ဇာတ်ကားမှာလည်း စီနီယာအနုပညာရှင်တွေနဲ့အတူ ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။

ရွှေအိမ်စည်ဟာ  ဒါရိုက်တာပြည်ဟိန်းသီဟ ရိုက်ကူးပြီး သရုပ်ဆောင် အကယ်ဒမီလွင်မိုး၊ အကယ်ဒမီလူမင်း၊ အကယ်ဒမီပြေတီဦး၊ အကယ်ဒမီ နေတိုး၊ အကယ်ဒမီ စိုးမြတ်သူဇာ၊ ထက်ထက်ထွန်း၊ ယွန်းဝင့်လွှာအောင်၊ စပ်ယွန်းဝတီဦး တို့နဲ့အတူ လူကြီးလူကောင်းများ ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးထားပါတယ်။ အခုလက်ရှိမှာလည်း 25% ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးဖို့ရှိတယ် လို့ သိရပါ တယ်။

Postby

 

Photo: ရွှေအိမ်စည်ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD