AD
AD
AD
play

 

သရုပ်ဆောင်၊ အဆိုတော် ပွင့်ဟာ အရွယ်ရောက်ပြီးသား မိန်းကလေးလည်းဖြစ်၊ မိဘကိုလည်း ပြုစုစောင့်ရှောက်နေတဲ့ အနုပညာရှင်တစ်ဦးပါ။ သူ့အနေနဲ့ ငယ်ငယ်ကတည်းက မိခင်ရဲ့ သွန်သင်မှုတွေကြောင့် သူတစ်ပါးအပေါ် အားကိုးချင်တဲ့စိတ်၊ မှီခိုတတ်တဲ့စိတ် လုံးဝ မရှိဘူးဆိုတာကို Duwun Media ကနေပြောပြခဲ့ပါတယ်။

 

'' ပွင့်က တစ်ဦးတည်းသော သမီးဆိုပေမယ့် မေမေက ကျောင်းဆရာမဆိုတော့ ပွင့် ငယ်ငယ်လေးကတည်းက တအား Trainn  ထားတယ် ကိုယ့်ကိုယ်ကို အားကိုးရမယ်ဆိုတဲ့စိတ်ပေါ့။ ပွင့် ဘယ်သူ့ကိုမှ အားမကိုးတတ်ဘူး။ အခုဆိုရင်  မန်နေဂျာလည်း ကိုယ်ပါပဲ၊ အိမ်မှာ အိမ်အကူလုပ်တာလည်း ကိုယ်ပါပဲ၊ သရုပ်ဆောင်လုပ်တာရော၊ သီချင်းတွေဆိုတာရော ကိုယ်ပါပဲဆိုတော့ ပွင့်က သိပ်ပြီးတော့ သူအများကို အားမကိုးတတ်ဘူး၊ မမှီခိုတတ်ဘူး၊ ကိုယ်နဲ့ ကိုယ့်အမေက ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီပါပဲ၊ ပွင့်က ကိုင်းဆို မေမေက ကျွန်း အဲ့ဒါကြောင့် ပွင့်မှာ မှီခိုတတ်တဲ့စိတ်လုံးဝမရှိဘူး'' လို့ ဆိုပါတယ်။

play

 

သရုပ်ဆောင်ပွင့်ရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး အိမ်ထောင်ကျသွားပြီဆိုတဲ့ ကောလာဟလတွေကြောင့် မကြာခဏဆိုသလို ဖြေရှင်းပေးနေရတယ်လို့ ဆိုပါတယ်။

'' အိမ်ထောင်ကျတယ် ဆိုတဲ့ ကောလာဟလ ခဏခဏထွက်တယ်။ နယ်တွေရောက်တိုင်းလည်း အမျိုးသားမပါဘူးလားလို့ အမြဲတမ်းအမေးခံရပါတယ်။ အမျိုးသားပါရအောင်လည်း အိမ်ထောင်လည်း တစ်ခါမှ မကျပါဘူးရှင် အဲ့ဒါလည်း Facebook မှာ အဖွခံရတာပါ။ အချစ်ရေး လုံးဝမရှိပါဘူး'' ဆိုပြီးတော့ Duwun Media ကနေ ပြောပြခဲ့တာပါ။

play

 

ပွင့်မှာလည်း အချစ်ရေးဆိုလို့ ၅၂၈ နဲ့ ချစ်တဲ့ မိခင်တစ်ယောက်ပဲ ရှိတယ်လို့ ဆိုပါတယ်။

'' အချစ်ဆိုတာ ဘာမှန်းတောင်မသိပါဘူး၊ သီချင်းတွေထဲမှာသာ ကိုယ်ခံစားလို့ရတာ အပြင်မှာ အချစ်ဆိုတာကို မသိပါဘူး။ အားလုံး လည်းအသိပါဘယ်ပွဲပဲ သွားသွား၊ ဘယ်ရိုက်ကွင်းပဲ သွားသွား ဘေးနားမှာ အမေပါ ပါတယ်။ အချစ်ရေးကတော့ ပွင့်အမေပါ။ အမေ့ကိုပဲချစ်ပါတယ်၊ ပွင့်မှာ ၅၂၈ အချစ်ပဲရှိပါတယ်၊ မိဘရယ် ပရိသတ်ရယ်က ပွင့်ရင်ထဲမှာ အရေးကြီးဆုံးပါပဲ'' လို့ သူကဆိုပါတယ်။

play

 

အနုပညာအလုပ်တွေကို ပရိသတ်နဲ့ အဆက်မပြတ်အောင် ကြိုးစားနေတဲ့ ပွင့်က ပထမဆုံးတစ်ကိုယ်တော်တေးစီးရီးဖြစ်တဲ့ ဘေဘီပွင့် ဆိုတဲ့ တေးစီးရီးကို မေလ ၁၈ ရက်နေ့မှာ ထွက်ရှိသွားမှာပါ။ ပွင့်ဟာ အခွေဘက်ကို အားစိုက်နေရတာကြောင့် သရုပ်ဆောင်ပိုင်းမှာ နည်းနည်းလျော့နေပေမယ့်လည်း ရှေ့တစ်ပတ်လောက်မှာ ရုပ်ရှင်ရိုက်ကူးကြီး ရိုက်ကူးဖို့ ရှိတယ်လို့ သိရပါတယ်။

Postby

 

Photo: ပွင့် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD