AD
AD
AD
play

 

ဇာတ်လမ်းတွဲမင်းသားတစ်ယောက်အဖြစ် ပရိသတ်တွေအားပေးကြတဲ့ ကျော်ဆုဟာ Rap အဆိုတော် လွှမ်းပိုင်ရဲ့ အစ်ကိုအရင်း တစ်ယောက်ပါ။ ညီအစ်ကို နှစ်ယောက်တွဲပြီး အနုပညာဖန်တီးမှုတွေလည်း လုပ်ဖို့ အစီအစဉ်ရှိတယ်လို့ မီဒီယာတွေကနေ တဆင့် ပြောပြခဲ့ပါတယ်။

 

'' လွှမ်းပိုင်နဲ့ အနုပညာအလုပ် အတူတူလက်တွဲလုပ်ဖို့ အစီအစဉ်ရှိတော့ရှိပါတယ်။ဖြစ်လာခဲ့ရင်ပေါ့။ သူကသီချင်းလည်းဆိုတယ် သရုပ်လည်းဆောင်တာပဲလေ သူကလည်း အစ်ကို့ဘက်ကို အကြံဥာဏ်ပေးတာတွေ အများကြီးရှိပါတယ်။ သူက ကိုယ့်ထက် အငယ်ဆိုပေမယ့် အနုပညာမှာကျတော့ ကိုယ့်ထက် စီနီယာအများကြီးကျတယ်လေ၊ အဲ့ဒီတော့ သူပြောတဲ့ အကြံလေးတွေကလည်း အစ်ကို့အတွက် အများကြီးအသုံးဝင်တာမျိုးတွေရှိပါတယ်'' လို့ သူက ဆိုပါတယ်။

play

 

ဂီတဘက်ကိုလည်း ဝါသနာပါတယ်လို့ ဆိုလာတဲ့ ကျော်ဆုက ကိုယ်ပိုင်ခံစားချက်နဲ့ ရေးထားတဲ့ သီချင်းတွေလည်းရှိတယ်လို့ ဆိုပါတယ်။

'' ကိုယ်ကိုယ်တိုင်လည်း သီချင်းရေးထားတာတွေရှိတယ်၊ စိတ်ကူးပေါက်ရင် တစ်ပုဒ်၊ နှစ်ပုဒ်လောက်ပေါ့။ ဒါပေမယ့် ပရော်ဖက်ရှင်နယ် သွားဖို့တော့ အစီအစဉ်မရှိပါဘူး။ ပျော်ရင်ပျော်သလို အွန်လိုင်းလေးတင်တယ် အဲ့ဒီလောက်ပဲ သွားဖို့ရှိပါတယ်။ သီချင်းတွေက ကိုယ့်ခံစားချက် ကိုယ်ရေးထားတာ'' လို့ ကျော်ဆုက ပြောပါတယ်။

play

 

ကျော်ဆုဟာ MRTV-4 ရုပ်သံဇာတ်လမ်းတွဲတွေကနေတဆင့် ပရိသတ်အားပေးမှုများစွာရရှိထားတဲ့ မင်းသားတစ်ယောက်ဖြစ်ပါတယ်။ ဒီလိုပဲ လွှမ်းပိုင်ကလည်း Rap ဂီတလောကမှာ အောင်မြင်နေတဲ့ အဆိုတော်တစ်ယောက်ပါပဲ။ ညီအစ်ကိုနှစ်ယောက်စလုံးရဲ့ အနုပညာ လှုပ်ရှားမှုအနေနဲ့ ကျော်ဆုပါဝင်သရုပ်ဆောင်ထားတဲ့ အဆိပ်သွေး ရုပ်သံဇာတ်လမ်းတွဲကို Canal+ ရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသ နေပါတယ်။ လွှမ်းပိုင်ပါဝင်သရုပ်ဆောင်ထားတဲ့ ငါ့ကို နမ်းတဲ့ မုန်တိုင်း ရုပ်ရှင်ဇာတ်ကားကြီးကိုလည်း ဇွန်လ ၁ ရက်နေ့မှာ ရုံတင်ပြသ တော့မယ်လို့ သိရပါတယ်။

Postby

 

Photo: ကျော်ဆု၊ လွှမ်းပိုင်ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD