AD
AD
AD
play

 

သရုပ်ဆောင်မင်းဦးတစ်ယောက်ကတော့ မိသားစုဘဝလေးကို အမြန်ဆုံးတည်ဆောက်ချင်နေပြီလို့ မီဒီယာတွေရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ အနုပညာသမားတစ်ယောက်နဲ့ ချစ်သူဘဝမှာ အချိန်ကြာကြာလက်တွဲခဲ့ကြပြီး အိမ်ထောင်တစ်ခု တည်ထောင်ဖို့ လက်ခံခဲ့တဲ့ ဇနီးဖြစ်သူ မခိုင်ဝေလွင် က သူ့ကို အများကြီးပိုချစ်တယ်လို့ Duwun Media ကနေပြောပြခဲ့ပါတယ်။

''ကိုယ့်အမြင်ပြောရရင် အနုပညာသမားတစ်ယောက်ကို ကြာကြာတွဲလာရတယ် ၊ အစ်ကို့ကို လက်ခံပြီးတော့ အိမ်ထောင်ပြုတယ် ဆိုတာ တော်တော်လေး သည်းခံနိုင်လို့ပါ။ရိုးရိုးမိန်းကလေးတောင်မှ ကိုယ့်ရဲ့ချစ်သူ၊ ကိုယ့်ရဲ့ ယောက်ျားနဲ့ပတ်သက်လာရင် သဝန်တို စိတ် ရှိတယ်၊ အစ်ကိုတို့က အနုပညာသမားဆိုတော့ မင်းသမီးတွေနဲ့လည်း အများကြီးတွဲရတယ်။ ချစ်သူဆိုလည်း ချစ်သူ၊ လင်မယား ဆိုလည်း လင်မယား ကာရိုက်တာကို ပီပြင်အောင်လုပ်ရတဲ့ သရုပ်ဆောင်သမားကို သူက အများကြီးပိုချစ်တယ်လို့ ထင်ပါ တယ်'' လို့ ဆိုပါတယ်။

play

 

သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးလေးဖြစ်လာတာဖို့ တစ်ယောက်နဲ့ တစ်ယောက် သည်းခံခွင့်လွှတ်ရင်းနဲ့ အဆင်ပြေပြေ နေရတာ ပဲလို့ ဆိုပါတယ်။

'' သူလည်း ပြည့်စုံတဲ့သူတစ်ယောက်မဟုတ်ဘူး၊ အစ်ကိုလည်းပြည့်စုံတဲ့သူတစ်ယောက်မဟုတ်ဘူး။ တစ်ယောက်နဲ့တစ်ယောက် သည်းခံနားလည်၊ ခွင့်လွှတ်ပြီးတော့ အိမ်ထောင်ရေးတစ်ခုကို သာယာအောင်၊ ပျော်ရွှင်အောင် ရန်ဖြစ်ပြီးရင်တောင် စိတ်ကို အတတ် နိုင်ဆုံးလျှော့တယ်၊ ပြီးရင် သူ့ကိုပြန်ချော့တယ်။ သူကလည်း ကိုယ့်ကို ပြန်နားလည်ပေးတယ်၊ ဒီလိုလေး အဆင်ပြေအောင် နေရတာ ပါပဲ'' လို့ မင်းဦးက Duwun Media ကနေပြောပြခဲ့ပါတယ်။

play

 

အနုပညာလှုပ်ရှားမှုတိုင်းမှာလည်း ပါရမီဖြည့်ဘက်ကောင်းအဖြစ် ရပ်တည်ပေးတဲ့ ဇနီးကိုလည်း မင်းဦးက တက်နိုင်သလောက်ပြန်လည်ဖြည့်ဆည်းပေးတာမျိုးတွေရှိတယ်လို့ ဆိုပါတယ်။

'' သူဖြစ်ချင်တာတွေကို အားလုံးမလုပ်ပေးနိုင်ရင်တောင်မှ ကိုယ်လုပ်ပေးနိုင်သလောက်လေးပေါ့နော်၊ သူလည်းစိတ်ချမ်းသာအောင်၊ အစ်ကို့ဘက်က ဖြည့်ဆည်းပေးတာပါ အဲ့ဒီလောက်ပါပဲ။ သူကရိုးရိုးလူဆိုတော့ အစ်ကိုက သိပ်သဝန်တိုစရာမရှိဘူးပေါ့နော်။ ဖြစ်လာရင်တော့လည်း သဝန်တိုမိကောင်း တိုမိမှာပေါ့'' လို့ ဆိုပါတယ်။

play

 

ချစ်သူသက်တမ်း(၁၀)နှစ်ကျော်အချိန်မှာ လက်ထပ်ခဲ့တဲ့ မင်းဦးနဲ့ ခိုင်ဝေလွင်တို့ရဲ့ မင်္ဂလာညစာစားပွဲကတော့ စည်းကားသိုက်မြိုက် စွာ ကျင်းပနိုင်ခဲ့ပါတယ်။ အနုပညာညီအစ်ကို မောင်နှမများစွာ တက်ရောက်ခဲ့ပြီး ပျော်ရွှင်စရာ ကောင်းတဲ့ မင်္ဂလာပွဲ တစ်ပွဲ ဖြစ်ခဲ့ပါ တယ်။

Postby

 

Photo: မင်းဦးဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD