AD
AD
AD
play

 

ကြည့်လိုက်ရင် အမြဲတမ်းပြုံးပျော်ရွှင်နေတတ်တဲ့ သရုပ်ဆောင်ပွင့် ဟာ ရောက်လေရာမှာ လူချစ်လူခင်ပေါများသူတစ်ယောက်ပါ။ ပွင့်က လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကစလို့ အခုထိ ရုပ်ပြောင်းလဲမသွားဘဲ နုနယ်နေရခြင်းရဲ့ လျှို့ဝှက်ချက်ကိုလည်း Duwun Media ကနေပြောပြခဲ့ပါတယ်။

'' ချစ်တဲ့စိတ်နဲ့ ကြည့်ရင်တော့ အရမ်းကိုချစ်စရာကောင်းပြီးနုပျိုနေတာပါ။ အမှန်တော့ စိတ်ကိုလည်းပျော်အောင်ထားတတ်တာပါ ပါတယ်။ စိတ်ပျော်နေရင် ရုပ်ကလေးကလည်း အလိုလိုနေရင်းလန်းဆန်းနေတာ မလှပေမယ့်လည်း အလိုလိုကြည့်လိုက်ရင် ရုပ်လေး က ကြည့်ပျော်ရှုပျော်လေးနဲ့ တွေ့ရတဲ့သူတွေက ပျော်ရွှင်နေတာပါ'' လို့ သူကဆိုပါတယ်။

play

 

ကိုယ့်ကိုယ်ကိုလည်း စိတ်ချမ်းသာအောင်နေတတ်တဲ့ ပွင့်က ချောတဲ့အထဲမှာလည်း မပါဘူး၊ လှတဲ့အထဲမှာလည်း မပါဘူး၊ ချစ်စရာကောင်းပြီး မျက်နှာလေး ကြည်လင်နေတဲ့ မိန်းကလေးမျိုးထဲမှာဘဲ ပါတယ်လို့ ဆိုပါတယ်။

 

'' အဓိက ကတော့ စိတ်ချမ်းသာအောင်နေတယ်၊ လူ့ရဲ့ စိတ်ပါပဲ လူတစ်ယောက်ရဲ့ ရုပ်ပိုင်းဆိုင်ရာဟာ စိတ်ပေါ်မှာ အများကြီး မူတည်ပါတယ်။ စိတ်ကို ပျော်အောင်အများကြီးထားတယ်။ သူများတွေအပေါ်မှာလည်း စိတ်ကို ဖြူဖြူစင်စင်နဲ့ ဘယ်သူ့ကိုမှလည်း မကောင်းတဲ့စိတ်တွေ မထားတတ်ဘူး။ ဒါကြောင့် စိတ်လည်းရှင်းပြီးတော့ ရုပ်လည်းရှင်းတယ်လို့ ထင်ပါတယ်။ ပွင့်က လှတဲ့အထဲမှာ မပါဘူး၊ ချောတဲ့အထဲမှာ မပါဘူး၊ ချစ်စရာကောင်းပြီးတော့ မျက်နှာလေးကြည်နေတယ်ဆိုတဲ့ အထဲမှာဘဲ ပါပါတယ်'' လို့ သူကဆိုပါ တယ်။

play

 

အနုပညာအလုပ်တွေကို ပရိသတ်နဲ့ အဆက်မပြတ်အောင် ကြိုးစားနေတဲ့ ပွင့်က ပထမဆုံးတစ်ကိုယ်တော်တေးစီးရီးဖြစ်တဲ့ ဘေဘီပွင့် ဆိုတဲ့ တေးစီးရီးကို မေလ ၁၈ ရက်နေ့မှာ ထွက်ရှိသွားမှာပါ။ ပွင့်ဟာ အခွေဘက်ကို အားစိုက်နေရတာကြောင့် သရုပ်ဆောင်ပိုင်းမှာ နည်းနည်းလျော့နေပေမယ့်လည်း ရှေ့တစ်ပတ်လောက်မှာ ရုပ်ရှင်ရိုက်ကူးကြီး ရိုက်ကူးဖို့ ရှိတယ်လို့ သိရပါတယ်။

Postby

 

Photo:ပွင့်ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD