AD
AD
AD
play

 

ပရိသတ်တွေရဲ့ အချစ်တော်မလေး သရုပ်ဆောင်ရွှေမှုံရတီရဲ့ ဖေ့စ်ဘွတ်အကောင့်ကို မေလ ၁၅ ရက်နေ့က ဟက်ကာတွေရဲ့ ခိုးယူခြင်းကို ခံလိုက်ရတယ်လို့ သိရပါတယ်။ ဒါပေမယ့် ရွှေမှုံရတီက ဖေ့စ်ဘွတ်ဆိုတာကို ဘဝတစ်ခုလို မသတ်မှတ်တဲ့အတွက် ခေါင်းထဲမထည့်နိုင်ဘူးလို့ မီဒီယာတွေကနေတဆင့်ပြောပြခဲ့ပါတယ်။

'' ညီမလည်း ဖေ့စ်ဘွတ်အကောင့်ကို ကိုယ့်ဘာသာကိုယ်ဖွင့်တာမဟုတ်ဘူး၊ ဖွင့်ထားပေးတဲ့ အစ်ကိုရှိပါတယ်။ သူလုပ်ပေးလို့ ညီမအကောင့် ပြန်ရရင်လည်း သုံးမယ်။ မရရင်လည်း ညီမနောက်တစ်ကောင့်ဖွင့်ပြီးတော့ သုံးမယ်။ ဒီ့ထက်အရေးကြီးတာတွေ ညီမဘဝမှာအများကြီှးရှိသေး တယ်။ ဒါကြောင့် ဖေ့ဘွတ်ကို ဘဝတစ်ခုလို့ မသတ်မှတ်တဲ့အတွက် ညီမ အဲ့ဒါကို ခေါင်းထဲမထည့်နိုင်ဘူးဖြစ်နေတာပေါ့'' လို့ ရွှေမှုံရတီက ပြောပါတယ်။

play

 

သူ့ကိုချစ်တဲ့ ပရိသတ်တွေရှိလို့ ဖေ့စ်ဘွတ်အသုံးပြုနေတာဖြစ်ပြီး အကောင့်ဟက်သွားလို့ ပြန်မရခဲ့ရင်လည်း နောက်တစ်ကောင့်ထပ်ဖွင့်မယ်လို့ ရွှေမှုံရတီက ပြောပါတယ်။

'' အကောင့် ဟက်သွားတာလားဆိုတော့ ဟုတ်တယ်၊ တစ်ခုပဲ ညီမကလေ အဲ့ဒီဟာတွေကို သိပ်လည်း နားမလည်သလို သိပ်လည်း စိတ်မဝင်စားတာပါတယ်။ ညီမပြောဖူးပါတယ် ဒီဖေ့စ်ဘွတ်သုံးတယ်ဆိုတာ We Love တွေကြောင့်သုံးဖြစ်တာပါ။ သုံးရင်း သုံးရင်းနဲ့ Follower တွေတက်လာတယ်၊ Like တွေများလာတယ် ဒါပါပဲ။ ညီမပြောချင်တာကလေ ညီမအတွက် ဖေ့စ်ဘွတ်က ဘဝတစ်ခုမဟုတ်ဘူး။ ဖေ့စ်ဘွတ်က လုံးဝဘဝတစ်ခု မဟုတ်တဲ့အခါကျတော့ ဟက်တော့လည်း ဟက်တယ်ပေါ့နော်။ နောက်တစ်ခု ထပ်ဖွင့်ရမှာပေါ့။ ဘာလုပ်လို့ရမှာလဲ ညီမလည်း မတတ်နိုင်ဘူးလေ'' လို့ ဆိုပါတယ်။

play

 

ဖေ့စ်ဘွတ်အကောင့် မရှိတော့တာကြောင့် မေလ ၁၆ ရက်နေ့မှာ ကျင်းပခဲ့တဲ့ သူ့ရဲ့ မွေးနေ့ပွဲက ပုံရိပ်လေးတွေကို မီဒီယာတွေကနေတဆင့် သူ့ရဲ့ ပရိသတ်တွေဆီကို ဝေမျှနိုင်ပြီလို့ ဆိုပါတယ်။

" ဒီကြားထဲမှာ ညီမ နည်းနည်းလေးအလုပ်ရှုပ်နေတဲ့အခါကျတော့ အသစ်ဖွင့်ရင်လည်းဖွင့်မယ်။ ပြန်ရချင်လည်းရမယ်ပေါ့ ဒါကတော့ ညီမ သေချာမသိသေးဘူး။ အခုကကျတော့ ညီမအကောင့်လည်းမရှိတော့ မီဒီယာတွေကနေတဆင့် ပရိသတ်တွေကို ဝေမျှလို့ရပြီ၊ ကြည့်လို့ရပြီ။ သာဓုခေါ်နိုင်ပြီ'' လို့ ဆိုပါတယ်။

play

 

သရုပ်ဆောင်ရွှေမှုံရတီရဲ့ အသက်(၂၀)ပြည့် မွေးနေ့ပွဲကို မေလ ၁၆ ရက်နေ့မနက်က မှော်ဘီမြို့ အောင်ဇဗ္ဗူတောရ ဘုန်းကြီးကျောင်းတိုက် မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။မကြာခင်မှာလည်း အဆိုတော်ရွှေထူးနဲ့ အတူ ရုပ်ရှင်ဇာတ်ကားကြီးရိုက်ဖို့ ရှိတယ်လို့ သိရပါတယ်။ အနုပညာ ပျိုးခင်း (၁) ရဲ့ စင်တင်မင်းသမီးတစ်လက်ဖြစ်တဲ့ ရွှေမှုံရတီဟာ အနုပညာလောကကို စတင်ဝင်ရောက်ခဲ့တဲ့ လွန်ခဲ့တဲ့ ၆ နှစ်ကျော်ကတည်းက သရုပ်ဆောင်ကောင်းသူအဖြစ် နာမည်ရလာသူဖြစ်ပြီး လက်ရှိမှာလည်း ထိပ်တန်းမင်းသမီးတစ်လက်အဖြစ် ရပ်တည်နေပါတယ်။

Postby

 

Photo: ရွှေမှုံရတီဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD