AD
AD
AD
play

 

မြန်မာဆန်တဲ့အလှတွေနဲ့ ပရိသတ်ရင်ထဲကိုရောက်လာခဲ့တဲ့ မအေးသောင်းလို့ ချစ်စနိုးခေါ်ကြတဲ့ အေးဝတ်ရည်သောင်းက သူ့မှာ ချစ်သူ ရှိတယ်ဆိုတာကို ပရိသတ်တွေသိအောင်ပြောပြထားပြီးသားပါ။ အခုချိန်မှာတော့ မအေးသောင်းက မိသားစုသိုက်သိုက်ဝန်းဝန်းရှိကြတဲ့ သူ့ သူငယ်ချင်းတွေရဲ့ မိသားစုဘဝလေးတွေကို  အားကျနေပြီလို့ Duwun Media ကနေ ဖွင့်ဟဝန်ခံခဲ့ပါတယ်။

'' ပေါက်စီကြိုက်တဲ့ မိသားစုလေးနဲ့ ကလေးလေးတွေရှိမယ်၊ ကိုယ့်ယောက်ျားအတွက် ကိုယ့်အမျိုးသားအတွက် အေးချမ်းတဲ့မိသားစု လေးရှိမယ်။ နောက်ပြီးတော့ ကိုယ့်ရဲ့ သားသမီးလေးတွေနဲ့ ပျော်စရာကောင်းတဲ့ မိသားစုဘဝလေးကိုတော့ ပိုင်ဆိုင်ချင်တာပေါ့။ မိန်းကလေးကျတော့လည်း မိခင်စိတ်ဆိုတာ မွေးကတည်းက ပါလာတဲ့သူတွေချည်းပဲလေ။ သူငယ်ချင်းမိသားစုလေးတွေမြင်ရင် သဘောကျတယ်။ တစ်ခါတလေကျရင်တော့ ကိုယ်တစ်ယောက်တည်းနေရတာကြိုက်ပါတယ်။ ဒါပေမယ့် အဲ့ဒီလိုမျိုး မိသားစုလေးနဲ့ ယောက်ျားနဲ့ တွဲတက်လာတဲ့အချိန်လေးတွေကို အားကျမိတာတော့ အမှန်ပါပဲ'' လို့ ဆိုပါတယ်။

play

 

 

ချစ်ရတာကို ကြိုက်တဲ့ မအေးသောင်းရဲ့ မင်္ဂလာသတင်းကတော့ ဘယ်အချိန်ရောက်မယ်မသိပေမယ့် ချစ်သူအပေါ် မူတည်တယ်လို့ သဘောကျရင်း ဖြေဆိုခဲ့ပါသေးတယ်။

'' ပုံမှန်ပါပဲ အချစ်ရေးကတော့ ချစ်နေဆဲ။ ပေါက်စီက ချစ်ရတာကြိုက်တယ်လေ အဲ့ဒီတော့ ချစ်လည်းချစ်တယ်၊ လွမ်းစရာရှိရင်လည်း လွမ်းတယ်။ ပေါက်စီ အားကျပြီးတော့ ကြည့်နေရတာတွေကတော့ အများကြီးပဲ ကိုယ့်အလှည့်ကတော့ စောင့်နေရမှာပေါ့နော်၊ ဘယ် အချိန်ရောက်မလည်း မသိသေးဘူး၊ Target ထားထားတာမျိုးတော့မရှိသေးပါဘူး။ သူ့အပေါ်မူတည်တာပေါ့'' လို့ သူကဆိုပါတယ်။

play

 

သရုပ်ဆောင်အေးဝတ်ရည်သောင်းက ချစ်သူရှိတယ်လို့ ဝန်ခံထားပေမယ့် အခုချိန်ထိ သူ့ရဲ့ချစ်သူက ဘယ်သူ ဘယ်ဝှာဆိုတာကို ထုတ်ပြတာ မျိုးတွေ မရှိသေးပါဘူး။ မအေးသောင်းရဲ့ ချစ်သူက သူ့ထက်လည်း ငယ်သလို မင်းသားတစ်ယောက်လည်း မဟုတ်ဘူးဆိုပြီးတော့ သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေလည်း ပြောပြခဲ့ဖူးပါတယ်။ မအေးသောင်းရဲ့ ချစ်သူကိုတော့ ပရိသတ်တွေက ရင်ခုန်စွာနဲ့ စောင့်မျှော်နေကြ တုန်းပါပဲ။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD