AD
AD
AD
play

 

သရုပ်ဆောင်မော်ဒယ်လ် ပိုင်တံခွန်ဟာ မကြာခင်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်ကနေ ထူးခြားတဲ့ ဖက်ရှင်ပုံစံနဲ့ ဓာတ်ပုံတင်ခဲ့ပြီး ပရိသတ်ကို စနောက်ခဲ့ပါသေးတယ်။ ဒီပုံကိုလည်း ပရိသတ်တွေက ချစ်ခင်အားပေးကြသလို ဝေဖန်ပြောဆိုနေတဲ့ ပရိသတ်တွေလည်း ရှိခဲ့ပါတယ်။ ဗိုက်အပေါ်အထိချုပ်ထားတဲ့ ခေါင်းလောင်းဘောင်းဘီအပြဲနဲ့ ဖက်ရှင်အကြောင်းကိုလည်း Duwun Media ကနေပြောပြခဲ့ပါတယ်။

play

 

'' ဒီပုံက တကယ်တော့ အရင်ခေတ်ကဝတ်တဲ့ ခေါင်းလောင်းဘောင်းဘီ ဒီဇိုင်းကို ဗိုက်အပေါ်အထိ ချုပ်ထားတာ၊ ပြီးတော့မှ ကိုဝိုင်စတုန်းက သူ့ရဲ့ဖက်ရှင်ပေါ့နော် ခေါင်းလောင်းဘောင်းဘီကို ကပ်ကြေးနဲ့ အောက်ကနေပြီးတော့ ညှပ်လိုက်တော့ စကပ်လိုမျိုး ကားသွားတာ ပြီးတော့မှ အပေါ်က ကုပ်တွေနဲ့ပေါ့။ ကျွန်တော်နဲ့ ညိမ်းသော်နဲ့ ၂ ယောက် ဖက်ရှင်ကဏ္ဍရိုက်တယ်''လို့ ဆိုပါတယ်။

play

 

ဖေ့စ်ဘွတ်ပေါ်ကို တင်လိုက်တဲ့ ဓာတ်ပုံက ဖက်ရှင်ကဏ္ဍရိုက်နေတဲ့အထဲမှာတော့ မပါဘူးတဲ့။ အဝတ်အစားပုံစံရယ်၊ အရပ်အမောင်းရယ်၊ မျက်နှာပြောင်နေတဲ့ သူ့ပုံစံရယ်ကြောင့် ပရိသတ်ကို စနောက်ချင်တဲ့ ဆန္ဒနဲ့ တင်လိုက်တာလို့ ဆိုပါတယ်။

'' အထဲမှာတော့မရိုက်ထားဘူး ရိုးရိုးဖက်ရှင်ပုံစံပဲပေါ့နော်။ ကျွန်တော့် ကင်မရာမန်းရိုက်ထားပေးတဲ့ ပုံစံပုံပေါ့ ။ ကျွန်တော်ရပ်ပြီးတော့ စကားပြောနေတဲ့ပုံကို သူကရိုက်ထားတာ ဘာရယ်မဟုတ်ဘူး သဘောကျလို့ပေါ့။ အဝတ်အစားပုံစံလည်းပေါ်တယ်၊ ကိုယ်လည်း အရပ်အမောင်းပေါ်တယ်၊ အခွက်ပြောင်တဲ့ပုံစံလည်းပေါ်တော့ တမင်သက်သက် ပရိသတ်ကို စဖို့ဆိုပြီးတင်လိုက်တာ'' လို့ ပိုင်တံခွန်က ပြောပါတယ်။

'' က​လေး​တွေက ဆံပင်​ညှပ်​ပါဆိုလို့ ကိုယ်​လည်း သွားညှပ်​လိုက်​တာ မျက်​နှာ​တောင်​မပြရဲဘူး'' ဆိုတဲ့ Caption လေးနဲ့ စနောက်ခဲ့တာ ဖြစ်ပါတယ်။

play

 

ပိုင်တံခွန်တင်လိုက်တဲ့ ဓာတ်ပုံကြောင့် အားပေးတဲ့ ပရိသတ်ရှိသလို၊ အားမပေးတဲ့ ပရိသတ်တွေလည်း ရှိတယ်လို့ဆိုပါတယ်။ ဖက်ရှင် ရိုက်ကွင်းပေါ်မှာလည်း Hair Style ကြောင့် ညိမ်းသော်နဲ့အတူ ရယ်ခဲ့ရတဲ့ အမှတ်တရကိုလည်း ပြောပြခဲ့ပါတယ်။

'' လူဆိုတာက အမျိုးမျိုးပေါ့ ဖက်ရှင်အမြင်နဲ့ ကြည့်တဲ့သူရှိသလို တချို့ကျတော့လည်း ကျွန်တော်က အဲ့ဒီလို ဝတ်ပြီးလျှောက်သွားနေတယ်လို့ ထင်ကောင်းထင်လိမ့်မယ်။ ကျွန်တော် ရှုတင်ရယ်လို့ရေးထားတာမှမဟုတ်တာရီ ရအောင်ပေါ့။ ဘောင်းဘီစဝတ်ကတည်းက ကျွန်တော် အသံတောင်မပိတ်နိုင်ဘူး ရယ်တာ၊ ရယ်တာပုံမှန်တော့ ရိုးရိုးပဲ နောက်ပြီးတော့ ဘယ်လိုရီလည်းဆိုတော့ ဆံပင်ကို အတိလုပ်လိုက်တဲ့ အချိန်မှာ ကိုယ့်ဘာသာကို မှန်ထဲပြန်ကြည့်ပြီးတော့ ရီလိုက်ရတာ။ ညိမ်းသော်ကိုမြင်တော့ ပိုတောင်ဆိုးသေး မင်းမျက်နှာ ငါ့ထက်တောင်ရုပ်ဆိုးသေး တယ်။ ငါ့မျက်နှာ သူ့ထက်ရုပ်ဆိုးတယ် ဆိုပြီးတော့ ရယ်နေရတာပေါ့'' လို့ ဆိုပါတယ်။

play

 

ပိုင်တံခွန်ဟာ မိန်းကလေးပရိသတ်တွေအားပေးမှုအများဆုံးရရှိထားတဲ့ တက်သစ်စအမျိုးသား အနုပညာရှင်တွေထဲမှာ တစ်ဦးအပါအဝင် ဖြစ်ပါတယ်။ အခုဆိုရင်တော့ ပိုင်တံခွန်တစ်ယောက် ရုပ်ရှင်ဇာတ်ကားကြီးတွေ လက်ခံရိုက်ကူးနေရပြီဖြစ်ပါတယ်။ သူပါဝင်ထားတဲ့ ရုပ်ရှင် ဇာတ်ကားကြီးတွေလည်း ရုံတင်ဖို့ရှိတယ်လို့ သိရပါတယ်။

မော်ဒယ်အလုပ်မှာအောင်မြင်သလို၊ သရုပ်ဆောင်အလုပ်မှာလည်း တဖြည်းဖြည်းနဲ့ ရိုက်ကူးရေးတွေများလာတဲ့ ပိုင်တံခွန်က ဂီတဘက် ကိုလည်း ဝါသနာပါတာကြောင့် သူ့ရဲ့ တစ်ကိုယ်တော် Mini Album လေးဖြစ်တဲ့ ချစ်သူ ဆိုတဲ့ တေးစီးရီးကိုလည်း ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့ မှာ ထွက်ရှိခဲ့ပါသေးတယ်။

Postby

 

Photo: ပိုင်တံခွန်ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD