AD
AD
AD
play

 

ပရိသတ်တွေ အကြာကြီးစောင့်မျှော်နေခဲ့ရတဲ့ Anada ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ထွေလာကို ဒါရိုက်တာညိုမင်းလွင်က ဒီနေ့ မနက်(မေလ ၁၈) ရက်နေ့မှာပဲ ပရိသတ်တွေနဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။ Ananda ရုပ်ရှင်ဇာတ်ကားကြီးဟာ မြန်မာနိုင်ငံရဲ့ ပထမဆုံး သိပ္ပံရုပ်ရှင်ဇာတ်ကား လည်း ဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးရဲ့ ထွေလာကို မိတ်ဆက်ပေးလိုက်တဲ့ ၃ နာရီအချိန်အတွင်းမှာပဲ ကြည့်ရှု့အားပေးသူ ပရိသတ် တော်တော်များများ ရှိခဲ့ပါပြီ။

play

Ananda ဇာတ်ကားနမူနာ တင်ရင်းနဲ့ ပရိသတ်တွေအတွက် ယခုလို စာလည်း ရေးသားခဲ့ပါသေးတယ်။

''ချစ်ခင်လေးစားရပါသောပရိသတ်များအားလုံးမင်္ဂလာပါ။ ကျွန်တော်ဒါရိုက်တာအဖြစ်နဲ့ရိုက်ကူးခဲ့တဲ့ Ananda ရုပ်ရှင်ဇာတ်ကားဟာ ညကျောင်းရုပ်ရှင်ထုတ်လုပ်ရေးကနေထုတ်လုပ်ရိုက်ကူးခဲ့တယ် ဆိုပေမယ့် အခုစာကိုဖတ်နေတဲ့မိတ်ဆွေလည်း ပိုင်ပါတယ်။ နိုင်ငံတစ်နိုင်ငံ၊ လူမျိုးစုတစ်ခု ဒါမှမဟုတ် လုပ်ငန်းနယ်ပယ်တစ်ခုမှာ အတူတကွရေးခဲ့ကြတဲ့ သမိုင်း ဆိုတာကို လူတစ်ဦးတစ်ယောက်တည်းက ပိုင်ဆိုင်ခွင့်မရှိသလိုပါပဲ။ Ananda ရုပ်ရှင်ဇာတ်ကားကို မြန်မာရုပ်ရှင်ကိုချစ်မြတ်နိုးသော မည်သူမဆိုပိုင်ဆိုင်ခွင့်ရှိပါတယ်'' လို့ ညိုမင်းလွင်ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

Postby

ANANDA ရုပ်ရှင်ဇာတ်ကားကြီးဟာဆိုရင် မြန်မာ့ရုပ်ရှင်လောကမှာ ရှိသင့်တဲ့ ဇာတ်ကားအမျိုးအစားတစ်ခုဖြစ် ပေါ်ပေါက်လာစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ရိုက်ခဲတာလို့ ညိုမင်းလွင်က ပြောပြထားပါတယ်။ အထူးပြုလုပ်ချက်တွေနဲ့ အချိန် ၂ နှစ်ကျော် ဖန်တီးခဲ့ရတဲ့ ANANDA ရုပ်ရှင်ဇာတ်ကားကြီးကနေ မြန်မာ့ရုပ်ရှင်အနာဂါတ်ကို ပြောင်းလဲကြမယ်လို့လည်း ညိုမင်းလွင်က ရေးသားခဲ့ပါသေးတယ်။

''ကျွန်တော်တို့မြန်မာ့ရုပ်ရှင်မှာ ရှိသင့်တယ်ထင်တဲ့ ဇာတ်ကားအမျိုးအစားတစ်ခုကို ပေါ်ပေါက်လာစေချင်တဲ့ရည်ရွယ်ချက်နဲ့ ကျန်တာ ဘာမှမစဉ်းစားပဲ ရိုက်ရက်ပေါင်း ဂျူတီခုနစ်ဆယ်အထိရိုက်ကူးခဲ့ပြီး CGI အထူးပြုလုပ်ချက်တွေ ကိုအချိန်နှစ်နှစ်ကျော် ဖန်တီးခဲ့တဲ့ ဇာတ်ကား တစ်ခုဖြစ်ပါတယ်။ နောင်အနာဂါတ်မှာ မြန်မာလူငယ်တွေရိုက်ကူးတဲ့ သိပ္ပံဇာတ်ကားတွေ၊ VFX အသားပေးဇာတ်ကားတွေ ဖွံ့ဖြိုးလာဖို့အတွက် အားလုံးက မဖြစ်နိုင်ပါဘူး လို့စောင့်ကြည့်နေတဲ့ကြားက မရ ရအောင်ကြိုးစားယူခဲ့ရတဲ့ ဇာတ်ကားတစ်ခုလည်းဖြစ်ပါတယ်။ မခက်ဘူးလား ဆိုရင်တော့ ခက်ပါတယ်။ မရဘူးလား ဆိုရင်တော့ ရတာပါပဲ။ မြန်မာ့ရုပ်ရှင်အနာဂါတ်ကို ကျွန်တော်တို့အားလုံးအတူတကွ ပြောင်းလဲကြရ အောင် လို့ ချစ်ခင်လေးစားစွာဖိတ်ခေါ်လိုက်ပါတယ်။ With love,ညိုမင်းလွင်'' ဆိုပြီးတော့ ထပ်မံရေးသားခဲ့ပါသေးတယ်။

play

ANANDA ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာညိုမင်းလွင် ရိုက်ကူးပုံဖော်ခဲ့တာ အချိန် ၂ နှစ်ကျော်ကြာခဲ့ပြီလို့ သိရပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးကို ညိုမင်းလွင်ရဲ့ ကိုယ်ပိုင်ထုတ်လုပ်ရေးဖြစ်တဲ့ ညကျောင်းရုပ်ရှင်ထုတ်လုပ်ရေးကနေ ထုတ်လုပ်တာဖြစ်ပါတယ်။ ဇာတ်ကားရဲ့ ထူးခြား ချက်ကတော့ ဇာတ်ကားတစ်ကားလုံးဟာ သိပ္ပံပညာရပ်တွေနဲ့ အကောင်းဆုံးဖန်တီးထားတာ ဖြစ်တယ်လို့ သိရပါတယ်။ Anada ရုပ်ရှင်ဇာတ်ကားထဲမှာ ပါဝင်ထားတဲ သရုပ်ဆောင်တွေက ဖြိုးငွေစိုး၊ စိုင်းလွှမ်း၊ နေဝင်း၊ ကျော်ကိုကိုဝေ၊ နန်းဆုဦး၊ သက်ထားဝေဇင် တို့က အဓိက ပါဝင်သရုပ်ဆောင် ထားပါတယ်။

Photo: ညိုမင်းလွင်ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD