Cele YatKwat: အလှမယ် အေးချမ်းမိုး ကို အားပေးစကားဆိုခဲ့တဲ့ အလှမယ် Bella

မြန်မာဆိုတဲ့စလွယ်ကို လွယ်ထားရပြီဖြစ်တဲ့အတွက် မြန်မာနိုင်ငံသားတိုင်းက အားပေးသင့်တယ်။

Miss Myanmar World 2016 ဆုရှင် Bella ကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ Organazation နဲ့ Miss တစ်ယောက်ကြားမှာ ဖြစ်ပေါ်နေတဲ့ အကြောင်းအရာအပေါ် သူ့ရဲ့ သုံးသပ်ချင်နဲ့အတူ ပြည်ပမှာ သွားရောက် ယှဉ်ပြိုင်နေတဲ့ Miss Grand International 2017 ပြိုင်ပွဲဝင် အေးချမ်းမိုးကို အားပေးနေတယ်ဆိုတဲ့ အကြောင်းကိုလည်း Duwun Media ကနေပြောပြခဲ့ပါတယ်။

play

 

'' Organazation နဲ့ Miss ကြားက ပဋိပက္ခဖြစ်တယ်ဆိုတာက ဒီနိုင်ငံမှာတင်မဟုတ်ပါဘူး တခြားနိုင်ငံတွေမှာလည်းရှိပါတယ်။ တခြား နိုင်ငံတွေက ပိုတောင် ဆိုးပါသေးတယ်။ ပြောရရင် ဂျိတ် ဂျိတ် ခြင်း မချိတ်ဖို့တော့ ညီမက ပြောချင်ပါတယ်။ သူ့ဘက် ကိုယ့်ဘက် တင်းမာနေရင်တော့ မျက်နှာပျက်စရာကိစ္စတွေဖြစ်လာမယ်ပေါ့နော်။ ညီမတို့ Miss တွေနဲ့ Organazation ဆိုတာ သူစိမ်းနဲ့ စာချုပ်ချုပ် ထားရတာဖြစ်တဲ့အတွက် မိသားစုလိုတော့ မဟုတ်ဘူးပေါ့နော်။ ဒါပေမယ့် အကောင်းဆုံးမိသားစုလိုတော့ သူ့ဘက် ကိုယ့်ဘက် ဘယ်သူ မှ မနစ်နာအောင် သူ့ဘက်ကလည်းလျှော့ ကိုယ့်ဘက်ကလည်း လျှော့ နေသွားရင်တော့ Miss နဲ့ Organazation တွေနဲ့ ကတော့ အားလုံး အဆင်ပြေသွားမယ်လို့ ယုံကြည်ပါတယ်'' လို့ သူကဆိုပါတယ်။

play

 

အခုလက်ရှိမှာလည်း ဗီယက်နမ်နိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ Miss Grand Internationl 2017 ပြိုင်ပွဲကြီးမှာနိုင်ငံ ကိုယ်စားပြု သွားရောက် ယှဉ်ပြိုင်နေတဲ့ အလှမယ် အေးချမ်းမိုးအတွက်ကိုလည်း Duwun Media ကနေတဆင့် အားပေးစကားဆိုခဲ့ပါတယ်။

 

'' မအေးချမ်းမိုးလည်း အကောင်းဆုံးယှဉ်ပြိုင်ခဲ့ပါ။ ပရိသတ်တွေရဲ့ဝေဖန်မှုက အနုပညာရှင်တိုင်းမှာရှိပါတယ် ဝေဖန်ကြမှာပဲ ကောင်းတာပဲဖြစ်ဖြစ် ဆိုးတာပဲဖြစ်ဖြစ်။ Bella တို့ Miss တွေမှာက ရွေးချယ်ခွင့်မရှိဘူး ။ ဒီပြိုင်ပွဲကို ပြိုင်လာပြီဆိုတာနဲ့ ပြိုင်ပွဲအလယ် လောက်မှာ ငါမပြိုင်တော့ဘူး ထွက်ချင်ပြီဆိုတဲ့ အချိန်ထိတောင်မှ နောက်ဆုံး Final အထိရောက်လာပြီ ဒီ Crown ကြီး ကိုယ့် ခေါင်း ပေါ်ရောက်လာပြီဆိုကတည်းက အဲ့ဒီတာဝန်ကို ထမ်းဆောင်ရမှာပဲပေါ့နော်။ အဲ့ဒီအတွက် ဘယ်သူ့ ဘယ်သူကိုမှ အပြစ်တင် လို့မရ သလို ကိုယ့်အပြစ်လည်းမဟုတ်ဘူး။ Organazation ရဲ့ အပြစ်လည်းတင်လို့မရဘူးပေါ့နော်။ အဲ့ဒါကြောင့် ဘယ်သူပဲ မှားမှား မြန်မာ ဆိုတဲ့ စလွယ်တစ်ခုကို လွယ်ထားရပြီဖြစ်တဲ့အတွက် မြန်မာနိုင်ငံသားတိုင်းကလည်း အားပေးသင့်တယ်လို့ထင်ပါတယ်။ အားမပေး သိတိုင်အောင်လို့ သူ့ကို ရိုင်းပြတဲ့အပြုအမူမျိုး Comment မျိုးကို မပေးကြပါနဲ့လို့၊ သူက တခြားနိုင်ငံမှာ တစ်ယောက်တည်း ယှဉ်ပြိုင် နေရတဲ့အတွက် ပြင်ဆင်ချိန်လည်း သိပ်မရဘူး အဲ့ဒါကြောင့်မို့လို့ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ ဖြစ်လာတဲ့အပေါ်မှာ လက်ခံ ရမှာပဲ '' လို့ အခုလိုပြောပြခဲ့ပါတယ်။

play

 

အလှမယ် Bella ကတော့ Miss Myanmar World 2016 နိုင်ငံကိုယ်စားပြုအလှမယ်တစ်ယောက်ဖြစ်ပြီး ပြိုင်ပွဲ ပြီးသွားတဲ့နောက်မှာ တီဗီကြော်ငြာတွေ၊ မဂ္ဂဇင်းဓာတ်ပုံတွေ လည်း ရိုက်ကူးလာရတဲ့ အနုပညာရှင်အသစ်တစ်ယောက်လည်း ဖြစ်ပါတယ်။ အနုပညာနဲ့ ပတ်သက်လာရင်တော့ သရုပ်ဆောင်ဘက်ကိုလည်း အခွင့်အရေးပေးခဲ့မယ်ဆိုရင် ကြိုးစားချင်သေးတယ်လို့ သူကဆိုပါတယ်။

Photo: Duwun

See More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ