AD
AD
AD

ပရိသတ်တွေရဲ့ ဝေဖန်မှုအမျိုးမျိုးကြုံတွေ့နေရတဲ့ Bella ရဲ့ အမှတ်တရ Acedmy Video ဖိုင်တွေထဲကမှ သရုပ်ဆောင် ဇဏ်ခီနဲ့ ဒါရိုက်တာခရစ္စတီးနားခီ တို့ရဲ့ မိတ်ကပ်လိမ်းခြယ်နေကြတဲ့ ဗီဒီယိုဖိုင်ကို Bella က ဖျက်လိုက်တဲ့အပေါ် ဇဏ်ခီတို့ဇနီးမောင်နှံကိုယ်စား မိတ်ကပ်လင်းလင်းက Duwun Media ကနေ အခုလိုဖြေရှင်းပေးခဲ့ပါတယ်။

play

 

'' ဗီဒီယို ဖိုင်ကလည်း ပေါ့ပေါ့ပါးပါးဖြစ်နေလို့ ဖျက်ခိုင်းလိုက်တာပါ။ ဓာတ်ပုံတွေလောက်ပဲတင်ထားလိုက်တာ။ ဒီကိစ္စကလည်း ဘယ်သူမှအတွက် အကျိုးယုတ်တာ မရှိပါဘူး။ ကိုဇဏ်ခီတို့နဲ့ ညီမတို့ကဒ်ကလည်း ရိုက်ထားတာနည်းနေတော့ တိုတိုလေးဆိုတော့ မထည့်ချင်တာလည်းပါတယ်လေ။ အရမ်းတိုနေလို့ ဖျက်ခိုင်းလိုက်တာပါ။ ကိုဇဏ်ခီကလည်း Bella က ပိုက်ဆံယူထားတာမဟုတ်သလို လင်း ကလည်း ပိုက်ဆံယူထားတာမဟုတ်တော့ သူတို့ကိုလည်း ပိုက်ဆံပေးပြီးတော့ရိုက်ခိုင်းတာလည်းမဟုတ်ဘူးလေ။ အမှန်တော့ ကိုဇဏ်ခီ တို့ရော လင်းကရော Bella ကို ဖျက်ခိုင်း လိုက်တာပါ'' လို့ ဆိုပါတယ်။

play

 

ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီး Bella မှ တာဝန်ရှိသူတစ်ဦးကို ဆက်သွယ်မေးမြန်းခဲ့တဲ့အခါမှာတော့ တာဝန်ရှိသူ မစု က အခုလို ရှင်းပြခဲ့ပါတယ်။

'' ကာယကံရှင်ဘက်မှ Request လုပ်လို့ Academy Video File ကို ဖျက်တာပါ။ Bella တို့က Bella တို့ချစ်တဲ့ အနုပညာရှင်တွေ အတတ် ပညာရှင် makeup artist တွေကို ဂုဏ်ပြုချင်လို့ Academy နေ့က Academy Journey Video လေးတွေလုပ်ပေးတာပါ။ Bella တို့ ကိုဇဏ်ခီတို့ဇနီးမောင်နှံ နဲ့ မလင်း (Linn Linn MakeUp Artist) ရဲ့ video ကို မလင်းရဲ့ ခွင့်ပြုချက်နဲ့ ပထမတစ်ခါတင်ပါတယ်။ ဒုတိယအကြိမ် ညနေ Video File တင်အပြီးမှာ ကိုဇဏ်ခီတို့ဇနီးမောင်နှံရဲ့ မန်နေဂျာမှ request လုပ်တာကြောင့် လေးလေးစားစားနဲ့ ချက်ချင်း ပြန်ဖျက်ပေးခဲ့တာပါ''  လို့ Bella ရဲ့ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ မစု က အခုလိုပြောပြခဲ့ပါတယ်။

play

 

ဒီအကြောင်းအရာတွေနဲ့ ပတ်သက်ပြီး သရုပ်ဆောင် ဇဏ်ခီနဲ့ ဒါရိုက်တာခရစ္စတီးနားခီ တို့ကလည်း ဥပါယ်တံမျဉ်ရုပ်ရှင်ဇာတ်ကားကြီး ကို စင်္ကာပူနိုင်ငံမှာ ပြသနေတာကြောင့်  ဆက်သွယ်လို့မရခဲ့ပါဘူး။ 

Photo:Bella  FacebookPage

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD