အလှမယ် သရုပ်ဆောင်မိုးစက်ဝိုင်ကတော့ MOE Z Y (Thanakha Face Mask) လို့ အမည်ပေးထားတဲ့ ကိုယ်ပိုင်Brand ထုတ်ကုန်မိတ်ဆက်ပွဲကို ဒီဇင်ဘာလ ၁၀ ရက်နေ့ က ပရိသတ်တွေနဲ့ စတင်မိတ်ဆက်ပေးခဲ့ပါတယ်။ ကိုယ်ပိုင် Brand ထုတ်ကုန်နဲ့ ပတ်သက်ပြီး မိုးစက်ဝိုင်က Duwun media ကနေ မိတ်ဆက်စကားပြောပြခဲ့ပါတယ်။

play

 

'' မိုးစက်က အသားအရေ ကိုအရမ်းဂရုစိုက်တယ်။ ကိုရီးယား Mask တွေလည်း သုံးတယ်၊ ဂျပန် Mask တွေလည်း သုံးပါတယ်။ အဲ့ဒီအခါကျတော့ မိုးစက်က မြန်မာပြည်မှာလည်းနေတယ်၊ မြန်မာသနပ်ခါး ရနံ့လေးနဲ့ ရာသီဥတု ပူပူမှာ စိတ်ကိုအေးချမ်းစေမယ့် မျက်နှာဖုံးအေးအေးလေး ကပ်ရရင် ကောင်းမှာပဲ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ထုတ်ဖြစ်သွားတာပါ'' လို့ သူကဆိုပါတယ်။

play

 

အသားအရေကို ဦးစားပေးဂရုစိုက်တတ်တဲ့ အလှမယ်မိုးစက်ဝိုင်ကတော့ အသားအရေနဲ့ပတ်သက်တဲ့ အလှကုန်ပစ္စည်းတွေကိုလည်း ထပ်ထုတ်သွားဖို့ရှိတယ်လို့ ပြောပြခဲ့ပါသေးတယ်။

'' နောက်ထပ်လည်း အသားအရေထိန်းသိမ်းမှုအပိုင်းဘက်ကို ဦးစားပေးပြီးထုတ်သွားမှာပါ။ မြန်မာပြည်ကလူတွေ တော်တော်များများ A well မဖြစ်သေးတဲ့ အသားအရေကို ဂရုမစိုက်မိတဲ့ဖြစ်တတ်တဲ့ အရာတွေကို ဦးစားပေးပြီးထုတ်သွားဖို့ ရည်ရွယ်ပါတယ်။ ဒီဇင်ဘာလကတော့ မိုးစက်ရဲ့ MOE Z Brand လေးကို မိတ်ဆက်ပေးလိုက်ရတဲ့အတွက် မှတ်မှတ်ရရလေးလည်း ရှိပါတယ်'' လို့ မိုးစက်ဝိုင်က ပြောပါတယ်။

play

 

မိုးစက်ဝိုင်ရဲ့ MOE Z Y (Thanakha Face Mask) ဆိုတဲ့ ထုတ်ကုန်လေးကိုတော့ အချိန် ၁ နှစ်ခွဲကြာအောင် ဆောင်ရွက်ခဲ့ရတယ်လို့ ဆိုပါတယ်။ သူ့အနေနဲ့ နောက်ထပ်လည်း မြန်မာနိုင်ငံရဲ့ အသားအရေတွေနဲ့ ကိုက်ညီမှုရှိတဲ့ အလှကုန်တွေကို ထပ်မံထုတ်လုပ်သွားဖို့ရှိတယ်လို့ သိရပါ တယ်။

Photo: Duwun

See More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video