Make Up Blogger နေခြည်ဦးကတော့ ကိုယ်ပိုင်Brand တစ်ခု ထုတ်ဖို့ကြိုးစားနေတယ်လို့ သိရပါတယ်။ ဒါကြောင့် ကိုယ်ထုတ်နိုင်မယ့် ပမာဏနဲ့ ရောင်းရမယ့် အနေအထားကိုကြည့်နေရသေးတယ်လို့ Duwun Media ကနေပြောပြခဲ့ပါတယ်။

play

 

'' ကိုယ်ပိုင် Brand နဲ့ပတ်သက်ပြီး အစကတော့ ပွင့်ပွင့်လင်းလင်းပြောရရင် မိတ်ကပ်နဲ့စချင်တာပေါ့။ နေခြည်လည်း နည်းနည်း Research လုပ်ကြည့်တော့မြန်မာနိုင်ငံမှာ မိတ်ကပ်သုံးစွဲတဲ့ပမာဏက အရမ်းကိုနည်းသေးတယ်။ ဘတ်ဂျက်ထဲကိုသွားမယ်ဆိုရင်လည်း Bella လိုမျိုးကို ဖိုက်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး။ Bella သည် နေရာတစ်နေရာမှာ မားကတ်ရှယ်ယာအကြီးကြီးရထားပြီးသားဆိုတော့ ကိုယ်ထုတ်မယ့်ဟာနဲ့ ကိုယ်ရောင်းရမယ့် Volum ကိုသေချာပြန်ချိန်ရသေးတာပေါ့'' လို့ သူကဆိုပါတယ်။

play

 

ဘတ်ဂျက်အခြေအနေကြောင့် မိတ်ကပ်မထုတ်သေးပဲ မိန်းကလေးဆန်ဆန်ပစ္စည်းလေးတွေထုတ်မယ်လို့ ဆိုပါတယ်။

'' နေခြည်အခု မိတ်ကပ်မထုတ်ပဲနဲ့ မိန်းကလေးဆန်တဲ့ series တစ်ခုခု ထုတ်ဖို့စဉ်းစားထားတယ်။ အဲ့ဒါကတော့ မားကတ်ထဲမှာလည်း ဈေးသိပ်မများတဲ့Logo Brand မျိုး ထုတ်ဖို့စဉ်းစားထားပါတယ်။ ဘာလဲဆိုတာတော့ နောက်မှပြောပြမယ်'' လို့ ပရိသတ်ကို ပဟေဋိဝှက်ခဲ့ပါတယ်။

play

 

နေခြည်ဦးကိုတော့ ပရိသတ်တွေက Make Up Blogger တစ်ဦးအနေနဲ့ အားပေးသိရှိခဲ့ကြတာဖြစ်ပါတယ်။ သူ့အနေနဲ့ ကိုယ်ပိုင် Brand တစ်ခုဖြစ်တဲ့ Chili ဆိုတဲ့ ရေမွှေးကိုလည်း ထုတ်လုပ်ထားတာဖြစ်ပြီး အနုပညာ မောင်နှမများနဲ့ ပရိသတ်များက အားပေးခဲ့ကြပါတယ်။ နောက်ထပ် ဘယ်လို အလှကုန်ပစ္စည်း ထပ်ထုတ်သွားဦးမလဲဆိုတာ ပရိသတ်တွေစောင့်မျှော်ဖို့ Duwun Media ကနေ ပြောပြလိုက် တာပဲ ဖြစ်ပါတယ်။

Photo: နေခြည်ဦးဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video