Cele YatKwat: Cobra နဲ့ ခင်မဉ္ဇူခိုင်တို့ရဲ့ ဒုတိယရင်သွေးလေး အောင်မြင်စွာ မွေးဖွား

မိခင်နဲ့ မွေးရက်ခြင်းတူတယ်တဲ့။

အဆိုတော် Cobra နဲ့ သရုပ်ဆောင် ခင်မဉ္ဇူခိုင် တို့ရဲ့ ဒုတိယမြောက် ရင်သွေးလေးကို နိုဝင်ဘာလ ၁၆ ရက်နေ့က ပန်းလှိုင်ဆေးရုံမှာ အောင်မြင်စွာမွေးဖွားလိုက်တယ်လို့ အဆိုတော် Cobra ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

play

 

''16. 11. 2017 မှာမြလေးနဲ့မွေးနေ့မွေးရက်ပါတူတဲ့ သမီးလေး Nora ကိုချောချောမောမောပဲ ပန်းလှိုင်ဆေးရုံမှာမွေးဖွားခဲ့ပါပြီခင်ဗျ မွေးဖွားပေးခဲ့ပါသော OG. Dr ဒေါ်တင်မိမိ နှင့်တကွ ပန်းလှိုင်ဆေးရုံမှဆရာ ဆရာမများနှင့်တကွ နှစ်ဖက်သော မိဘဆွေမျိုး မောင်နှမ များလည်းကျေးဇူးပါဗျ'' လို့ ရေးသားခဲ့တာပါ။

play

 

Cobra နဲ့ ခင်မဉ္ဇူခိုင် တို့မှာတော့ ပထမမြောက်ရင်သွေးလေးဖြစ်တဲ့ ၃ နှစ်ကျော်အရွယ် မှူးမြတ်သခင်(ခ) Cara လို့ခေါ်တဲ့ သမီးလေးတစ်ယောက်လည်းရှိပါသေးတယ်။ ဒုတိယမြောက်ရင်သွေးလေးကိုလည်း Nora လို့ Cobra က နာမည်ပေးခဲ့ပါတယ်။

 

play

 

အဆိုတော် Cobra နဲ့ သရုပ်ဆောင်ခင်မဉ္ဇူခိုင် တို့ကတော့ ချစ်သူသက်တမ်းကြာပြီးမှ အိမ်ထောင်တစ်ခုကို ထူထောင်ခဲ့ကြတာ ဖြစ်ပါ တယ်။ Cobra ရဲ့ သီချင်းတော်တော်များများကလည်း ပရိသတ်အကြိုက်နဲ့ ထပ်တူကျခဲ့တာပဲဖြစ်ပါတယ်။ သရုပ်ဆောင် ခင်မဉ္ဇူခိုင် ကိုတော့ ဥမ္မာဒန္ဒီ ဆိုတဲ့ ဗီဒီယိုဇာတ်ကား ကနေ ပရိသတ်ပိုမိုရရှိခဲ့တာဖြစ်ပြီး အဲ့ဒီနောက် ဗီဒီယိုဇာတ်ကားတော်တော် များများမှာ လည်း ပါဝင်ရိုက်ကူးလာရတာဖြစ်ပါတယ်။

Photo: Cobra Facebook

See More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ