Cele YatKwat: ကိုယ့်ရဲ့DJ မြူးဇစ်တွေနဲ့ပျော်ရွှင်အောင်လုပ်ပေးတဲ့ သူတစ်ယောက်ဖြစ်ချင်တယ်ဆိုတဲ့ ထက်ထက်ထွန်း

Miss မပြိုင်ခင်ကတည်းက အဲ့ဒီ Activity ကိုနည်းနည်းလျော့ခဲ့တယ်။

ကိုယ်ပိုင်မော်ဒယ်လ်သင်တန်းကျောင်းနဲ့အတူ DJ သင်တန်းကိုပါ တွဲဖွင့်ဖို့ရည်ရွယ်ထားတဲ့ ထက်ထက်ထွန်းကတော့ သူ့အတွက် DJ ဝါသနာကလည်း ဘယ်လောက်အထိအရေးပါသလဲဆိုတာကို Duwun Media ကနေတဆင့် ပြောပြခဲ့ပါသေးတယ်။

play

 

'' DJ ကတော့ တက်ပြီးသားပေါ့နော် DJ နဲ့ပတ်သက်ပြီး ပွဲတွေမလုပ်ဖြစ်ဘူး။ ဒါပေမယ့် မနှစ်ကတော့ ချောင်းသာသွားရင်းနဲ့ သူငယ် ချင်း တစ်ယောက်ရဲ့ မွေးနေ့မှာ အမှတ်တရလေး ဖွင့်ပေးဖြစ်ခဲ့ပါတယ်။ဒီကြားထဲမှာတော့ DJ နဲ့ပတ်သက်ပြီး ဘာမှမလုပ်ဖြစ်ခဲ့ ဘူး။ DJ ဆိုတဲ့အရာကို မြန်မာနိုင်ငံမှာက Celebrity တစ်ယောက်အနေနဲ့လည်း မသတ်မှတ်ကြသေးဘူး၊ ပြီးတော့ မြန်မာ့ယဉ်ကျေးမှုနဲ့ ယှဉ်လိုက်တဲ့အခါကျရင် ဒါ ဆန့်ကျင်နေသေးတယ်၊ လက်ခံနိုင်တဲ့သူ အားနည်းတဲ့ အတွက်ကြောင့် Miss မပြိုင်ခင်ကတည်းက အဲ့ဒီ Activity ကိုနည်းနည်းလျော့ခဲ့တယ်။ အခုကျတော့ ဒါဟာ Entertainment တစ်ခု အနေနဲ့ ကိုယ့်ရဲ့ စိတ်ပျော်ရွှင်မှုလည်းဖြစ်တယ် အများသူငါတွေအတွက်ရော စင်ပေါ်ကနေ ကိုယ့်ရဲ့ DJ မြူးဇစ် တွေနဲ့ ကိုယ်က ပျော်ရွှင်အောင် လုပ်ပေးတဲ့သူတစ်ယောက် ဖြစ်ချင် တယ်။'' လို့ သူကဆိုပါတယ်။

play

 

ထက်ထက်ထွန်းက ၂၀၁၁ ခုနှစ်ကတည်းက သရုပ်ဆောင်လောကကို စတင်ခြေချခဲ့သူ ဖြစ်ပါတယ်။

 

မော်ဒယ်လ်အဖြစ် Miss ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ သူမက သရုပ်ဆောင်ခါရာနဲ့ဗီဒီယိုဇာတ်ကားရိုက်ကူး ထားသလို  မြဝတီရုပ်သံလိုင်းမှာ လွှင့်မယ့် ဇာတ်လမ်းတွဲကိုလည်း သြဂုတ်လကုန်ပိုင်းမှာ စတင်ရိုက်ကူးသွားမယ်လို့ ဆိုပါတယ်။ ထက်ထက်ထွန်းက မော်ဒယ်လ် သင်တန်းကိုလည်း လာမယ့် စက်တင်ဘာလထဲမှာ ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

Photo: ထက်ထက်ထွန်းဖေ့စ်ဘွတ်

See More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ