Cele YatKwat: ပရိသတ်ပေါင်းများစွာ လာရောက်အားပေးကြတဲ့ Galaxy Star Myanmar 2017 ဖျော်ဖြေပွဲကြီး

Top 2 နှစ်ယောက်ကို Surprise ပြုလုပ်တဲ့ ပွဲလေးပါ။

Galaxy Star Myanmar 2017 ပြိုင်ပွဲကြီးမှာ Finalist Top 2 တွေဖြစ်တဲ့ နေမင်းအိမ်နဲ့ Key တို့အတွက် Surprise ပြုလုပ်တဲ့ ပွဲကြီးကို မြန်မာပလာဇာရဲ့ Outdoor Area မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒီပြိုင်ပွဲကြီးမှာတော့ Top 10 ဆယ်ယောက်စလုံးကလည်း တေးသီချင်းများနဲ့ သီဆိုဖျော်ဖြေခဲ့ကြပါတယ်။

play

 

Top 10 ပြိုင်ပွဲဝင် အဆိုရှင်များကမြူးမြူးကြွကြွနဲ့ တေးသီချင်းများ သီဆို ဖျော်ဖြေခဲ့ကြပြီးနောက် စင်မြင့်ပေါ်သို့ နေမင်းအိမ် နဲ့ Key ကို မျက်လုံးအဝတ်ပတ်ပြီး တိတ်တိတ်ကလေး ခေါ်ဆောင်လာကာ မြန်မာပလာဇာရဲ့အပေါ်ထပ် အောက်ထပ်တွေမှာ ရှိတဲ့ ပရိသတ်ပေါင်းများစွာတို့၏ လာရောက်အားပေးမှုကို အံ့အားသင့်သွားအောင် Suprise လုပ်ခဲ့တာ ဖြစ်ပါတယ်။

 

နောက်ထပ်လည်း နေမင်းအိမ် ရဲ့ ပရိသတ်တွေထဲက ရွေးချယ်ခံရသူ တစ်ယောက်၊ Key ရဲ့ ပရိသတ်တွေထဲက ရွေးချယ်ခံရသူ တစ်ယောက်နဲ့ အတူ သီချင်းအတူဆိုခွင့်၊ ဓာတ်ပုံအတူရိုက်ခွင့်တွေလည်း ပြုလုပ်ခဲ့ပါတယ်။

play

 

Galaxy Star Myanmar 2017 ပြိုင်ပွဲကြီးကဆိုရင် ပထမဆုံးအကြိမ်အဖြစ် ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး  မြန်မာလူငယ်တွေအနေနဲ့ ပြည်တွင်းမှာတင်မဟုတ်ဘဲ နိုင်ငံတကာအဆင့်ထိ ယှဉ်ပြိုင်တဲ့ အချိန်မှာပါ လိုအပ်တဲ့ယုံကြည်မှုတွေပေးစွမ်းနိုင်ဖို့ရည်ရွယ်ထား ကြောင်း Namin Myanmar ကုမ္ပဏီရဲ့ Marketing Director Mr. Samul Kang က ပြောကြားသွားခဲ့ပါတယ်။

play

 

Galaxy Star Myanmar 2017 ရဲ့ နောက်ဆုံးနေ့ပြိုင်ပွဲကိုတော့ ၁.၉.၂၀၁၇ ရက်နေ့ မှာ ကျင်းပပြုလုပ်မှာဖြစ်ပြီး MRTV-4 ရုပ်သံလိုင်းကနေ တိုက်ရိုက် ထုတ်လွှင့် ပြသသွားမယ်လို့ သိရပါတယ်။ Galaxy Star Myanmar 2017 ပြိုင်ပွဲမှာ ဆုရရှိတဲ့သူဟာ ကျပ်သိန်း ၁၀၀၀ အပြင် တစ်နှစ်အတွင်းမှာ ကိုယ်ပိုင်တေးစီးရီးကို ကိုရီးယားနိုင်ငံမှာ ထုတ်လုပ်ခွင့်ရရှိမှာ ဖြစ်ပြီး နိုင်ငံတကာကိုလည်း ထိုးဖောက်ခွင့်ရရှိမှာ ဖြစ်ပါတယ်။

Photo: Duwun

See More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ