Rap ဂီတမှာ အောင်မြင်တဲ့ အဆိုတော်နှစ်ဦးဖြစ်တဲ့ လွှမ်းပိုင်နဲ့ Bobby Soxer တို့ကတော့ High Skool ဆိုတဲ့ ဖက်ရှင်ဆိုင်ကို ဒီဇင်ဘာလ ၃ ရက်နေ့က ကျိုက္ကစံလမ်းမကြီးပေါ်မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ဒီ ဆိုင်လေးနဲ့ ပတ်သက်တဲ့ အမှတ်တရ စကားသံတွေကိုလည်း မီဒီယာတွေက တဆင့် အခုလိုပြောပြခဲ့ပါတယ်။

play

 

'' အဓိက ကတော့ ညီမတို့ အနုပညာရှင်နှစ်ယောက်က ဖွင့်တဲ့ အကျီင်္ဆိုင်ဆိုပြီးတော့ မမြင်စေချင်ပါဘူး။ လူငယ်တွေအတွက်ကို Target ထားတယ်ပေါ့နော်။ ရန်ကုန်မြို့မှာ အင်္ကျီဆိုင်အသစ်ဖွင့်တယ် ဘာတွေလိုအပ်လည်း လာကြည့်ပေးပါ ဝေဖန်ပေးပါ ဆိုတဲ့ ပုံစံမျိုးလေးနဲ့ ပုံမှန် ဖက်ရှင်ဆိုင် လေးဖွင့်တယ်ဆိုတဲ့ သဘောလေးပါပဲ'' လို့ Bobby Soxer က ပြောပါတယ်။

play

 

၃ နှစ်တာ အချိန်ယူခဲ့ရတဲ့ ဖက်ရှင်ဆိုင်အတွက် အမှတ်တရစကားကိုလည်း လွှမ်းပိုင်က ပြောပြခဲ့ပါသေးတယ်။

'' ကျွန်တော်တို့ဆိုင်နာမည်ကလည်း High Skool ဆိုတော့ ဆယ်ကျော်သက်အပိုင်းတွေ ဝတ်လို့ရမယ့် အနေအထားမျိုးကို ထုတ်သွားမှာပါ။ ဒီဆိုင်ဖွင့်ဖို့အတွက်ကလည်း ၃ နှစ်လောက် အချိန်ယူခဲ့ရတယ်။ ဒီဇိုင်းကွဲထွက်အောင်ဆိုတာထက် ဖက်ရှင်တွေက အသစ်တွေ ၊ အသစ်တွေ ထွက်လာတာဖြစ်တဲ့အတွက် ကျွန်တော်တို့လည်း အားလုံးအဆင်ပြေနိုင်လောက်မယ်ထင်တဲ့ ဒီဇိုင်းမျိုးကို တင်မှာပါ။ Made in China တွေက များပါတယ်'' လို့ လွှမ်းပိုင်က ပြောပါတယ်။

play

 

အဆိုတော်လွှမ်းပိုင်နဲ့ Bobby Soxer တို့ကတော့ Rap ဂီတနာမည်ကျော် အဆိုတော်များဖြစ်ကြပြီး ပရိသတ်တွေအခိုင်အမာရရှိထားတဲ့ အနုပညာရှင်၂ ဦးလည်းဖြစ်ပါတယ်။ သူတို့ချစ်သူနှစ်ယောက်ပေါင်းဖွင့်လှစ်လိုက်တဲ့ High Skool ဖက်ရှင်ဆိုင်ကို အမှတ် ၁၃၀၊ ကျိုက္ကစံလမ်း၊ တာမွေမြို့နယ်မှာ ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ဆိုင်ဖွင့်ပွဲရက်မှာ လာရောက်အားပေးကြတဲ့ ပရိသတ်တွေကိုလည်း ၁၀ ရာခိုင်နှုန်းဈေးလျော့ ပေးခဲ့ တယ် လို့ သိရပါတယ်။

Photo: Duwun, လွှမ်းပိုင်ဖေ့စ်ဘုတ်

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video