ပရိသတ်တွေစောင့်မျှော်အားပေးချင်နေကြတဲ့ ကိုယ့်သမိုင်း ကိုယ်ရေးကြသူများ ၂ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ အဆိုတော် J- Fire က ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်ကားထဲက သူ့ရဲ့ ကာရိုက်တာအကြောင်းနဲ့ သရုပ်ဆောင်မှုအပေါ် သူ့ရဲ့ ခံစားချက်ကိုလည်း Duwun Media နေပြောပြခဲ့ပါတယ်။

play

 

'' ကျွန်တော်က နယ်ကနေတက်လာပြီးတော့ G fatt အိမ်မှာနေတာပေါ့နော်၊ ပြီးတော့ Ice Cold တို့နဲ့ ရန်ကုန်မှာ ခက်ခက်ခဲခဲနဲ့ သီချင်းတွေ လုပ်ရတယ်ပေါ့။ ကျွန်တော် သရုပ်မဆောင်တတ်ဘူး၊ မလုပ်တတ်တဲ့ကြားကနေ သရုပ်ဆောင်ရတာဖြစ်တဲ့အတွက် ကိုယ့်ကိုယ်ကိုတော့ တလွဲကြီးလို့မြင်တာပေါ့နော်။ ဒါပေမယ့် သူငယ်ချင်းတွေပြောတာတော့ အဆင်ပြေတယ်လို့ ပြောပါတယ်၊ ကျွန်တော့်မှာ ဆိုက်ကိုတစ်ခုရှိတယ် အင်တာဗျူးဖြေရင်တောင်မှ ကိုယ့်အင်တာဗျူး ကိုယ်ပြန်မကြည့်ဘူး ဘာကြောင့်လဲဆိုတော့ ကျွန်တော့်ကိုယ်ကျွန်တော် စကားပြန် ပြောနေရ သလို ခံစားချက်ရှိတယ်'' လို့ ဆိုပါတယ်။

play

 

ပထမဆုံးရိုက်တဲ့ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့အတွက် သူ့ရဲ့ ရင်ခုန်သံကိုလည်း အခုလိုပြောပြခဲ့ပါတယ်။

'' ရင်ခုန်မှုကတော့ သရုပ်မဆောင်တတ်တဲ့အတွက် ပရိသတ်တွေက ဘာတွေပြောကြမလဲ၊ အဆင်ပြေကြမလား ဆိုတာကို ကြိုတွေးပြီးတော့ ရင်ခုန်ပါတယ်။ ပရိသတ်တွေက အားပေးကြပေမယ့် ကိုယ့်ကိုယ်ကို ယုံကြည်မှုတော့ မရှိဘူး အားလုံးက ဝိုင်းကြိုးစားထားကြတာဖြစ်တဲ့အတွက် အကောင်းဆုံးတော့ ဖြစ်မှာပါ။ ဒါကတော့ ကျွန်တော့်အတွက် ပထမဆုံးဇာတ်ကားပါပဲ ဆက်ရိုက်သွားဖို့ အစီအစဉ်တော့ မရှိပါဘူး'' လို့ သူကဆိုပါတယ်။

play

 

အဆိုတော် J-fire ကတော့ သူ့ရဲ့ တစ်ကိုယ်တော်တေးစီးရီးဖြစ်တဲ့ တစ်ပင်ရွှေထီး အခွေကိုလည်း ပရိသတ်တွေအားပေးမှုများစွာ ရရှိခဲ့ပြီး လင်းလက်ပါကြယ်လို အမည်ရတဲ့ သီချင်းကလည်း ပရိသတ်အကြိုက်နဲ့ ထပ်တူကျခဲ့ပါတယ်။

photo: J-Fire ဖေ့ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video