AD
AD
AD
play

 

Rose Quartz အဖွဲ့ဝင် နေခြည်က ယခင်က ဖြစ်ခဲ့ဖူးတဲ့ ပြဿနာတစ်ခုအတွက် K-pop ပရိသတ်တွေကို Duwun Media ကနေတဆင့် တောင်းပန်စကားဆိုလိုက်တာ ဖြစ်ပါတယ်။ အရင်ကလည်း စာရေးပြီး တောင်းပန်ခဲ့ဖူးတာဖြစ်ပြီး အခု နေခြည်က လူကိုယ်တိုင် တောင်းပန်လိုက်တာ ဖြစ်ပါတယ်။

'' ညီမအရင်တုန်းက အားလုံးအပေါ်ကို အားနာစရာဖြစ်အောင် လုပ်ခဲ့မိတဲ့အမှားတွေအတွက် အရမ်းပဲ နောင်တရမိပါတယ်။ ပြီးတော့ အားလုံး ကို လည်းတောင်းပန်ပါတယ်။ အရင်တုန်းက မဆင်ခြင်ဘဲ ပြောခဲ့မိတာတွေအတွက် အရမ်းအားနာမိပါတယ်။အခုလည်း နောင်တရမိပြီးတော့ ကြိုးကြိုးစားစား အလုပ်လုပ်နေပါတယ်'' လို့ နေခြည်က တောင်းပန်ခဲ့ပါတယ်။

play

 

သူ့အတွက်ကြောင့်နဲ့ စိတ်အနှောင့်အယှက်ဖြစ်ရတဲ့ Rose Quartz အဖွဲ့ဝင်တွေကိုလည်း အရမ်းအားနာမိတယ်လို့ နေခြည်က ဆိုပါတယ်။

'' ရှိနေတဲ့ Member တွေအားလုံးလည်း ညီမကြောင့်မို့လို့ စိတ်အနှောင့်အယှက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ အရမ်းအားနာမိတယ်။ အဲ့ဒီ အတွက် ကြောင့်မို့လို့ပဲ တောင်းပန်စာကို အချိန်အကြာကြီး တလေးတစားနဲ့ ရေးပြီးတော့လည်း ညီမတောင်းပန်ခဲ့ပါသေးတယ်။ အခုလည်း စိတ်ရင်းနဲ့ ထပ်ပြီးတော့ အားလုံးကို တောင်းပန်ချင်ပါတယ်'' လို့ နေခြည်က Duwun Media ကနေပြောပြခဲ့ပါတယ်။

play

 

လူမှုကွန်ယက်စာမျက်နှာပေါ်က Comment ကနေတဆင့် ပြောဆိုနေကြတဲ့ ပရိသတ်တွေကြောင့် စိတ်မကောင်းဖြစ်ရပြီး ထပ် မဖြစ်အောင်လည်း ဆင်ဆင်ခြင်ခြင်နေမယ်လို့ နေခြည်က ကတိပေးလိုက်ပါတယ်။

'' ညီမကို Comment တွေမှာ ဝေဖန်တဲ့စကားမျိုးတွေ တွေ့ရတဲ့အတွက်  ညီမအရမ်းကို စိတ်မကောင်းဖြစ်မိပါတယ်။ ပြီးတော့ နောက်ထပ် လည်း အဲ့ဒီလို ထပ်မဖြစ်အောင် ဆင်ဆင်ခြင်ခြင်နဲ့ ကြိုးကြိုးစားစား ဆက်ပြီးတော့နေသွားပါမယ်လို့ အားလုံးကိုပြောချင်ပါတယ်။ ညီမရဲ့ ဒီလုပ်ရပ်တွေကြောင့် အားလုံးပဲ ခွင့်လွှတ်နားလည်ပေးလိမ့်မယ်လို့ မျှော်လင့်မိပါတယ်'' တဲ့။

 

play

 

Postby

နေခြည်က Galaxy Star 2017 ပြိုင်ပွဲကြီးမှာ စက်တင်ဘာ အဖွဲ့ဝင်တစ်ယောက်အနေနဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးပါတယ်။ အဲ့ဒီနောက် K-pop အဖွဲ့တစ်ခုဖြစ်တဲ့ Rose Quartz  အဖွဲ့ဝင်တစ်ဦးဖြစ်လာခဲ့ပါတယ်။ Rose Quartz အဖွဲ့မှာ အဖွဲ့ဝင် ၅ ဦးပါဝင်ပြီး Sung Shin ဆိုတဲ့ ကိုရီးယားမလေးတစ်ဦး၊ ထိုင်းမလေးတွေဖြစ်တဲ့ EARN နဲ့ EING မြန်မာမလေးတွေဖြစ်တဲ့ Cindy နဲ့ နေခြည်တို့ ပါဝင်ပါတယ်။

မကြာခင်က ထုတ်လွှင့်လိုက်တဲ့ သူတို့ရဲ့ ပထမဆုံး Single Album  "Realize" က အခု အရမ်းကို နာမည်ကြီးနေတာ ဖြစ်ပါတယ်။ အဲဒီသီချင်းကို မြန်မာဘာသာနဲ့ရော ထိုင်းဘာသာနဲ့ပါ သီဆို ထုတ်လွှင့်ခဲ့ပါတယ်။ ကိုရီးယားသီချင်းဗီဒီယိုလေးလို ဖန်တီးထားပြီး အားလုံးက မြန်မာလို သီဆိုထားတဲ့အတွက် မြန်မာပရိသတ်ရဲ့ အားပေးမှု အပြည့်အဝ ရခဲ့တဲ့ ဗီဒီယိုဖိုင်လေးလည်း ဖြစ်ပါတယ်။ အခုဆိုရင် Realize သီချင်း ဗီဒီယိုဖိုင်ကို ကြည့်ရှုသူ ၆ သိန်းကျော်သွားပါပြီ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD