ငယ်ပါသေးတယ် ရုပ်ရှင်ဇာတ်ကားကြီးမှာ စီနီယာအနုပညာရှင်တွေနဲ့ ပါဝင်သရုပ်ဆောင်နေတဲ့ Kelvin Kate ကတော့ ဒီရုပ်ရှင် ဇာတ်ကားကြီးထဲမှာ အပုန်း ကာရိုက်တာနဲ့ သရုပ်ဆောင်ရမှာ ဖြစ်ပြီး သရုပ်ဆောင် ရတနာဗိုရဲ့ လင်လုဖက် နေရာက ပါဝင်သွားမယ်လို့ Duwun Media ကနေပြောပြခဲ့ပါတယ်။

play

 

'' ဒီဇာတ်ကားထဲမှာ ကျွန်တော်က အပုန်း၊ အခြောက်ပေါ့။ ကျွန်တော့်အစ်ကိုက နေဒွေး၊ ကျွန်တော့်အဖေက ဦးရဲအောင်၊ တစ်ဖက်မှာ ကျတော့ ဦးရန်အောင်ရဲ့ သားနှစ်ယောက်က ကိုထွန်းရယ်၊ ကိုနေနော်ရယ်။ ကျွန်တော့်ရဲ့ ကာရိုက်တာက ဒီထဲမှာ လင်လုဖက် ရတနာဗိုရဲ့ ချစ်သူက နေနော်။ နေနော့် ကို ကျွန်တော်က တစ်ဖက်သတ်ကြိုက်တာ လင်လုဖက်ပေါ့ အဲ့ဒီလို ကာရိုက်တာလေးပေါ့။ ကာရိုက်တာကတော့ ကျွန်တော့် ဗီဒီယိုတွေမှာလည်း သရုပ်ဆောင်ထားဖူးတော့ အခက်အခဲမရှိဘူး အဝတ်အစားပိုင်းတော့ ပြင်ဆင် ဖြစ်တယ်။ ကာရိုက်တာအပိုင်းတော့ သိပ်မပြင်ဆင်ဖြစ်ဘူး'' လို့ ဆိုပါတယ်။

play

 

ဇာတ်ကားထဲမှာ အသည်းကွဲပြီး Feel နေမယ့် ဇာတ်ဝင်ခန်းကို နှစ်သက်တဲ့အကြောင်း အမှတ်တရကိုလည်း ပြောပြခဲ့ပါတယ်။

 

'' ဒီဇာတ်လေးက အမှတ်တရဖြစ်နိုင်တယ်။ အဓိက ကလုပ်ကွက်လည်းအများကြီးရှိတယ်။ ဒီဇာတ်ကားထဲမှာ ကျွန်တော်က နေနော့်ကို စိတ်နာပြီးတော့ အသည်းကွဲတာပေါ့။ အသည်းကွဲရင်း ဇွတ်တွေ Feel ရင်း အိပ်လိုက်တဲ့အချိန်မှာ ဆံပင်တုကြီးက ကျွတ်ပြီး ခေါင်းက ပြန်ပေါ်လာတာ အဲ့ဒီအခန်းလေးကို ကြိုက်ပါတယ်'' လို့ Kelvin Kate ကပြောပါတယ်။

play

 

Kelvin Kate အနေနဲ့ ရုပ်ရှင်ဇာတ်ကားကြီး၊ ဗီဒီယိုဇာတ်ကားနဲ့ ဇာတ်လမ်းတွဲတွေ ရိုက်ကူးလာရတဲ့အနုပညာရှင်တစ်ယောက်ဖြစ်ပြီး နောက်ထပ်လည်း Media 7 နဲ့ ပဲ ရုပ်ရှင်ဇာတ်ကားတွေ အများကြီးဆက်ရိုက်သွားဖို့ရှိတယ်လို့ သိရပါတယ်။

Photo: Duwun, Kelvin Kate Facebook

See More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video