AD
AD
AD

အဆိုတော် Key ရဲ့ ကောင်မလေးပရိသတ်တွေကတော့ သူ့ရဲ့အချစ်ရေးကို စိတ်ဝင်တစားရှိကြမှာပါ။ Key မှာ ချစ်ရမယ့်သူရှိနေပါပြီ တဲ့ အချိန်တန်ရင်တော့ သူ့ရဲ့ ပရိသတ်တွေကို အကုန်လုံးပြောပြပါ့မယ်လို့ Duwun media ကနေဖြေဆိုခဲ့ပါတယ်။

play

 

'' ချစ်ရတဲ့သူကတော့ လူတိုင်းမှာရှိမှာပါ။ ကျွန်တော့်မှာလည်းရှိပါတယ် ဒါပေမယ့် အချိန်တန်ရင်တော့ အကုန်လုံးပြောပြပါ့မယ်။ ကျွန်တော့်ကိုတကယ်ချစ်ပြီးတော့မှ သစ္စာရှိမယ့်သူလူတိုင်းကတော့ ကောင်းတာလိုချင်ကြတာပါပဲ ဒါပေမယ့် ဘာဖြစ်လာမလဲဆိုတာ ကြိုပြောလို့မရတော့ ဘုရားအလိုကျပါပဲ'' လို့ဆိုပါတယ်။

play

 

ချစ်သူရဲ့ နားလည်ပေးမှုထက် Key ကိုယ်တိုင်ကလည်း သဝန်တိုတတ်တဲ့သူပါတဲ့။

'' ချစ်သူက အနုပညာအသိုင်းအဝိုင်းထဲကတော့မဟုတ်ပါဘူး။ ကိုယ်ကအနုပညာသမားတစ်ယောက်ဖြစ်တဲ့အတွက် သူ့ရဲ့ နားလည်ပေး မှု က စစချင်းမှာတော့ခက်ခဲမှာပါ။ ဒါပေမယ့် ကျွန်တော်ကိုယ်တိုင်ကလည်း သဝန်တိုတတ်တဲ့သူမျိုး၊ လူတိုင်းကတော့ သဝန်တိုတတ် ပါတယ် ဖော်ထုတ်တာနဲ့ မဖော်ထုတ်တာပဲကွာသွားတာပါ။ ကျွန်တော်စကားမပြောဘူးဆိုရင် သူသိပြီပေါ့'' လို့ သူကဆိုပါတယ်။

play

 

Galaxy Star သီချင်းဆိုပြိုင်ပွဲကနေ ပရိသတ်အားပေးမှု အခိုင်အမာရရှိလာတဲ့ အဆိုတော် Key ဟာ အခုဆိုရင် KEY လို့ အမည် ပေးထားတဲ့ တစ်ကိုယ်တော်အခွေကို မကြာသေးခင်က ထွက်ရှိခဲ့တာဖြစ်ပါတယ်။ ဒီအခွေထဲမှာလည်း မြန်မာသီချင်း ၄ ပုဒ်၊ အင်္ဂလိပ် သီချင်း ၄ ပုဒ်ပါဝင်ထည့်သွင်းထားတယ်လို့ သိရပါတယ်။

Photo: Key Facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD