Cele YatKwat: ပညာရေးကို အဓိကထား ချပြသွားမယ်ဆိုတဲ့ Miss Myanmar World 2017 အလှမယ် အိကျော့ခိုင်

အောက်တိုဘာလ ၂၀ ရက်နေ့မှာ သွားရောက်ယှဉ်ပြိုင်ရမှာပါ။

တရုတ်နိုင်ငံမှာ ကျင်းပပြုလုပ်မယ့် Miss World 2017 ပြိုင်ပွဲကြီးကို မြန်မာနိုင်ငံကိုယ်စားပြုအလှမယ်တစ်ယောက်အဖြစ်ပါဝင် ယှဉ် ပြိုင်မယ့် Miss Myanmar World 2017  အလှမယ် အိကျော့ခိုင်ကတော့ ပြိုင်ပွဲအတွက် ပြင်ဆင်နေမှုများ နဲ့ သူ့ရဲ့ ရင်ခုန်သံစကားကို လည်း Duwun Media ကနေတဆင့် အခုလိုပြောပြခဲ့ပါတယ်။

play

 

'' ပြိုင်ပွဲကြီးကလည်း နီးလာပြီဆိုတော့ ပိုပြီးတော့ရင်ခုန်နေပါတယ်။ နိုင်ငံပေါင်းစုံက အလှမယ်တွေနဲ့တွေ့ရမှာဆိုတော့ အိကျော့ အတွက် ဘဝမှာ အတွေ့အကြုံကောင်းတစ်ခုဖြစ်မယ်လို့လည်း ထင်ပါတယ်။ အဓိက အနေနဲ့ကတော့ Miss World မှာပြိုင်ရမယ့် အကြောင်းအရာတွေနဲ့ပတ်သက်ပြီး ပြင်ဆင်နေပါတယ်။ ပရဟိတအကြောင်းအရာလေးတွေ၊ Talent လေးတွေပါတယ်။ Sport Activity တွေပါတယ်၊ ဒီဇိုင်နာဝတ်စုံတွေအတွက် Catwarlk တွေပါတယ် အဲ့ဒီ အတွက် Trainning တွေလုပ်နေပါတယ်။'' လို့သူက ဆိုပါတယ်။

play

 

Miss World 2017 ပြိုင်ပွဲမှာလည်း မြန်မာနိုင်ငံကိုယ်စားပြုအလှမယ်တစ်ယောက်အနေနဲ့ Talent အရည်အချင်းအတွက်ကိုလည်း မြန်မာသံစဉ်နဲ့ နိုင်ငံခြားသံစဉ်ကိုပေါင်းစပ်ချပြဖို့အတွက်ကိုလည်း ကြိုးစားသင်ယူဖြစ်နေတဲ့အကြောင်းကိုလည်း အခုလိုပြောပြ ခဲ့ပါတယ်။

''Talent ကတော့ ပုလွေ တီးမှုတ်ဖို့စဉ်းစားထားပါတယ်။ အခုလည်း အိကျော့ ဆရာနဲ့သင်နေပါတယ်။ မြန်မာသံနဲ့နိုင်ငံခြားသံစဉ်ပေါင်း ပြီးတော့ ထူးထူးခြားခြားလေးဖြစ်အောင် တီးမှုတ်သွားဖို့အစီအစဉ်ရှိပါတယ်။ အကကိုလည်း ဦးရွှေရိုးနဲ့ ဒေါ်မိုး ကဖို့အတွက် ဒီဇိုင်နာ မပုံ့ က ချုပ်ပေးမှာပါ။ အက ကလည်း နှစ်ကိုယ့်တစ်စိတ်အက ဝတ်စုံလေးချုပ်ပေးထားပါတယ်'' လို့ Duwun Media ကိုဖြေကြားခဲ့ပါ တယ်။

play

 

ပရဟိတအစီအစဉ်တစ်ခုအနေနဲ့ ပညာရေးပိုင်းကို အဓိကချပြသွားဖို့ပြင်ဆင်နေတဲ့ အိကျော့ခိုင်ကတော့ သူ့ရဲ့ Project ကနေ ရရှိလာမယ့် အကျိုးတွေကို မျှော်မှန်းချက်ထားတယ်ဆိုတဲ့အကြောင်းကိုလည်း အခုလိုပြောပြခဲ့ပါသေးတယ်။

 

''ပရဟိတ Project လေးကလည်း အရင်ကတည်းက အိကျော့က Education ဘက်မှာ လုပ်နေတဲ့သူဖြစ်တဲ့အတွက် ကြောင့် ဒါက ပထမဆုံးရတဲ့အိုင်ဒီယာလေးကို Project လုပ်မယ်။ ပြီးတော့ ကလေးတွေကိုဦးစားပေး လုပ်ချင်တယ် ဘာကြောင့်လဲဆိုတော့ ကလေး တွေက သူတို့ငယ်ငယ်လေးကတည်းက စိတ်ကူးကြတယ်ပေါ့နော်။ သူတို့ကြီးလာရင်ဘာဖြစ်ချင်တယ်၊ ဘာလုပ်ချင်တယ် ပေါ့ ကိုယ် ငယ်ငယ်ကဆိုရင် အရမ်းရိုးရှင်းတယ် သူတို့ကိုလည်း ရိုးရိုးရှင်းရှင်းမဖြစ်စေချင်တဲ့အတွက်ကြောင့်မို့လို့ သူတို့ကို အိမ်မက်တွေ အကြီးကြီး မက်စေချင်တယ် ဒါကြောင့် အိကျော့အနေနဲ့ ဒီ Project လေးကိုလုပ်ဖြစ်ခဲ့တာပဒါကတော့ Education System အတွက် ကောင်းလာဖို့ကို ပိုပြီးတော့ မျှော်မှန်းပါတယ်။ ဒါက ဒီပွဲအတွက်လုပ်တာမဟုတ်ပဲနဲ့ အိကျော့ပြန်လာရင်လည်း ဆက်လုပ်သွားဖို့ အစီအစဉ်ရှိပါတယ်။'' လို့ သူကဆိုပါတယ်။

play

 

Miss Myanmar World 2017 အလှမယ် အိကျော့ခိုင်ကတော့ အောက်တိုဘာလ ၂၀ ရက်နေ့မှစပြီး တရုတ်နိုင်ငံ Sanya မြို့ Sanya City Arena မှာ ကျင်းပပြုလုပ်သွားမယ့် Miss World 2017 ပြိုင်ပွဲကြီးကို သွားရောက်ယှဉ်ပြိုင်ရတော့မှာ ဖြစ်တဲ့အတွက် ဆုတွေ တစ်ပွေ့တစ်ပိုက်ကြီးနဲ့ပြန်လာနိုင်အောင် ပရိသတ်တွေက Voting တွေ အများကြီးပေးပါလို့လည်း သူကဆိုပါတယ်။

Photo: Duwun

See More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ