Cele YatKwat: သရုပ်ဆောင်ရဲတိုက်နဲ့ Music Video ရိုက်ချင်တယ်ဆိုတဲ့ အဆိုတော်ဇွဲပြည့်

, updated

အရမ်းကြိုက်တဲ့ သီချင်းလေးတစ်ပုဒ်ပြင်ဆင်ထားတယ်။

သရုပ်ဆောင်ရဲတိုက် ထောင်က ထွက်လာလို့ အပျော်ကြီးပျော်နေတဲ့ အနုပညာရှင်တွေထဲကမှ အဆိုတော်ဇွဲပြည့်လည်း ပါဝင်ပါတယ်။ သူက တော့ ကိုရဲတိုက်နဲ့ Music Video တစ်ပုဒ်ရိုက်ချင်တဲ့ အကြောင်းကို သူ့ရဲ့ Facebook စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ ဒီအကြောင်း အရာနဲ့ ပတ်သက်ပြီး အဆိုတော် ဇွဲပြည့်က Duwun Media ကို အခုလိုပြောပြခဲ့ပါတယ်။

play

 

''ကိုဥာဏ နဲ့စကားပြောနေတယ်။ ကိုဥာဏ Live ကအင်တာဗျူးတက်လာတော့ အစ်ကိုလို့ MTV တစ်ပုဒ်လောက်ရိုက်ချင်တယ်လို့ ဒီကြားထဲမှာ Mini Album လေးလုပ်ဖို့ရှိတယ်ဆိုတော့ သူက ပြင်ဆင်ဦးမယ်။ပြီးရင် ပထမဆုံးသူ တစ်ခုခုစမ်းရိုက် မယ် လို့ပြောတယ်" ဆိုတာကို ဇွဲပြည့်က ပြောပါတယ်။

play

 

ဇွဲပြည့်ရဲ့ Mini Album ထဲမှာ သရုပ်ဆောင်ရဲတိုက်အတွက် Music Video ပြင်ဆင်ထားပုံကိုလည်း အဆိုတော်ဇွဲပြည့်က ပြောပြခဲ့ပါတယ်။ '' အစ်ကိုဆိုမယ့် သီချင်းအသစ်လေးတစ်ပုဒ်ရှိတယ် သီချင်းကိုလည်း ကိုအောင်ကိုမြင့်က ရေးထားတာ အရမ်းမိုက်တယ်။ အစ်ကိုတို့လည်း အရမ်းကြိုက်တယ်။ '' လို့ ဆိုပါတယ်။

 

play

 

အဆိုတော်ဇွဲပြည့်အနေနဲ့ အပြည်ပြည်ဆိုင်ရာအသည်းကွဲသောနေ့ ဆိုတဲ့ပထမဆုံးတစ်ကိုယ်တော်အခွေ ထွက်ရှိပြီးနောက် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိလာတဲ့ အဆိုတော်တစ်ယောက်ဖြစ်ပါတယ်။ ဒုတိယတစ်ကိုယ်တော်အခွေအနေနဲ့ ခိုလှုံရာ ဆိုတဲ့ တစ်ကိုယ်တော်အခွေ လည်း ထွက်ရှိထားတာဖြစ်ပါတယ်။ အခုပြင်ဆင်နေတဲ့ Mini Album သီချင်းအခွေကိုလည်း မွေးနေ့ အမှီမထွက်နိုင်ရင်တောင် ဒီဇင်ဘာလ အတွင်း ထွက်ရှိနိုင်အောင်ကြိုးစားသွားမယ်လို့ ဆိုပါတယ်။

Photo: ဆာတိုရီထုတ်လုပ်ရေး၊ ဇွဲပြည့်ဖေ့စ်ဘုတ်

See More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ