မြန်မာနိုင်ငံရဲ့ အောင်မြင်တဲ့ ယောက်ျားလေးအကအဖွဲ့ တစ်ခုဖြစ်တဲ့ Project -K အဖွဲ့ကတော့ မိန်းကလေးပရိသတ်အားပေးမှုများတဲ့ အဖွဲ့ ဖြစ်ပါတယ်။ Project - K အဖွဲ့ အနေနဲ့ မအောင်မြင်ခင်က ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲနဲ့ အကနဲ့ပတ်သက်လို့ ရှေ့ဆက်ဆောင်ရွက်သွားမယ့် သူတို့ရင်ထဲက ဆန္ဒကိုလည်း အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ထက်ဖုန်းနိုင်က အခုလိုပြောပြခဲ့ပါတယ်။

play

 

'' ကျွန်တော်တို့အဖွဲ့က ကိုရီးယားမှာ သွားပြိုင်တယ်။ ပြီးတော့ပြန်ရောက်တယ် ပရိသတ်တွေက အရမ်းအားပေးကြတယ်။ အဓိက အားဖြင့်တော့ မိန်းကလေးပရိသတ်တွေပိုအားပေးကြတယ်။ ကျွန်တော်တို့ ပြိုင်ပွဲ မပြိုင်ခင်က ပြိုင်ပွဲသွားပြိုင်မယ်သာပြောတာ ကျွန်တော်တို့မှာ လေယာဉ် လက်မှတ်ဖိုး ကအစ မရှိကြဘူး။ ပြိုင်ပွဲသွားပြိုင်တာက အစ ကျွန်တော်တို့မှာ အခက်အခဲမျိုးစုံရှိတယ်။ ဒါပေမယ့် ကျွန်တော်တို့တွေ အတက်နိုင်ဆုံးနဲ့ အကောင်းဆုံးဖြစ်အောင် သွားပြိုင်မယ်ဆိုပြီးတော့ ပြိုင်ခဲ့ကြတယ်'' လို့ ဆိုပါတယ်။

play

 

အခက်အခဲတွေကြားက သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ ''K Pop International Cover Dance Competition '' ပြိုင်ပွဲမှာ ဒုတိယဆု ရရှိခဲ့တဲ့ Project -K အဖွဲ့အနေနဲ့ သူတို့ရဲ့ ပညာတွေပြန်လည်မျှဝေချင်တဲ့ အကြောင်းကိုလည်း အခုလိုပြောပြခဲ့ပါတယ်။

 

'' လောလောဆယ်တော့ ကျွန်တော်တို့ကိုယ်တိုင်ကလည်း သင်ယူစရာ၊ လေ့လာစရာတွေအများကြီးရှိတယ်။ ကျွန်တော်တို့တွေ သင်ယူပြီးသွား ပြီ အားလုံး Redy ဖြစ်သွားပြီဆိုရင် နောင်လာမယ့်၊ ညီငယ်၊ ညီမတွေအတွက် ပညာတွေပြန်ပြီးတော့ ဖြန့်ဝေချင်တယ်။ ကျွန်တော်တို့တုန်းက ကောင်းကောင်းမွန်မွန်နဲ့ နည်းစနစ်တကျ မသင်ခဲ့ရဘူး You Tube တွေကနေ၊ ဟိုမေး၊ ဒီမေးကနေ တက်ခဲ့ရတာ ဆိုတော့ တကယ့် နည်းမှန် လမ်းမှန်၊ စနစ်မှန်နဲ့ ကျွန်တော်တို့ မသင်ခဲ့ရဘူး၊ အဲ့ဒီအတွက် ကျွန်တော်တို့ကိုယ်တိုင်လည်း နည်းမှန်၊ လမ်းမှန် နဲ့ သင်ယူမယ် ပြီးရင် ညီတွေ၊ ညီမတွေဆီကို ပြန်သင်ပေးချင်တဲ့ ဆန္ဒတော့ရှိတယ်''

play

 

Project- K အဖွဲ့ အနေနဲ့ မြန်မာနိုင်ငံ နဲ့ ကိုရီးယားနိုင်ငံသာမက တခြားပြည်ပနိုင်ငံတွေအထိပါ ထိုးဖောက်နိုင်ဖို့ ရည်ရွယ်ချက်ကိုလည်း ရင်ဖွင့်ပြောပြခဲ့ပါတယ်။

'' အဓိက အားဖြင့် ကျွန်တော်တို့အဖွဲ့က ပြည်တွင်းတောင်မဟုတ်ပဲနဲ့ ပြည်ပအထိ ထိုးဖောက်နိုင်အောင်လို့ နိုင်ငံခြားကုမ္မဏီတွေနဲ့ ဆက်သွယ် နေတယ်။ ကျွန်တော်တို့အဖွဲ့ရဲ့ အကပိုင်းရော၊  တခြားအရည်အချင်းအပိုင်းတွေကအစ တကယ့်အရည်အသွေးပြည့်ဝအောင်လို့၊ နိုင်ငံတကာနဲ့ယှဉ်ရင် မျက်နှာမငယ်ရအောင် ပြည်ပအထိသွားရောက်ပြီးတော့ ပညာတွေဆက်သင်ဖို့အတွက် စီစဉ်နေကြပါတယ်'' လို့  ထက်ဖုန်းနိုင်က ပြောပါတယ်။

play

 

''K Pop International Cover Dance Competition '' ပြိုင်ပွဲ ကနေ ပရိသတ်အားပေးမှုအများကြီးရရှိထားတဲ့ Project- K အဖွဲ့ ကတော့ ပြည်တွင်းပြည်ပ ဖျော်ဖြေရေးပွဲတွေ ဆောင်ရွက်နေရတယ်လို့ သိရပါတယ်။

Photo: Project-K Page

See More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video