AD
AD
AD

ပရိသတ်ချစ်တဲ့ နိုင်ငံကျော်မင်းသမီးတွေ ပါဝင်သရုပ်ဆောင်ထားတဲ့ Reflection ရုပ်ရှင်ဇာတ်ကားကြီးကို ဧပြီလထဲမှာ ရုံတင်ပြသ သွားမှာ ဖြစ်ပြီး ရုံမတင်ခင် ချစ်တဲ့ပရိသတ်တွေနဲ့ တိုက်ရိုက်စကားပြောခွင့်ရမယ့် အစီအစဉ်ကို REFLECTION Page ကနေ ကြေငြာခဲ့ပါတယ်။

play

 

'' ကဲ ...REFLECTION ချစ်ပရိသတ်ကြီးအတွက်အထူးအစီအစဉ်လေးတစ်ခု လာပါပြီ။ ချစ်ပရိသတ်ကြီး နဲ့ ရင်းရင်းနှီးနှီးစကား ပြောချင်လို့REFLECTION အဖွဲ့သားတွေ အစီအစဉ်လေးတစ်ခုလုပ်ထားပါတယ်နော်။ လာမယ့် မတ်လ ( ၂၁ ) ရက်နေ့ညနေ ( ၅း ၃ဝ ) မှာREFLECTION အဖွဲ့သားတွေက REFLECTION Film Official Page မှာLive ထုတ်လွှင့်သွားမှာဖြစ်ပါတယ်'' လို့ သိရပါတယ်။

play

 

REFLECTION ရုပ်ရှင်ဇာတ်ကားကြီးရဲ့ သရုပ်ဆောင်တွေနဲ့ Live မှာ စကားပြောရင်း မေးခွန်းလေးတွေလည်း မေးလို့ရတယ်လို့ ဆိုပါတယ်။

'' ချစ်ပရိသတ်ကြီး နဲ့ REFLECTION အဖွဲ့သားတွေရင်းရင်းနှီးနှီးစကားလေးပြောရင်း ဇာတ်ကားနဲ့သိလိုသမျှ မေးခွန်းလေးတွေကို လည်းမေးမြန်းနိုင်မှာပါ ။ ကဲ ...ဒါဆို လာမယ့် မတ်လ ( ၂၁ ) ရက်နေ့ညနေ ( ၅း ၃၀ )မှာ ဆုံကြမယ်နော်။ ဩော် ... ခုမှတွေးမိတယ် မတ်လ ( ၂၁ ) ဆိုတော့ သိပ်မလိုတော့ဘူးးပဲလာမယ့် ဗုဒ္ဓဟူးနေ့ ညနေနော် ချစ်တို့ရေLive မှာ ဘာလေးတွေ မေးကြမယ် ဘာလေး တွေပြောကြမယ်ဆိုတာ စဉ်းစားထားနော်       ။ Okhay ? ❤'' လို့ ဖိတ်ခေါ်ထားပါတယ်။

play

 

Reflection ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ သုဒ္ဒါရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်လိုက်တဲ့ ပထမဦးဆုံးရုပ်ရှင်ဇာတ်ကားကြီး ဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးကို သရုပ်ဆောင်အကယ်ဒမီလူမင်းက ဒါရိုက်တာအဖြစ်ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးမှာ အကယ်ဒမီထွန်းအိန္ဒြာဗို ၊ အကယ်ဒမီအိန္ဒြာကျော်ဇင်၊ အကယ်ဒမီ ဝတ်မှုံရွှေရည် နဲ့ ပက်ထရစ်ရှာတို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

Photo: Reflection Page

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD