AD
AD
AD

ဖက်ရှင် အလန်းစားလေးတွေနဲ့ အက်ရှင်ကောင်းကောင်းလေးတွေကိုမှ ကြိုက်နှစ်သက်ကြတဲ့ ပရိသတ်တွေအတွက် Reflection(ရောင်ပြန်) ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီး မကြာခင်ရုံတင်တော့မှာပါ။ Reflection ရုပ်ရှင်ဇာတ်ကားကြီးကို စောင့်မျှော်အားပေးနေကြတဲ့ Duwun ပရိသတ် တွေအတွက် ဇာတ်လမ်းအကျဉ်းလေးကို ဖော်ပြပေးလိုက်တယ်နော်။

play

 

'' အင်မတန်ချောမောလှပလွန်းတဲ့ မေနိုင်း၊ အရိပ်၊ မေနက္ခတ်၊ ကိုကိုးလ် ဆိုတဲ့ ကောင်မလေး ၄ ယောက်ရှိပါတယ်။ မေနိုင်းရယ်၊ အရိပ်ရယ်၊ ကိုကိုးလ်ရယ် ၃ ယောက်ကတော့ မေနက္ခတ်နဲ့ ပတ်သက်တဲ့ အရိပ်တမျှစွဲကပ်နေတဲ့ နာကျဉ်းချက်တွေ အများကြီးပါပဲ။ မေနက္ခတ်ကြောင့် သူတို့ရဲ့ အနာဂတ် ကမောက်ကမ ဖြစ်ခဲ့ရတာတွေကို နာကျဉ်းတဲ့ စိတ်နဲ့ တစ်ယောက် တစ်မျိုးစီ လက်စားချေဖို့ ဆုံးဖြတ်ချက်ချခဲ့ကြပါတယ်။ မေနိုင်းကတော့ ကာရာအိုကေ ထောင်ပြီး စီးပွားရေး လုပ်သလို၊ အရိပ်ကတော့ လောင်းကစားလုပ်ရင်း အသက်မွေးသူတစ်ယောက် ဖြစ်ပါ တယ်။ ကိုကိုးလ်ကတော့ မေနက္ခတ်ကို ကျေးဇူးရှင်တစ်ယောက်လို့ ထင်မှတ်ပြီး မေနက္ခတ်ရဲ့ ကိုယ်ရံတော် တစ်ယောက်အဖြစ်နေတာပေါ့။

play

 

မေနက္ခတ်ကတော့ တကယ်ကို ထူးဆန်းတဲ့ မိန်းမတစ်ယောက်ပါ၊ သူ့အနေနဲ့ ဘာမှမသိတာမရှိသလောက်ပါပဲ တော်ရုံလူ သူ့ကို အန္တရာယ်ပြုဖို့ဆိုတာ အရမ်းကိုခက်ခဲတယ်။ ဘေးမှာ ကိုယ်ရံတော်တွေ အများကြီးရှိသလို အိမ်မှာလည်း ကိုယ်ရံတော်တွေ အများကြီးနဲ့ ခြံထဲဝင်ဖို့ဆိုတာ အရမ်းကို ခက်ခဲပါတယ်။ ဒါပေမယ့် သူ့အနားကိုလာတဲ့ လူမှန်သမျှက ကိုကိုးလ် နဲ့ တွေ့ပြီးမှ မေနက္ခတ်နဲ့ တွေ့လို့ရမှာပါ။ မေနက္ခတ်ရဲ့ အကြောင်းကို တော်တော်များများသိထားတဲ့ မေနိုင်းက မေနက္ခတ်နဲ့ တိုက်ရိုက်တွေ့ရမယ့်နေ့ကို စောင့်မျှော်နေတာပေါ့....

play

 

မေနိုင်းလိုပဲစောင့်မျှော်နေတဲ့သူ နောက်တစ်ယောက်က အရိပ်ပေါ့။ အရိပ်ကလည်း ငယ်ငယ်လေးကတည်းကသူ့မျက်စိရှေ့မှာပဲ သူ့အဖေကို သတ်ခဲ့တာဆိုတော့ ငယ်စဉ်ကတည်းက မိဘမဲ့တစ်ယောက်ဖြစ်ခဲ့ပြီး ဘဝကို ဖြစ်သလိုရုန်းကန်ခဲ့ရတာကြောင့် မေနက္ခတ်ကို တွေ့တာနဲ့ သတ်ပစ်ချင်နေတဲ့ မိန်းကလေးတစ်ယောက်ပါ။ မထင်မှတ်ပဲ မေနိုင်းနဲ့ အရိပ်တို့ ပွဲတစ်ခုမှာ စတွေ့ခဲ့ပြီး အချင်းချင်းမိတ်ဆက်ရင်း မေနက္ခတ် အပေါ်ထားတဲ့ သူတို့ရဲ့ ရည်ရွယ်ချက်တွေက တူနေတာကြောင့် နှစ်ယောက်သားပူးပေါင်းလိုက်ကြပါတယ်။

play

 

တကယ်တော့ မေနက္ခတ်က မိန်းမအချင်းချင်းချစ်ကြိုက်နှစ်သက်သူဖြစ်တာကြောင့် မေနိုင်းနဲ့ အရိပ်တို့က မာယာတွေနဲ့ ဆွဲဆောင်ရင်း ရင်းနှီးမှုတွေရယူခဲ့တာပေါ့။ မေနိုင်းရဲ့ အရိပ်တို့ရဲ့ မရိုးသားမှုတွေကို ကိုကိုးလ်က ရိပ်မိတာကြောင့် မေနက္ခတ်အနားက ထွက်သွားကြဖို့ ခြိမ်းခြောက်တယ်။ ကိုကိုးလ်ခြိမ်းခြောက်တာကို ဂရုမစိုက်ပဲ မေနိုင်းရယ်၊ ကိုကိုးလ်ရယ်၊ အရိပ်ရယ် ပြဿနာတက်ကြတာပေါ့'' .. နာမည်ကျော် မင်းသမီး ၄ ယောက်ရဲ့ အားပြိုင်မှု၊ ဖက်ရှင်၊ အက်ရှင် ကောင်းကောင်းလေးတွေကို ကြည့်ချင်တဲ့ ပရိသတ်တွေကတော့ နှစ်ဆန်းတစ်ရက်နေ့ မှာ ရုံတင်ပြသသွားမယ့် Reflection ရုပ်ရှင်ဇာတ်ကားကြီးကို သွားရောက်အားပေးကြဖို့ တိုက်တွန်းလိုက်ပါတယ်။

play

 

Reflection (ရောင်ပြန်)ရုပ်ရှင်ဇာတ်ကားကြီးကို သုဒြာရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်တဲ့ ပထမဦးဆုံးရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ ဒါရိုက်တာအဖြစ် သရုပ်ဆောင်အကယ်ဒမီလူမင်းက ရိုက်ကူးထားတာပါ။ ဒီရုပ်ရှင်ဇာတ်ကားကြီးထဲမှာ အကယ်ဒမီ ထွန်းအိန္ဒြာဗို၊ အကယ်ဒမီအိန္ဒြာကျော်ဇင်၊ အကယ်ဒမီ ဝတ်မှုံရွှေရည် နဲ့ ပက်ထရစ်ရှာတို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ Reflection(ရောင်ပြန်)ရုပ်ရှင်ဇာတ်ကားကြီးကို ဧပြီလ ၁၇ ရက်နေ့က စပြီး ရန်ကုန်မြို့မှာရှိတဲ့ အဆင့်မြှင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသ သွားမယ်လို့ သိရပါတယ်။

Photo: Reflection

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD