AD
AD
AD

ပရိသတ်တွေရဲ့ အချစ်တော်လေး စန္ဒီမြင့်လွင်တို့ ဇနီးမောင်နှံအသစ်ဆက်ဆက်လေးတွေက ငပလီကမ်းခြေမှာ ပျော်နေပုံပဲ။ Romantic ဆန်တဲ့ ညစာစားပွဲလေးရဲ့ ပုံတွေတင်ပြီး အရမ်းပျော်ရွှင်စရာခရီးစဉ်လေးလို့ ဆိုပါတယ်။

play

 

''ချစ်စရာကောင်းတဲ့ကမ်းခြေက romantic dinner လေးအတွက်ကျေးဇူးအထူးတင်ပါတယ် ညီမလေးAyeနဲ့ amazing hotel မိသားစုတွေအားလုံး❤ ဝန်ထမ်းတွေအားလုံးကလဲဆက်ဆံရေးကောင်းအရမ်းလဲဖေါ်ရွေလို ပျော်ရွှင်စရာခရီးစဉ်လေးအတွက် ကျေးဇူးအများကြီးတင်ပါတယ်'' လို့ စန္ဒီမြင့်လွင်ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

play

 

စန္ဒီမြင့်လွင်နဲ့ ကိုသီဟလွင်တို့က မတ်လ ၄ ရက်နေ့က တော်ဝင်ဂါးဒင်းဟိုတယ်လ်မှာ လက်မှတ်ရေးထိုးပွဲကျင်းပပြုလုပ်ခဲ့ပြီး မတ်လ ၁၁ ရက်နေ့ က နိုဗိုတယ်လ်ဟိုတယ်လ်မှာ မင်္ဂလာပွဲကျင်းပပြုလုပ်ခဲ့ပါတယ်။ မင်္ဂလာညစာစားပွဲကိုတော့ မတ်လ ၁၂ ရက်နေ့ညက Lotte Hotel မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

play

 

စန္ဒီမြင့်လွင်ဟာ မင်္ဂလာပွဲပြီးနောက်ပိုင်းမှာလည်း ဖျော်ဖြေရေးပွဲတွေ ဆက်တိုက်သလို သွားနေရပြီး အားတဲ့အချိန်လေးမှာလည်း ခင်ပွန်းဖြစ်သူကို အချိန်ပေးရင်း ခရီးထွက်နေတာကိုလည်း ပရိသတ်တွေ တွေ့ရမှာပါ။

Photo: စန္ဒီမြင့်လွင်ဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD