AD
AD
AD

အဆိုတော် နီနီခင်ဇော်ရဲ့ Super Red Cosmetic ကနေ နောက်ထပ်အသစ်ထပ်မံထုတ်လုပ်လိုက်တဲ့ မျက်နှာချေလို့ အမည်ပေးထားတဲ့ Flawless Air Cushion လေးကို နိုဝင်ဘာလ ၆ ရက်နေ့ကစပြီး စတင်ဝယ်ယူလို့ရပြီဆိုတဲ့အကြောင်းကို Duwun Media ကနေ မိတ်ဆက်ပြောပြခဲ့ပါတယ်။

play

 

'' နာမည်ကတော့ မျက်နှာချေ လို့ အမည်ပေးထားပါတယ်။ ရှေးအခေါ်အဝေါ်လေးပါ။ ရှေးအခေါ်အဝေါ်ကတော့ မျက်နှာပေါ်မှာ လိမ်းခြယ်တဲ့ နံ့သာတစ်မျိုးလို့ အဓိပ္ပာယ်ရပါတယ်။ ဒါကြောင့် ဂုဏ်ယူစွာနဲ့ပဲမျက်နှာချေလေးကို နိုဝင်ဘာလ ၆ ရက်နေ့ မှာ တစ်နိုင်ငံလုံးကို စတင်ဖြန့်ချီတော့မှာဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ၁၂၈၀၀ ကျပ် ဖြစ်ပါတယ်။ Nautral Warm နဲ့ Nautral Light ဆိုပြီးတော့ ၂ မျိုးလာပါတယ် အသားဖြူတဲ့လူကတော့ Nautral Light သုံးလို့ရပါတယ်။ အသားညိုတဲ့သူကတော့ Nautral Warm သုံးလို့ရတယ်'' လို့ ဆိုပါတယ်။ 

play

 

မျက်နှာချေ လို့ အမည်ပေးထားတဲ့ သူ့ရဲ့ Cosmetic အသစ်ရဲ့ ဒီဇိုင်းလက်ရာလေးအကြောင်းကိုလည်း အခုလိုပြောပြခဲ့ပါတယ်။

 

'' သူက Air Cushion ဖြစ်တဲ့အတွက် ပေါ့ပါးတဲ့ ခံစားချက်ရမှာပါ။ ပြီးတော့ ထူးခြားမှုကတော့ နီနီတို့ရဲ့ ဒီဇိုင်းဖြစ်ပါတယ်။ Myanmar Theme နဲ့ ထုတ်လုပ်ထားတာဖြစ်တဲ့အတွက် နီနီ မြန်မာမှုကို အရမ်းမြတ်နိုးတယ်။ ပြီးတော့ ယွန်းဘူးနဲ့ထုတ်ထားတာဖြစ်တဲ့အတွက် နိုင်ငံခြားသားတွေကို လက်ဆောင်ပေးတာဖြစ်ဖြစ်၊ မြန်မာမိန်းကလေးတွေအားလုံး ဝယ်ပြီး ဆုရတာတန်အောင်လို့ ဒီလို ဒီဇိုင်းလေးနဲ့ ထုတ်တာဖြစ်ပါတယ်'' လို့ သူက ဆိုပါတယ်။

play

 

နီနီ့အနေနဲ့ မိတ်ကပ်လေးတွေ ထုတ်ဖြစ်တဲ့အခါ မြန်မာမှုဘက်ကိုသွားတာများတယ်လို့ ဆိုပါတယ်။ မြန်မာမိန်းကလေးတစ်ယောက် လည်းဖြစ်သလို မြန်မာမှုကို တန်ဖိုးထားတဲ့ အဆိုတော် နီနီခင်ဇော်ကတော့ သိပ်မကြာခင်ကာလအတွင်းမှာလည်း အလှအပကို ကြိုက်တဲ့ မြန်မာမိန်းကလေးတွေအတွက် ကိုယ့်မျက်နှာပေါ်မှာ Art တစ်ခု ဖန်တီးခွင့်ရမယ့် Cosmetic ကိုလည်း မိတ်ဆက်ပေးဖို့ရှိ တယ် လို့ သိရပါတယ်။

Photo: Duwun

See More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD