Cele YatKwat: အစ်ကိုဖြစ်သူ ရဲလေးကို အမြဲတမ်း Support လုပ်ဖြစ်တယ်ဆိုတဲ့ ဂျိုကာ

, updated

ရဲလေးသီချင်းဆိုရင် ဂျိုကာကတော့ ဝင်ယွတယ်၊ ဝင်ကတယ်။

အစ်ကိုအရင်းဖြစ်သူ အဆိုတော်ရဲလေးရဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲမှာ ညီဖြစ်သူ ဂျိုကာကတော့ ပါဖောမန့်အတူတူလုပ်ပြီး သီချင်း တွေ အတူတူဆိုသွားမယ့် အကြောင်းကို Duwun Media ကနေ ပြောပြခဲ့ပါတယ်။

play

 

'' ရဲလေးဆိုရင် ဂျိုကာကတော့ တစ်ပုဒ်၊ နှစ်ပုဒ် ဝင်ဝင်ယွတယ်။ ဝင်ကတယ်။ သူနဲ့ အတူတူဆိုထားတဲ့ သီချင်းလေးတွေလည်းပါတယ်။ သူနဲ့အတူ ကျွန်တော် တီးထားတဲ့ သီချင်းလေးတွေကိုလည်း အတူတူ ပါဖောမန့်လေးတွေ လုပ်ဖို့ရှိပါတယ်။ အဓိက က Bounce ဖြစ်တဲ့ သီချင်းလေးတွေက သူနဲ့ အတူတူဆိုဖြစ်တာများတော့ သူနဲ့ အတူတူ Featuring အနေနဲ့ ဆိုဖြစ်ပါမယ်'' လို့ ဆိုပါတယ်။

play

 

အနုပညာလောကထဲကို လက်တွဲခေါ်လာတဲ့ အစ်ကိုဖြစ်သူရဲ့ ဖျော်ဖြေပွဲအတွက် ဂျိုကာ ပါဝင်ကူညီဖြစ်တဲ့အပိုင်းတွေကိုလည်း အခုလိုပြောပြခဲ့ပါတယ်။

'' ရှိုးပွဲမလုပ်ဖြစ်တာကလည်း ကြာပြီ အခုပြန်လုပ်ဖြစ်တယ်ဆိုတော့ အောက်ခြေသိမ်းကရော၊ ဟိုးအပေါ်အလုပ်တွေရော အတူတူ လုပ်ရတာရှိတယ်။ ခွဲလုပ်ရတာရှိတယ်။ အဓိက ကတော့ လာကြည့်တဲ့ ပရိသတ်ကြီး တန်သွားအောင် အပြင်အဆင်တွေနဲ့ ပါဖောမန့် တွေကို အားကောင်းကောင်းနဲ့ ပြင်ဆင်ထားပါတယ်။ ကျွန်တော့်ကို ဒီအနုပညာလောကထဲကို လက်တွဲခေါ်လာတဲ့ အစ်ကို လည်း ဖြစ်တယ်။ သူ့အတွက်က အမြဲတမ်း Support လုပ်ပေးနေကြဆိုတော့ ဒီပွဲကြီးဖြစ်မြောက်လာ ဖို့ရော ဒီပွဲကြီး မစခင်ကရော၊ စပြီး နောက်ပိုင်းရော၊ ကျွန်တော်တို့ ထပ်လုပ်မယ့် အရာတွေကိုရော ညီအစ်ကို နှစ်ယောက်က ဘယ်လိုပဲ ဖြစ်ဖြစ် တွဲလုပ်နေဦးမှာပဲ'' လို့ ဆိုပါတယ်။

play

 

ဂျိုကာ ကတော့ အဆိုတော်တစ်ယောက်လည်းဖြစ်သလို၊ လူမှုကွန်ယက်ပေါ်က ပရိသတ်တွေပျော်ရွှင်စေဖို့လည်း ဟာသဗီဒီယိုလေး တွေ တင်ဆက်ပေးလေ့ရှိတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ သရုပ်ဆောင်လက်မှာဆိုရင်လည်း အစ်ကိုဖြစ်တဲ့ရဲလေး နဲ့ အတူ ရွှေမိုးငွေမိုးသွန်းဖြိုးလို့ရွာဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲမှာလည်း ပါဝင်ထားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရုံတင်သွားဖို့ရှိတယ်လို့ သိရပါတယ်။

Photo: Duwun , ဂျိုကာဖေ့စ်ဘွတ်

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ