AD
AD
AD
play

 

ည ရုပ်ရှင်ဇာတ်ကားထဲက မင်းသားလေး ချမ်းမင်းရဲထွဋ်ရဲ့ ပရိသတ်တွေက ဒီနေ့ (မေလ ၁၈)ရက်နေ့မှာ စံရိပ်ငြိမ် ဂမုန်းပွင့်မှာရှိတဲ့ LED ပေါ်မှာ မွေးနေ့ အကြို Birthday Wish ပေးခဲ့တယ်လို့ သိရပါတယ်။ ပရိသတ်တွေရဲ့ Surprise လုပ်တာခံလိုက်ရတဲ့ ချမ်းမင်ရဲထွဋ် အရမ်းကို ပျော်နေတယ်လို့ Duwun Media ကနေပြောပြခဲ့ပါတယ်။

'' ကျွန်တော့်ကို သူတို့ ဒီနေ့ စံရိပ်ငြိမ်ဂမုန်းပွင့်ကို ခေါ်တယ်ပေါ့နော်။ ကျွန်တော်က ဒီအတိုင်းပဲ အကုန်လုံးစုပြီးတော့ မုန့်စားဖို့ခေါ်တယ် ထင်တာ။ ဒါပေမယ့် မဟုတ်ဘူး LED ပေါ်မှာ ကျွန်တော့်ရဲ့ ပုံတွေနဲ့ Birthday Wish လုပ်ထားပေးတယ်။ သူတို့ကပြောသေးတယ်။ ဖြစ်နိုင်ရင် ရန်ကုန်တစ်မြို့လုံးက Shopping Center တွေမှာ လုပ်ပေးချင်တာတဲ့ ဒါကိုလည်း ရန်ကုန်နဲ့ မန္တလေးက ပရိသတ်တွေ ပေါင်းလုပ်ပေးထား တာပေါ့နော်။ ကျွန်တော်အရမ်းပျော်နေပါတယ်'' လို့ ဆိုပါတယ်။

play

 

မေလ ၂၀ ရက်နေ့မှာ ကျရောက်မယ့် ချမ်းမင်းရဲထွဋ်ရဲ့ မွေးနေ့ကို အရင်က ရွှေတိဂုံဘုရား အနောက်ဘက်စောင်းတန်းမှာ လူအယောက် ၁၀၀၀ စာ အလှူလုပ်ဖို့စီစဉ်ထားပေမဲ့  ကြော်ငြာရိုက်ဖို့အတွက် မန္တလေးသွားမှာဖြစ်လို့ အစီအစဉ်ပျက်သွားတယ်လို့လည်း ဆိုပါတယ်။ ဒါကြောင့် မန္တလေးမှာ အလှူတစ်ခုလုပ်ဖို့ စီစဉ်ထားပါတယ်တဲ့။

'' အစကတော့ ကျွန်တော့်မွေးနေ့မှာ ရွှေတိဂုံဘုရားအနောက်ဘက်စောင်းတန်းမှာ လူအယောက် ၁၀၀၀ စာကို ရွှေရင်အေးဖြစ်ဖြစ်၊ မုန့်လက် ဆောင်းဖြစ်ဖြစ်ကျွေးမယ်လို့ ပြင်ထားပေမယ့် ၂၀ ရက်နေ့ကို မန္တလေးကို ကြော်ငြာရိုက်ဖို့ သွားရမယ်။ မွေးနေ့ကို ဒီမှာမလုပ်ဖြစ်တော့ဘူး။ မန္တလေးက ပြန်လာပြီးမှပဲ လုပ်တော့မယ်။ မန္တလေးမှာလည်း တစ်ခုခုလှူဖို့ စဉ်းစားထားတယ်။ မန္တလေးက Fan တွေကလည်း သူတို့လည်း တွေ့ချင်တယ်ဆိုတာနဲ့ မန္တလေးဆေးရုံကြီးမှာ နေ့လည်စာကျွေးဖို့ စီစဉ်ထားတယ်'' လို့ သူကဆိုပါတယ်။

play

 

ပရိသတ်တွေနဲ့ ချမ်းမင်းရဲထွဋ်တို့ ကြားက ဆက်ဆံရေးကတော့ ချမ်းမင်း ဘယ်သွားသွား သူ့ရဲ့ ပရိသတ်တွေအမြဲရောက်လာတတ်ကြတယ်လို့ ဆိုပါတယ်။

'' ညရုပ်ရှင်ဇာတ်ကားပြီးတဲ့ အချိန်မှာ We Love ဆိုတဲ့ Page က စထွက်လာတယ်၊ အဲ့ဒါပြီးတော့ Public ဧရိယာမှာ လုပ်တဲ့ ပွဲတွေဆိုရင် ကျွန်တော်သွားမယ်လို့ ကြေညာထားရင် သူတို့အုပ်စုတွေက ရောက်ရောက်လာတယ်။ Public ဧရိယာမှာ လုပ်တဲ့ ပွဲတွေမှာ ကျွန်တော်ရှိတယ် ဆိုရင် သူတို့လာကြတယ်။ အခုလည်း ကျွန်တော့်မွေးနေ့ဆိုတာသိတော့ သူတို့ စီစဉ်ထားတာတွေ အများကြီးပဲ လက်ဆောင်ပေးတာတွေလည်း အများကြီးပဲ'' လို့ ချမ်းမင်းရဲထွဋ်က Duwun Media ကနေ ပြောပြခဲ့ပါတယ်။

play

 

သရုပ်ဆောင် ချမ်းမင်းရဲထွဋ်ကို ည ရုပ်ရှင်ဇာတ်ကားကြီး ရုံတင်တဲ့ အချိန်ကစပြီး ပရိသတ်တွေ အားပေးခဲ့ကြတာပါ။ ဖော်ဖော်ရွေရွေရှိလှတဲ့ ချမ်းမင်းကို သူ့ရဲ့ ပရိသတ်တွေက အရမ်းချစ်ကြပါတယ်။ ချမ်းမင်းရဲထွဋ်ရဲ့ အနုပညာလှုပ်ရှားမှုတွေအနေနဲ့ တီဗီကြော်ငြာတွေလည်း ရိုက်ကူးနေရသလို မဂ္ဂဇင်းမျက်နှာဖုံးတွေရဲ့ Cover Star တစ်ယောက်အဖြစ် ဆောင်ရွက်နေရတယ်လို့ သိရပါတယ်။

Photo: ချမ်းမင်းရဲထွဋ်ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD