AD
AD
AD

မော်ဒယ်လ်လောကမှာ အောင်မြင်သူတစ်ယောက်အဖြစ်ရော၊ မော်ဒယ်လ်လောကမှာ တက်သစ်စ အနုပညာရှင်လေးတွေကအစ အားကျအတုယူရတဲ့ အောန်ဆိုင်းကတော့ အလုပ်နဲ့ပတ်သက်လို့ ကြိုးစားနေတဲ့သူတိုင်းကို အမြဲတမ်းကြိုဆိုတယ် ဆိုတဲ့အကြောင်းကို Duwun Media ကနေပြောပြခဲ့ပါတယ်။

play

 

'' အောန်ဆိုင်းကတော့ အဆင်သင့်ပါပဲ။ ကိုယ်သိသလောက်ကို ပြန် Share ပေးချင်တယ်၊ သူတို့ကိုလည်းပြောပြချင်တယ်။ သူတို့ အိမ်မက်ကို သူတို့သွားတဲ့အချိန်မှာ သူတို့လည်း အကယ်၍ကိုယ့်ကိုလာမေးတဲ့အချိန်မျိုးတွေ၊ အကူညီလာတောင်းတဲ့ အရာမျိုး တွေ ဆိုရင် အောန်ဆိုင်းကတော့ Welcome ပေါ့နော်။ ကိုယ်ကြုံခဲ့ဖူးတဲ့ အတွေ့အကြုံလေးတွေကို ပြောပြချင်တယ်'' လို့ သူကဆိုပါတယ်။

play

 

သူ့ကို အားပေးတဲ့ ပရိသတ်တွေကိုလည်း အမှတ်တရကျေးဇူးတင်စကားတွေပြောပြခဲ့ပါသေးတယ်။

'' ပရိသတ်တွေကိုပြောနေကြအတိုင်း ရင်ထဲကနေကို တကယ်ကျေးဇူးတင်တယ်။ အောန်ဆိုင်းက အများကြီးလုပ်နေတာ မဟုတ်ဘူး၊ ဇာတ်ကားတွေရိုက်နေတာမဟုတ်ဘူး၊ သီချင်းတွေဆိုနေတာမဟုတ်ဘူး။ ဒါပေမယ့် အောန်ဆိုင်းလုပ်တဲ့ အရာတစ်ခုစီတိုင်းကို နားလည်ပေးတဲ့၊ အကောင်းမြင်ပေးတဲ့ ပရိသတ်တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်'' လို့ အောန်ဆိုင်းက ပြောပါတယ်။

play

 

Professional Model တစ်ယောက်အဖြစ် ရပ်တည်နေတဲ့ အောန်ဆိုင်းကတော့ လက်တလောမှာ မဂ္ဂဇင်းကာဗာတွေ၊ ကြော်ငြာတွေ ရိုက်ဖို့ရှိတယ်လို့ သိရပါတယ်။ ဒီလ ထဲမှာပဲ ရှိုးပွဲ ၃ ပွဲ လက်ခံလျှောက်ပေးဖို့လည်း ရှိတယ်လို့ သူကဆိုပါတယ်။

Photo: အောန်ဆိုင်းဖေ့စ်ဘွတ်

Seemore

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD