AD
AD
AD

Media 7 က ထုတ်လုပ်ပြီး ဒါရိုက်တာသားညီ ရိုက်ကူးပုံဖော်သွားမယ့် လိပ်ပြာခေါင်မိုး ရုပ်သံဇာတ်လမ်းတွဲနဲ့ မိုးတိမ်ကမ်းခြေ အဝေးက လှေ ရုပ်သံဇာတ်လမ်းတွဲ ကန်တော့ပွဲ ကို အောက်တိုဘာလ ၂၇ ရက်နေ့ မနက်ပိုင်းက M3 Food Center မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

play

 

ဒီဇာတ်လမ်းတွဲတွေထဲမှာ ပါဝင်သရုပ်ဆောင်ကြမယ့် သရုပ်ဆောင်တွေကလည်း သူတို့ ဘယ်ဇာတ်လမ်းတွဲမှာ ဘယ်လို ကာရိုက်တာ မျိုး နဲ့ ပါဝင်သွားမလဲ ဆိုတာကို Duwun Media ကနေ တဆင့်အခုလိုပြောပြခဲ့ပါတယ်။

ရတနာဖြူဖြူအောင်

________________

ညီမကတော့ လိပ်ပြာခေါင်မိုးဆိုတဲ့ရုပ်သံဇာတ်လမ်းတွဲထဲမှာ ပါတာပါ။ ကာရိုက်တာလေးကတော့ ဆရာဝန်မလေး ကာရိုက်တာပေါ့နော်။ အိနြေကြီးတယ် အချစ်မှာဆိုရင် ပေးဆပ်တတ်တယ် ဆိုတဲ့ ကာရိုက်တာမျိုးလေးပေါ့။

play

 

တိုင်ရွန်

__________

ကျွန်တော်အခု ရိုက်ကူးမှာကတော့ လိပ်ပြာခေါင်မိုး ဆိုတဲ့ဇာတ်ကားမှာ လမ်းဘေးက စရိုက်လူငယ်၊ ရန်ဖြစ်ဆိုးသွမ်း ထုံးစံအတိုင်းပေါ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ကာရိုက်တာနဲ့ပတ်သက်လို့ လမ်းဘေးက ပုံစံအတိုင်း အဝတ်အစားတွေရော၊ စကားပြောတာတွေရော လေ့လာနေပါတယ်။

play

 

အောင်လေး

_______________

အခုပါဝင်မယ့်ဇာတ်ကားကတော့ မိုးတိမ်ကမ်းခြေ အဝေးကလှေ ရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်သွားမှာပါ။ အဲ့ဒီဇာတ်ကား ထဲမှာတော့ လူငယ်ပုံစံ ပေါ့ပေါ့ပါးပါးပဲဆိုတော့ ထွေထွေထူးထူးတော့မရှိပါဘူး။ ဇာတ်ကားရိုက်တဲ့အခါကျရင်တော့ အပီပြင်ဆုံးနဲ့ အကောင်းဆုံးကြိုးစားမှာပါ။

play

 

လင်းအောင်ခေတ်

___________________

အခုကတော့ Media 7 ကလုပ်တဲ့ လိပ်ပြာခေါင်မိုး ဆိုတဲ့ Mini Series လေးမှာပါဝင်သရုပ်ဆောင်သွားမှာပါ။ ကျွန်တော် ပါဝင် သရုပ်ဆောင် မယ့် ကာရိုက်တာလေးက သူဌေးသား ပေါ့ပေါ့ပါးပါးပေါ့ ဒါပေမယ့် ရည်းစားများတယ်။

play

 

ဖြိုးဇော်လင်း

_____________

ကျွန်တော်ကတော့ မိုးတိမ်ကမ်းခြေ အဝေးကလှေ ရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်သွားမှာပါ။ ကျွန်တော် Media 7 နဲ့ ချမ်း(မ်) ဆိုတဲ့ ဇာတ်လမ်းတွဲကိုလည်း ရိုက်ခဲ့တယ်။ အခု ဒီဇာတ်လမ်းတွဲလေးကိုလည်း ဆက်ရိုက်မယ်။ နောက်ထပ် ဗီဒီယိုဇာတ်ကား တွေလည်း ရိုက်ထားတာရှိပါတယ်။

play

 

ယမင်းမေဦး

____________

မိုးတမ်ကမ်းခြေ အဝေးကလှေ ဇာတ်လမ်းတွဲမှာပါဝင်သွားမှာပါ။ ဒီဇာတ်ကားထဲမှာ ညီမက ပန်းနာရင်ကျပ်ဖြစ်နေတဲ့ ရောဂါသည်မ လေးပေါ့နော် သူနဲ့အတူနေတဲ့ သူငယ်ချင်းကို အရမ်းသံယောဇဉ်ကြီးတဲ့ သူတစ်ယောက်အနေနဲ့ပါ။

play

 

သီရိကျော်

___________

ညီမအခု သရုပ်ဆောင်ရမယ့် ဇာတ်ကားကတော့ လိပ်ပြာခေါင်မိုးဖြစ်ပါတယ်။ အဲ့ဒီဇာတ်ကားထဲမှာ ညီမက လွန်းငယ် ဆိုတဲ့ သာမန်လက်လုပ်လက်စားကောင်မလေးတစ်ယောက်နေရာက ပါဝင်သရုပ်ဆောင်သွားမှာပါ။

play

 

လိပ်ပြာခေါင်မိုး ရုပ်သံဇာတ်လမ်းတွဲနဲ့ မိုးတိမ်ကမ်းခြေ အဝေးကလှေ ရုပ်သံဇာတ်လမ်းတွဲတွေကို တော့ Media 7 က စီစဉ်ထုတ်လုပ် ပြီး ဒါရိုက်တာ သားညီက နိုဝင်ဘာလ အတွင်းမှာပဲ စတင်ရိုက်ကူးသွားမယ်လို့ သိရပါတယ်။ လိပ်ပြာခေါင်မိုး ရုပ်သံဇာတ်လမ်းတွဲ မှာ တော့ တိုင်ရွန်၊ လင်းအောင်ခေတ်၊ ရတနာဖြူဖြူအောင် နဲ့ သီရိကျော်တို့က ပါဝင် သရုပ်ဆောင်သွားမှာဖြစ်ပြီး မိုးတိမ်ကမ်းခြေ အဝေးလှေ ရုပ်သံဇာတ်လမ်းတွဲမှာတော့ အောင်လေး၊ ဖြိုးဇော်လင်း၊ ယမင်းမေဦး၊ Bella တို့က ပါဝင်သရုပ်ဆောင်သွားကြမယ်လို့ သိရပါတယ်။

Photo: Duwun

See More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD