AD
AD
AD

သရုပ်ဆောင်အောင်လေးကတော့ အနုပညာအလုပ်တွေသာမလုပ်ဖြစ်ရင် ဘောလုံးသမားတစ်ယောက်ဖြစ်မယ်လို့ Duwun Media ကို ပြောပြခဲ့ပါတယ်။ ဘောလုံးအားကစားနဲ့ပတ်သက်တဲ့ အမှတ်တရအကြောင်းလေးတွေကိုလည်း အခုလိုပြောပြခဲ့ပါသေးယ်။

play

 

'' ကျွန်တော်ငယ်ငယ်ကတည်းက ဘောလုံးအရမ်းကန်တယ်။ ဘောလုံးအရမ်းကန်တဲ့အတွက်လည်း ကျောင်းတွေ၊ ဘာတွေထုတ်ခံရ ဖူးတယ် ကျောင်းပြေးပြီးတော့ သွားကန်တာပေါ့ အဲ့ဒီလောက်အထိ ဝါသနာပါတယ်။ ကြီးလာတော့လည်း သူငယ်ချင်းတွေနဲ့အတူ Model FC ဆိုပြီးထောင်ထားတာ ရှိတယ်။ အဲ့ဒီမှာလည်း တစ်ခါတစ်လေ အားတဲ့အခါ သွားကန်ဖြစ်တာများတယ်'' လို့ ဆိုပါတယ်။

play

 

ကျောင်းတက်တုန်းက အောင်လေးကိုတွေ့ချင်ရင် စာသင်ခန်းမှာထက် ဘောလုံးကွင်းမှာရှာရင် တွေ့နိုင်တယ်ဆိုတဲ့ အမှတ်တရတွေကို လည်း အခုလိုပြောပြခဲ့ပါတယ်။

 

'' ငယ်ငယ်တုန်းကဆိုရင် ကျောင်းခဏခဏပြေးပြီးတော့ ဘောလုံးသွားကန်တတ်တာကြောင့် ကျောင်းကိုအမေလိုက်တယ်၊ ကျောင်းမှာ မတွေ့တဲ့အခါကျတော့ ဘောလုံးကစားတဲ့နေရာကိုလိုက်လာတယ်။ အခုကျွန်တော် သရုပ်ဆောင်သာ မဟုတ်ခဲ့ရင် ဘောလုံးသမားဖြစ်နေမှာပါ။ ဘောလုံးကွင်းထဲရောက်မှ ဘောလုံးကန်ပြီးတော့ ထိုင်နေရတာ ကိစ္စမရှိဘူး သူငယ်ချင်းတွေနဲ့ တွေ့နေ ရ ရင်ပျော်နေတော့ ဘောလုံးကန်တဲ့အခါမှာ ဘောလုံးလည်း ကန်ရတယ်။ သူငယ်ချင်းတွေ နဲ့လည်းတွေ့ရတယ် စိတ်ကိုလည်း ပျော်ရွှင်စေတယ်'' လို့ အောင်လေးက ပြောပါတယ်။

play

 

အားကစားကို ဝါသနာပါတဲ့ အောင်လေးရဲ့ ပရိသတ်တွေကိုလည်း ဘောလုံးအားကစားမှ မဟုတ်ဘူး၊ တခြားအားကစားတွေ ဝါသနာ ပါရင်လည်း အကောင်းဆုံးကြိုးစားကြဖို့ သူကပြောပါတယ်။ အနုပညာလှုပ်ရှားမှုအနေနဲ့ ဒါရိုက်တာသားညီ ရိုက်ကူးမယ့် မိုးတိမ် ကမ်းခြေ အဝေးကလှေ ရုပ်သံဇာတ်လမ်းတွဲမှာလည်း ပါဝင်သရုပ်ဆောင်သွားဖို့ရှိတယ်လို့ သိရပါတယ်။

Photo: အောင်လေးဖေ့စ်ဘွတ်, Duwun

Seemore

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD