AD
AD
AD

Miss Grand International 2017 ပြိုင်ပွဲကြီးနဲ့ ပတ်သက်လို့ ရွှေအိမ်စည်ကတော့ သူ့ရဲ့ Fan တွေ ခံစားချက်ကို နားလည်သလို သူလည်း အလားတူခံစားနေရတာဖြစ်ပေမယ့် သွားရောက်ယှဉ်ပြိုင်တဲ့ အလှမယ်ကိုလည်း အပြင်ပန်းအရ ကြိုက်တယ်လို့ Duwun Media ကိုပြောပြခဲ့ပါတယ်။

play

 

'' အိမ်စည့်ဘက်ကတော့ ကိုယ့်ဘာသာကိုယ် အကောင်းဆုံးဖြစ်အောင် လုပ်စရာရှိတာလုပ်နေတယ်။ သွားပြိုင်ရတယ့် အပိုင်းကလည်း သူ့ဘာသာသူသွားပြိုင်တယ် Fan အချင်းချင်းကတော့ မကျေနပ်မှုတွေရှိမှာပဲ ဒါကတော့ အိမ်စည့်ဘက်က Fan ပေါ့နော်။ အိမ်စည့် ဘက်က Fan တွေရဲ့ ခံစားချက်ကို နားလည်တယ်။ ဘာဖြစ်လို့လည်း ဆိုတော့ သူတို့ခံစားရသလို အိမ်စည်လည်း ခံစားနေရတာပဲ။ ဒါပေမယ့် အဲ့ဒါကြီးကိုတော့ အိမ်စည့်ခေါင်းထဲမှာ အရမ်းနှစ်ထားလို့မရဘူး။ ကိုယ်ပဲခံစားရမှာဆိုတော့ ဘာပဲပြောပြော ဖြစ်လာတာ တွေ အကုန်လုံးက အကောင်းအတွက်ပဲ ဖြစ်သွားတာလို့ သတ်မှတ်ပြီးတော့ ကိုယ်လုပ်စရာရှိတာ ဆက်လုပ်နေပါတယ်'' လို့ သူက ဆိုပါတယ်။

play

 

Miss Grand International 2017 ပြိုင်ပွဲကာလအတွက် အလှမယ်အပြောင်းအလဲတွေဖြစ်ခဲ့တာကြောင့် သွားရောက်ယှဉ်ပြိုင်ခွင့်ရခဲ့တဲ့ အလှမယ် အေးချမ်းမိုးအပေါ် ရွှေအိမ်စည့်ရဲ့ သဘောထားကို အခုလိုပြောပြခဲ့ပါတယ်။

 

'' ဆက်ဆံရေးအရက ညီမက ရှင်းရှင်းပြောရရင် သူ့ကိုလည်း ကြိုက်ပါတယ်။ ကြိုက်ပါတယ်ဆိုတာကလည်း ဒီလိုမျိုးကိစ္စတွေမှာ မပါပဲနဲ့ လူတစ်ယောက်အနေနဲ့ ကြည့်မယ်ဆိုရင်တော့ကြိုက်တယ်။ အိမ်စည်က စိတ်မဆိုးတတ်ဘူး၊ ဒါဟာ အားလုံးက ကိုယ်လုပ်တာ နဲ့ကိုယ် တန်အောင် ကြိုးစားလုပ်ရင် ကြိုးစားသလောက်ရမယ်။ မကောင်းတာလုပ်ရင် မကောင်းတာရမယ်ပေါ့နော်။ ဒါပေမယ့် ဒီကိစ္စ ကြီးကျတော့ ပြောရမယ်ဆိုရင် သူ့ကိုလည်း အပြစ်မတင်ချင်ဘူး ဘာဖြစ်လို့လည်းဆိုတော့ ငါသာ အဲ့ဒီနေရာမှာဆိုရင်ရောဆိုတဲ့ စိတ် လေးထားပြီးတော့ သူတောင် သွားပြိုင်နေရတဲ့အချိန်မှာ အပြောအဆိုခံပြီးတော့ ပြိုင်ရတယ်ပေါ့နော်။ '' လို့ Duwun Media ကို ဖြေဆိုခဲ့ပါတယ်။

play

 

ရွှေအိမ်စည်ကတော့ အခုလက်ရှိမှာ ကြော်ငြာတွေ လက်ခံရိုက်ကူးနေရတယ်လို့ သိရပါတယ်။ နောက်ထပ်အလှမယ်ပြိုင်ပွဲတွေကို လည်း ဝင်ရောက်ယှဉ်ပြိုင်ဖို့ အစီအစဉ်မရှိတော့ဘူးလို့ သူက ဆိုပါတယ်။  ရခိုင်အရေးနဲ့ပတ်သက်ပြီးတော့လည်း အလှူအတန်းတွေ လုပ်သွားမယ်လို့ သိရပါတယ်။

Photo: SHANE , ရွှေအိမ်စည်ဖေ့စ်ဘွတ်

See More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD