AD
AD
AD

Model လောက ကနေ သရုပ်ဆောင်လောကထဲကို ဝင်လာခဲ့တဲ့ လင်းအောင်ခေတ် ကတော့ အခုလက်ရှိမှာ ဗီဒီယိုဇာတ်ကားတွေ၊ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်လာရတာကို တွေ့ရပါတယ်။ Model အလုပ်နဲ့ သရုပ်ဆောင်အလုပ် ဘယ်လိုတွေ ကွာခြားမှုရှိသလဲ ဆိုတဲ့ သူ့ရဲ့ အမြင်ကိုလည်း Duwun media ကနေ အခုလိုပြောပြခဲ့ပါတယ်။

play

 

'' Model မှာဆိုရင်တော့ အမြဲတမ်း Smart ကျကျလမ်းလျှောက်၊ သပ်သပ်ရပ်ရပ်နေရတာပေါ့နော်။ သရုပ်ဆောင်အပိုင်းကျတော့ လည်း စကားအပြောအဆို အဖြတ်အတောက် အိုက်တင်၊ စကားပြောတာနဲ့ အိုက်တင်နဲ့ တစ်ထပ်တည်းကျအောင်တွေ ပြီးတော့ အဝတ်အစား အများကြီးပဲပေါ့နော်၊ ပြင်ဆင်ရတာတွေ များပါတယ်။ အများကြီးတော့ကွာတယ်'' လို့ ဆိုပါတယ်။

play

 

သရုပ်ဆောင်ဘက်မှာလည်း ကြိုးစားနေတဲ့ လင်းအောင်ခေတ်ကတော့ ရိုက်ကွင်းပေါ်က အမှတ်တရအကြောင်းလေးတွေကိုလည်း Duwun ပရိသတ်တွေအတွက် ပြောပြခဲ့ပါသေးတယ်။

'' Bad Boys 2 ဆိုတဲ့ရုပ်ရှင်ဇာတ်ကားထဲမှာဆိုရင် အခြောက်ပုံစံလုပ်ရတယ်။ အခြောက်လိုမျိုးလုပ်ရတော့ ကိုယ်ကလည်း ဗလကြီးက အကြီးကြီးပဲဆိုတော့ အခြောက်လုပ်ရတဲ့အခန်းတွေမှာ တောင့်တောင့်ကြီးတွေဖြစ်နေတဲ့ အခန်းရှိတယ်။ အဲ့ဒါတော့ အမှတ်တရပါပဲ။ အဲ့ဒီဇာတ်ကားအတွက် မိန်းကလေးအဝတ်အစားတွေကိုတော့ ကျွန်တော့် သူငယ်ချင်း မော်ဒယ်လ် သန္တာဗို ဆီက ငှားလိုက်တယ်။ သူက လူကောင်လည်းကြီးတော့ ယောက်ျားလေး ဝတ်ရတာ အဆင်ပြေတယ်'' လို့ သူက ဆိုပါတယ်။

play

 

လင်းအောင်ခေတ်ကတော့ အနုပညာလှုပ်ရှားမှုအနေနဲ့ Media 7 ကလုပ်တဲ့ လိပ်ပြာခေါင်မိုး ဆိုတဲ့ Mini Series လေးမှာ ပါဝင် သရုပ်ဆောင် သွားမယ်လို့ သိရပါတယ်။ ရည်းစားများတဲ့ သူဌေးသားတစ်ယောက်ပုံစံ ကာရိုက်တာနဲ့ သရုပ်ဆောင်ရမယ်လို့ သိရပါတယ်။

Photo: Duwun, လင်းအောင်ခေတ် ဖေ့စ်ဘွတ်

See More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD