AD
AD
AD

Myanmar Media 7 က ထုတ်လုပ်ပြီး ဒါရိုက်တာ သားညီရိုက်ကူးဖန်တီးမယ့် လိပ်ပြခေါင်မိုး ရုပ်သံဇာတ်လမ်းတွဲမှာ ပထမဆုံးအနေနဲ့ ပါဝင်သရုပ်ဆောင်သွားမယ့် သီရိကျော် ကတော့ ဒီဇာတ်လမ်းတွဲနဲ့ ပတ်သက်ပြီး သူဘယ်လို ကြိုးစားသွားမလဲဆိုတာကို Duwun Media ကနေပြောပြခဲ့ပါတယ်။

play

 

'' လိပ်ပြာခေါင်မိုး ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲမှာ လွန်းငယ်ဆိုတဲ့ ကောင်မလေးပေါ့နော် သာမန် လက်လုပ် လက်စားကောင်မလေးတစ်ယောက်နေရာက သရုပ်ဆောင်ရမှာပါ။ ဒီဇာတ်ကားအတွက်တော့ ဇာတ်ညွှန်းကို သေချာဖတ်ဖြစ်တယ်၊ ပြင်ဆင်စရာရှိတာတွေလည်း အများကြီးပြင်ဆင်ထားပါတယ်။ ပထမဆုံး ရိုက်ရတဲ့ ဇာတ်ကားဖြစ်တဲ့အတွက် အခက်အခဲတွေ အများကြီး ဖြစ်မယ်လို့လည်း ထင်ပါတယ် ဒီအတွက် ညီမ အကောင်းဆုံးကြိုးစားသွားမှာပါ'' လို့ သူကဆိုပါတယ်။

play

 

လိပ်ပြာခေါင်မိုး ဇာတ်လမ်းတွဲထဲမှာလည်း စီနီယာသရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ရတနာဖြူဖြူအောင်နဲ့ တွဲဖက်သရုပ်ဆောင် ရမှာဖြစ်တဲ့ အတွက် သင်ကြားပေးမှုအပိုင်းတွေကိုလည်း အခုလိုပြောပြခဲ့ပါသေးတယ်။

 

'' အခုဆိုရင် မရတနာဖြူဖြူအောင်ပေါ့နော် သူဆိုရင် နာမည်ကြီးပြီးသား သရုပ်ဆောင်တစ်ဦးဖြစ်တယ်။ ညီမကိုလည်း အသစ် တစ်ယောက်ဖြစ်တဲ့ အတွက် အစ်မက အများကြီး ကူညီဖေးမပေးတယ်။ အစ်မက လက်တွဲပြီးတော့ ကူညီပေးပါတယ်။ စိတ်ပိုင်းဆိုင်ရာ နဲ့ ပတ်သက်ပြီးတော့ အများကြီး ပြင်ဆင်ထားတယ်၊ အကောင်းဆုံးကြိုးစားဖို့၊ စိတ်ဓာတ်မကျဖို့ ပြင်ဆင်ထားတယ်၊ ကိုသားညီကလည်း သင်ပေးမှာဖြစ်ပါတယ်။အဲ့ဒီအတွက်လည်း အကောင်းဆုံး လုပ်နိုင်မယ်လို့ထင်ပါတယ်'' လို့  သီရိကျော်က ပြောပါတယ်။

play

 

သီရိကျော်အနေနဲ့ Model လောက ကနေ သရုပ်ဆောင်ဘက်ကို ကူးပြောင်းလာတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး လိပ်ပြာခေါင်မိုး ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲမှာလည်း ပထမဆုံးအကြိမ်အနေနဲ့ ပါဝင် သရုပ်ဆောင်သွားမှာဖြစ်လို့ ပရိသတ်တွေက အားပေးစေချင် တယ် လို့ Duwun Media ကနေတဆင့်ဖြေဆိုခဲ့ပါတယ်။

Photo: သီရိကျော်ဖေ့စ်ဘွတ်

See More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD