AD
AD
AD

7 Sense Flim Production က ထုတ်လုပ်ရိုက်ကူးမယ့် မုန်းစွဲ ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲပေးခြင်းကို အောက်တိုဘာလ ၃၀ ရက်နေ့ မနက်ပိုင်းက ရွှေတိဂုံစေတီတော်ကြီး ရဲ့ အောင်မြေနေရာမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပတ်သက်ပြီး ပါဝင်ကြမယ့် အနုပညာရှင်တွေက သူတို့ရဲ့ ဇာတ်ရုပ်အကြောင်းတွေကိုလည်း Duwun Media ကနေ အခုလိုပြောပြခဲ့ပါတယ်။

play

 

သြရသ (ဒါရိုက်တာ)

__________________

မုန်းစွဲ ဇာတ်ကားကတော့ လုံးဝ ရို့မန့်၊ အက်ရှင်၊ ဒရာမာပေါ့နော်၊ ဟဲဗီးဒရာမာလို့တောင်ပြောလို့ရတယ်။ ကျွန်တော် အချိန်အများကြီး ယူပြီးတော့ ပြင်ဆင်ခဲ့ရတယ်။ ဇာတ်လမ်းရေးတဲ့အခါမှာလည်း ဖြစ်ရပ်မှန်ဇာတ်လမ်းဖြစ်တဲ့အတွက် ဒါကိုသေချာ ဂရုစိုက်ပြီးရေးခဲ့ ရတယ်။

play

 

နေတိုး (အကယ်ဒမီ)

________________

ဒီဇာတ်လမ်းထဲမှာ ကျွန်တော့် အနေနဲ့ ကာရိုက်တာ ၂ မျိုးရှိပါတယ်။ ကျွန်တော်ပါဝင်ရမယ့် နေရာ ၂ခုကကျတော့ အမှန်က စိတ် ကတော့ တစ်ခုတည်းပဲ ဒါပေမယ့် ဘဝပြောင်းသွားတဲ့ အခါကျတော့ စိတ်ခံစားမှု အမုန်းတရားတွေကြောင့် ဖြစ်လာတဲ့ ဘဝတစ်ခုမှာ ငြိမ်းချမ်းမှုနဲ့ လွတ်မြောက်ရာကို ရှာဖွေတဲ့ ကာရိုက်တာ တစ်ခုပေါ့။ ဒါကတော့ ရဟန်းအမြွှာ အနေနဲ့ သရုပ်ဆောင်ရမှာပေါ့။

play

 

မင်းသွေး

____________

ကျွန်တော်ကတော့ နယ်ကပေါ့နော်။ တောက လူမိုက် မကောင်းတာတွေလုပ်တယ်။ လူမိုက်ဆန်ဆန်ပြောတယ် လူမိုက်ဆန်ဆန် အလုပ်တွေလုပ်တယ်။အဲ့ဒီလို ကာရိုက်တာလေးပါ။

play

 

ဖွေးဖွေး (အကယ်ဒမီ)

__________________

မုန်းစွဲမှာ ဖွေးက မသဲရုံ ဆိုတဲ့ အမျိုးသမီးနေရာက သရုပ်ဆောင်ရမှာပါ။ ဇာတ်ကားလေးကတော့ ဖြစ်ရပ်မှန်ဇာတ်ကားလေးလည်း ဖြစ်ပါတယ်။ ကာရိုက်တာအတွက်ကတော့ ရှေးတုန်းက ပုံစံမျိုးပေါ့့နော်။ ဆံပင်ကို အမည်းအရှည် ပြင်ဆင်ထားရတယ်။ပြီးတော့ ရှေးတုန်းက ဝတ်တဲ့ အင်္ကျီတွေကို လေ့လာပြီးတော့ ချုပ်ထားတယ်။

play

 

အေးဝတ်ရည်သောင်း

______________________

ဒီဇာတ်ကားလေးမှာ ပါဖြစ်တဲ့ အကြောင်းက ကိုယ်တိုင်ကလည်း ဇာတ်လမ်းလေးကိုအရမ်းသဘောကျတယ်။ ကိုယ်လုပ်ရမယ့် ကာရိုက်တာကိုလည်း သဘောကျတယ်။ ကိုယ်လည်း လုပ်နိုင်မယ်ထင်လို့ လက်ခံဖြစ်တာပါ။ ဒီမှာတော့ ဇာတ်ကောင်နှစ်ခုပေါ့နော်။ ကာရိုက်တာ နှစ်ခုပါ အရင်ဘဝက ကိုနေတိုးရဲ့ မိန်းမ ယောက်ျားကို အရမ်းချစ်ပြီးတော့ အရမ်းအလိုလိုက်တဲ့ မိန်းမတစ်ယောက် နေရာကပေါ့နော်။

play

 

မုန်းစွဲရုပ်ရှင်ဇာတ်ကားကြီးကိုတော့ နိုဝင်ဘာလ ၅ ရက်နေ့မှာ စတင်ရိုက်ကူးသွားမှာဖြစ်ပြီး ရိုက်ကူးရေးကိုတော့ ကံဂေါမြို့မှာ သွား ရောက်ရိုက်ကူးမယ်လို့ သိရပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးမှာ သရုပ်ဆောင် နေတိုး(အကယ်ဒမီ)၊ ကျော်ကျော်ဗို၊ မင်းသွေး၊ ဖွေးဖွေး(အကယ်ဒမီ)၊ အေးဝတ်ရည်သောင်းတို့က အဓိက ပါဝင်သရုပ်ဆောင်သွားမယ်လို့သိရပါတယ်။

Photo: Duwun

SeeMore

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD