AD
AD
AD

မုန်းစွဲ လို့အမည်ပေးထားတဲ့ ဖြစ်ရပ်မှန်ရုပ်ရှင်ဇာတ်ကားကြီးမှာ ကာရိုက်တာနှစ်ခုနဲ့ ပါဝင်သရုပ်ဆောင်သွားမယ့် အေးဝတ်ရည်သောင်း ကတော့ ဇာတ်ကားနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေနဲ့ ပြင်ဆင်နေပုံတွေကိုလည်း Duwun Media ကနေပြောပြခဲ့ပါတယ်။

play

 

'' ဒီမှာတော့ ပေါက်စီက ဇာတ်ကောင် ၂ ခု၊ ကာရိုက်တာ ၂ ခုပေါ့နော်။ အရင်ဘဝက ကိုနေတိုးရဲ့ မိန်းမ  ယောက်ျားကိုအရမ်းချစ်ပြီး အရမ်းအလိုလိုက်တဲ့ မိန်းမတစ်ယောက်အနေနဲ့ပေါ့နော် ဗိုက်ကြီးသည် တစ်ယောက်အနေနဲ့ ပါဝင်ထားတယ်။ ဒုတိယဘဝကတော့ သူ့ကို စွဲလမ်းနေတာပေါ့နော် သူကတော့ ရဟန်းဖြစ်သွားပြီ  ဘုန်းကြီးဖြစ်သွားတာပေါ့နော် ဘုန်းကြီးကို တစ်ဖက်သတ် သဘောကျတဲ့ သူအနေနဲ့ပေါ့နော်'' လို့ ဇာတ်ကားထဲမှာ ပါဝင်ရမယ့် ကာရိုက်တာအကြောင်းပြောပြခဲ့ပါတယ်။

play

 

ရှေးခေတ်ပုံစံအတိုင်း ရိုက်ကူးရေးလုပ်ရမှာဖြစ်တဲ့အတွက် နှစ်ဘဝ လုံးနဲ့ သက်ဆိုင်တဲ့ ပြင်ဆင်နေမှု အကြောင်းအရာတွေကိုလည်း အခုလိုပြောပြခဲ့ပါတယ်။

 

'' ကာရိုက်တာအရလည်း ပြင်ဆင်တယ်၊ စိတ်အရလည်း ပြင်ဆင်တယ် နောက်တစ်ခုက ကျတော့ အပြင်ပိုင်း အဝတ်အစားပိုင်းနဲ့ ပတ်သက်လို့ အဲ့ဒီခေတ် က အဝတ်အစားရယ်၊ ဆံပင်ပုံစံ၊ မိတ်ကပ်ပေါ့။ ပထမ ဘဝကိုတော့ မိတ်ကပ်လုံးဝမလိမ်းဘူး တကယ်ကို ဘာမှမလိမ်းပဲနဲ့ ရိုက်မှာပေါ့။ ဒုတိယဘဝကျတော့ ၁၉၉၁ ဖြစ်သွားပြီဆိုတော့ အဲ့ဒီခေတ်နဲ့ လျှော်ညီတဲ့ အဝတ်အစားတို့၊ ထမီ တိုတို ဒူးခေါင်းအောက်လောက်ဝတ်တာတို့ ၊ ဆံပင်အပိုင်းတွေလည်း ပြင်ဆင်ထားပါတယ်'' လို့ အေးဝတ်ရည်သောင်းက ပြောပါတယ်။

play

 

ဒီလို ဇာတ်လမ်းမျိုးက အပြင်မှာ ဒါမျိုးရှိလားဆိုပြီးတော့ အံ့သြသွားတာပေါ့နော်၊ လူတစ်ယောက်ရဲ့ အစွဲက ချစ်လို့စွဲတာလည်းရှိသလို မုန်းလို့စွဲတာလည်းရှိတယ်၊ နောင်ဘဝကျရင်ပြန်ဆုံပါစေလို့ ဆုတောင်းတာ မှားတတ်တယ်၊ ဒီလိုမဆုတောင်းသင့်ဘူးဆိုတာကို လည်း သင်ခန်းစာပေးထားတဲ့ ဇာတ်ကားလေးဖြစ်တယ်လို့လည်း Duwun Media ကနေပြောပြခဲ့ပါတယ်။

Photo: Duwun, အေးသောင်းဖေ့စ်ဘွတ်

See More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD