AD
AD
AD

တာတေကြီး ရုပ်ရှင်ဇာတ်ကားကြီး အထူးပြသပွဲကို နိုဝင်ဘာလ ၃ ရက်နေ့ မနက်ပိုင်းက သမ္မတရုပ်ရှင်ရုံမှာ ကျင်းပပြုလုပ်ခဲ့ပြီး ဒီရုပ်ရှင်ဇာတ်ကားကြီးကိုတော့ နိုဝင်ဘာလထဲမှာပဲ ရုံတင်ပြသသွားမှာဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပတ်သက်တဲ့ အမှတ်တရစကားသံတွေကိုလည်း Duwun Media ကနေ အခုလိုပြောပြခဲ့ကြပါတယ်။

play

 

ဝိုင်း(ဒါရိုက်တာ)

_________________

ပွင့်ပွင့်လင်းလင်းပြောရရင် ဒီဇာတ်ကားကို ကော်ပီဆိုပြီးတော့ ဝန်ခံသလဲဆိုတော့ တချို့ကျတော့ ရုံထဲဝင်ကြည့်ပြီးတော့မှ သူတို့ကြည့်ပြီးသားကားဆိုရင် ဟင် ဆိုပြီးတော့ဖြစ်သွားတာများတယ်။ အစ်ကိုပြောချင်တာက ဒါ Copy ပါ မကြည့်ချင်တဲ့သူက သူတို့အနေနဲ့ ရွေးချယ်ပိုင်ခွင့်ရှိတာကို ပွင့်ပွင့်လင်းလင်း အသိပေးတာပါ။

play

 

နေတိုး(အကယ်ဒမီ)

_____________________

ဒီဇာတ်ကားကတော့ ကြောက်စရာရယ်၊ ဘဝရယ်၊ ဂေးတစ်ယောက်ရဲ့ မျှော်လင့်ချက်ရယ်ပေါ့၊ ကြောက်စရာရယ်၊ ချစ်စရာရယ်ပါတာ ပေါ့။ ရသ ၄မျိုး၊ ၅ မျိုးလောက်ကို  အချိုးကျကျပေါင်းစပ်ထားပြီးတော့မှ ကျွန်တော့်ကိုတောင် ပြန်ကြောက်အောင်လုပ်မိတဲ့ ဇာတ်ကား တစ်ကားလို့ မြင်မိပါတယ်။

play

 

ရွှေသမီး

____________

တာတေကြီးဇာတ်ကားထဲမှာတော့ နန္ဒာဆိုတဲ့ကောင်မလေးနေရာကပေါ့နော် ကိုနေတိုးကြိုက်တဲ့ ကောင်မလေးတစ်ယောက်နေရာက ပါဝင်သရုပ်ဆောင်ထားပါတယ်။

play

 

တာတေကြီးရုပ်ရှင်ဇာတ်ကားကြီးကို လူစွမ်းကောင်းရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်တာဖြစ်ပြီး ဒါရိုက်တာ ဝိုင်း ရိုက်ကူးပုံဖော် ထားတဲ့ ရုပ်ရှင်ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးထဲမှာ အကယ်ဒမီနေတိုးက နှစ်ကိုယ်ခွဲသရုပ်ဆောင် ထားတာဖြစ်ပြီး သရုပ်ဆောင် ရွှေသမီး ကလည်း အဓိက ပါဝင်သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။ နောက်ထပ် သရုပ်ဆောင် ဇော်ဦး၊ ညီဂျော်၊ ကိုကိုဦး၊ အောင်မိုး၊ ဦးဝင်းမြိုင်၊ သိဂီင်္ထွန်း၊ ဒေါ်နွဲ့နွဲ့စန်း၊ ချောချော၊ စင်သီယာ၊ အိစိကွေး၊ ဇာဇာဘုန်းမြတ် နှင့် တခြားသရုပ်ဆောင်များစွာတို့ကလည်း အားဖြည့်ပါဝင်သရုပ်ဆောင်ထားကြတယ်လို့သိရပါတယ်။

photo: duwun

Seemore

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD