AD
AD
AD

တာတေကြီးရုပ်ရှင်ဇာတ်ကားကြီးထဲမှာ သရုပ်ဆောင်နေတိုးရဲ့ ကြိုးစားအားထုတ်မှုတွေနဲ့ အတူ ဇာတ်ကားရိုက်ကူးခဲ့တုန်းက အမှတ်တရအကြောင်း အရာတွေကိုလည်း ဒါရိုက်တာ ဝိုင်းက အခုလိုပြောပြခဲ့ပါတယ်။

play

 

'' နေတိုးကို သရဲကာရိုက်တာလုပ်ဖို့အတွက် တော်တော်စဉ်းစားပါတယ်။ အရမ်းတာဝန်ကြီးမလား၊ ဗျာများမလားပေါ့။ ဒါပေမယ့် စဉ်းစားလိုက်တဲ့ အခါကျတော့ သူမှမလုပ်ရင် ကျန်တဲ့လူ တစ်ယောက်ယောက် Error ဖြစ်ရင် သူခံရမယ်။ အဲ့ဒီတော့ သူနဲ့ညှိတယ် သူ့ကိုပဲလုပ်ပါနေတိုး နည်းနည်းတော့ ပင်ပန်းတယ်ပေါ့။ ဒါပေမယ့် ရိုက်ကွင်းမှာလည်း သူ့အနေနဲ့ တော်တော်ကို ပင်ပင်ပန်းပန်းနဲ့ ဒါကို စိတ်ဝင်တစားလုပ်လို့လား မသိဘူး အိုက်တင်အချိန်းတွေကအစ သေသေသပ်သပ်နဲ့ မိုက်တယ်'' လို့ သူကဆိုပါတယ်။

play

 

ဇာတ်ကားထဲမှာလည်း LGBT တွေနဲ့ ပတ်သက်တဲ့ မက်ဆေ့ခ်ျ စကားစုတွေအပေါ်မှာလည်း ဒါရိုက်တာဝိုင်းက အခုလိုပြောပြခဲ့ပါသေးတယ်။

 

' အဲ့ဒီစကားလုံးတွေထဲမှာတော့ LGBT တွေနဲ့ပတ်သက်တဲ့ ဟာတွေမပါဘူး။ ရှင်းရှင်းပြောရရင် အစ်ကို တချို့ဟာလေးတွေက တိုးထိ ချင်တဲ့စိတ်လေးတွေရှိတာပါ။ အဲ့လိုဟာမျိုး မပါတဲ့ဟာလေးတွေ ထပ်ဖြည့်တာတွေ ဒီဇာတ်ကားထဲမှာ ပါပါတယ်။ သို့သော်ငြား လည်း သူ့ရဲ့ မူရင်းအထိုင်ဇာတ်ကိုတော့ အစ်ကို့အနေနဲ့ မပြောင်းလဲချင်ပါဘူး။ ဒီဇာတ်ရဲ့ အထိုင်ကိုလည်း ကြိုက်တာကိုး'' လို့ Duwun Media ကနေ ဖြေဆိုခဲ့ပါတယ်။

play

 

တာတေကြီး ရုပ်ရှင်ဇာတ်ကားကိုတော့ နိုဝင်ဘာလ အတွင်းမှာ ရုံတင်ပြသသွားမယ်လို့သိရပါတယ်။ ဒါရိုက်တာဝိုင်း ဖန်တီးထားတဲ့ ရုပ်ရှင်ဇာတ်ကား ကောင်းတစ်ကားဖြစ်တဲ့ ရင်ဘတ်ထဲက ဓား ရုပ်ရှင်ဇာတ်ကားကြီးကလည်း ပရိသတ်အားပေးမှုအများဆုံးရရှိနေတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။

Photo: Duwun

See More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD