AD
AD
AD

ဆရာတော်အရှင်ဆန္ဒာဓိက ရဲ့ အသေလှသူ ဖြစ်ရပ်မှန်တရားတော်ကို ရုပ်ရှင်ဇာတ်ကားအဖြစ်ပုံဖော်ရိုက်ကူးနေတဲ့ မုန်းစွဲရုပ်ရှင် ဇာတ်ကား ရိုက်ကွင်းကိုတော့ နိုဝင်ဘာလ ၅ ရက်နေ့က စပြီး မကွေးတိုင်း ဂန့်ဂေါမြို့မှာ ရိုက်ကူးနေတယ်လို့သိရပါတယ်။ ဒီရုပ်ရှင် ဇာတ်ကားကြီးအကြောင်းကိုလည်း ဒါရိုက်တာသြရသက Duwun media ကနေ အခုလိုပြောပြခဲ့ပါတယ်။

play

 

'' ဖြစ်ရပ်မှန်ဇာတ်လမ်းဖြစ်တဲ့အတွက် သေချာဂရုစိုက်ပြီးရေးခဲ့ရတယ်။ ခေတ်ကာလကလည်း ၁၉၅၉ ခုနှစ်၊ ၁၉၆၂ ခုနှစ်၊ ၁၉၉၁ ခုနှစ်ဆိုတော့ အဲ့ဒီခေတ်ကာလက ဝတ်ပုံစားပုံတွေ၊ ပတ်ဝန်းကျင်အနေအထားတွေကတော့ ဒီ မုန်းစွဲရုပ်ရှင်ဇာတ်ကားအတွက် ထူးထူးခြားခြား ပြင်ဆင်ခဲ့ရပါတယ်။ ဇာတ်ညွှန်းရေးဆရာ ကိုလွင်မင်းကလည်း ဒီဇာတ်ကားထဲမှာ Art Director အဖြစ်တာဝန်ပေး ခဲ့တယ်။ သူနဲ့ ကျွန်တော်နဲ့ ညှိနှိုင်းပြီးတော့ လိုချင်တဲ့ပုံစံတွေကို ဒီဇိုင်းဆွဲခဲ့တယ်။ Location တွေဆိုရင်လည်း ဇာတ်နဲ့ အံဝင်ဂွင်ကျဖြစ် မယ့် နေရာကို ရွေးချယ်တဲ့အခါ ဂန့်ဂေါကိုရွေးခဲ့တယ်။ အရမ်းကိုဝေးတဲ့နေရာ ဖြစ်တယ် ပရိသတ်အတွက်လည်း Location အသစ် အဆန်း တွေကို ကြည့်ရမယ်ပေါ့'' လို့ ဆိုပါတယ်။

play

 

ဖြစ်ရပ်မှန်ဇာတ်ကားဖြစ်တဲ့အတွက် ပရိသတ်တွေဆီကိုပေးချင်တဲ့ သင်ခန်းစာဖြစ်တဲ့ ချစ်ခြင်းမုန်းခြင်းမှာ မုန်းခြင်းက သာမန်ထက် လွန်ကဲလာရင် ဖြစ်လာတတ်တဲ့ အကြောင်းအကျိုး တွေကို ပါဝင်ရိုက်ကူးထားတဲ့အကြောင်းကိုလည်း အခုလိုပြောပြခဲ့ပါတယ်။

 

'' ဆရာတော် အရှင်ဆန္ဒာတိ ရဲ့ ဖြစ်ရပ်မှန်တရားတစ်ပုဒ်ကို အခြေခံပြီးရိုက်ထားတာဖြစ်တဲ့အတွက် ကြည့်ရတဲ့ပရိသတ်တွေအတွက် သင်ခန်းစာယူနိုင်စရာတွေ၊ သံဝေဂရစရာတွေလည်း အများကြီး ပါပါတယ်။ အဲ့ဒါတွေကိုလည်း မပျောက်မပျက်အောင် ဆရာတော်ပြောချင်တဲ့အကြောင်းအရာတွေပေါ်လွင်အောင် ဆရာတော်ကိုလည်း ပေးဖတ်ထားပြီးတော့ မှ ပြင်ဆင်ထားပါတယ်။ ဒီဇာတ်ကားမှာ ပေးချင်တာကတော့ အမုန်းတရားဖြစ်ပါတယ်။ အမုန်းတရားက သာမန်ထက် လွန်ကဲလာပြီဆိုရင်တော့ ချစ်ခြင်း၊ မုန်းခြင်းဆိုတာလူတိုင်းမှာရှိကြပါတယ်။ ချစ်ခြင်းမုန်းခြင်းသည် အားကောင်းလာတဲ့အခါမှာ အစွဲအလမ်းဖြစ်လာတယ်အဲ့ဒါကလည်း လက်ရှိဘဝမှာတင်မကဘူး၊ နောင်ဘဝအထိပါ ဆိုးကျိုးပေးတတ်တယ်၊ ဘယ်လောက်ကြောက်ဖို့ကောင်းသလဲဆိုတာကို တင်ပြမှာဖြစ်ပါတယ်'' လို့ ဒါရိုက်တာ သြရသက အခုလိုပြောပြခဲ့ပါတယ်။

play

 

မုန်းစွဲရုပ်ရှင်ဇာတ်ကားကြီးထဲမှာ သရုပ်ဆောင် နေတိုး(အကယ်ဒမီ)၊ ကျော်ကျော်ဗို၊ မင်းသွေး၊ ဖွေးဖွေး(အကယ်ဒမီ)၊ အေးဝတ်ရည် သောင်း တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

Photo:ဝေမင်းမောင်ဖေ့စ်ဘွတ်

SeeMore

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD