AD
AD
AD

ငယ်ပါသေးတယ် ရုပ်ရှင်ဇာတ်ကားကြီးကို နိုဝင်ဘာလ ၁ ရက်နေ့ကစပြီး ပြင်ဦးလွင်မြို့မှာ စတင်ရိုက်ကူးနေတယ်လို့ သိရပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီး ထဲက အကြောင်းအရာတွေနဲ့အတူ လောကမှာငွေထက်အရေးကြီးတဲ့အရာတွေရှိတယ်ဆိုတာကိုလည်း ဒါရိုက်တာ ကိုပေါက်က Duwun Media ကနေ ပြောပြခဲ့ပါတယ်။

play

 

'' ဒီဇာတ်ကားထဲမှာက အပြိုင်အဆိုင်လေးတွေရှိကြမှာ ကိုရန်အောင်နဲ့ ကိုရဲအောင် တို့က အချင်းချင်းမတည့်ကြဘူး။ မတည့်ကြတဲ့ အချိန်မှာ တစ်ယောက်ယောက်က ကိုယ်နိုင်တာရှိတယ်၊ ရှုံးတာရှိတယ်။ နိုင်ရင်လည်း ရှုံးသွားတဲ့အတွက် ဟျောင့်.. ဒီအကွက်လောက် ကတော့ မင်း ငယ်ပါသေးတယ်ကွာ၊ ထွန်းထွန်းနဲ့ နေဒွေးဆိုရင်လည်း အဲ့ဒီလိုပဲ နိုင်တဲ့လူက ရှုံး သွားတဲ့သူကို မင်း ငယ်ပါသေးတယ် ဆိုပြီးတော့ စကားလေးနဲ့ နာမည်ပေးထားတာပါ။ အဓိက ကတော့ ဟာသပေါ့။ ဇာတ်သိမ်းမှာတော့ အက်ရှင်၊ ဒရာမာလေးပါမယ်ပေါ့'' လို့ ဆိုပါတယ်။

play

 

ငယ်ပါသေးတယ် ရုပ်ရှင်ဇာတ်ကားကြီးမှာ ပရိသတ်တွေကို ပေးနိုင်မယ့် ဗဟုသုတအကြောင်းကိုလည်း ဒါရိုက်တာကိုပေါက်က အခုလို ပြောပြခဲ့ပါသေးတယ်။

 

'' ကျွန်တော်တို့တွေ တစ်ယောက်နဲ့တစ်ယောက် အငြိုးတွေ၊ အာဃာတတွေ မလိုအပ်ပဲနဲ့သော်လည်းကောင်း၊ လိုအပ်၍သော်လည်း ကောင်း ထားမယ်ဆိုရင် ကိုယ့်မိသားစုအတွက်ရော၊ ကိုယ့်ပတ်ဝန်းကျင်အတွက်ရော မကောင်းဘူးဆိုတဲ့အကြောင်း၊ နောက်ပြီးတော့ လောကကြီးမှာ ငွေထက်အရေးကြီးတာ အများကြီးရှိတယ်၊ ငွေနောက်ကိုပဲလိုက်ပြီးတော့ ငွေသာလျှင်အဓိက ဖြစ်နေမယ်ဆိုရင် ကိုယ့်ဘဝရဲ့ စွန့်လွှတ်လိုက်ရတာတွေ၊ ဆုံးရှုံးလိုက်ရတာတွေ ရှိလာနိုင်တယ်ဆိုတဲ့ အကြောင်းအရာလေးတွေကို ပေးမယ့် Message ပါမှာပါ'' လို့ ပြောပါတယ်။

play

 

ငယ်ပါသေးတယ် ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာကိုပေါက်က ဖန်တီးရိုက်ကူးမှာဖြစ်ပြီး သရုပ်ဆောင်ထွန်းထွန်း (အကယ်ဒမီ)၊ မိုးယံဇွန်၊ နေဒွေး၊ ဝီလျှံ၊ Kelvin Kate ၊ နေနော်၊ ရတနာဗို၊ သင်ဇာဝင့်ကျော်တို့က အဓိက ပါဝင်သရုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ဒါရိုက်တာကိုပေါက်က အဆိုတော် ထူးအယ်လ်လင်းနဲ့အတူ ခရီးသွား အစီအစဉ်အတွက် ချင်းတောင်တက်မယ်လို့ ဆိုပါတယ်။

Photo: ကိုပေါက်ဖေ့စ်ဘွတ်

See More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD