AD
AD
AD

သရုပ်ဆောင်ကျော်သူကတော့ Ginvera Shampoo ကြော်ငြာကို နိုဝင်ဘာလ ၇  ရက်နေ့ မနက်ပိုင်းက ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာမှာ ရိုက်ကူးနေတယ်လို့ သိရပါတယ်။ ကြော်ငြာလက်ခံရိုက်ကူးဖြစ်ပုံကိုလည်း သရုပ်ဆောင်ကျော်သူက Duwun Media ကနေတဆင့် အခုလိုပြောပြခဲ့ပါတယ်။

play

 

'' ဒီနေ့ကတော့ Ginvera ဘောက်ပျောက်ခေါင်းလျှော်ရည်ရိုက်နေတာပါ။ ဒုတိယမြောက်လက်ခံတာပေါ့လေ ပထမကတော့ ကျွန်တော့်ကို Bella က ခေါင်းလျှော်ရည်ရိုက်ဖို့ပြောထားတယ်။ သူက ၁၂ လပိုင်းမှရိုက်မယ်။ Bella အရင်ပြောထားပြီးတော့ Ginvera က ကျွန်တော့်ကို လာပြောတော့ Bella ကိုခွင့်တောင်းတယ် သူက ပထမဆုံးကမ်းလှမ်းထားတဲ့အတွက် Bella ကလည်း လုပ်ပါတဲ့ ဆိုတော့ ဒီ Brand ကိုကြော်ငြာပေးတာပါ။ ဒါပေမယ့်လည်း Bella နဲ့ Ginvera ခေါင်းလျှော်ရည်အမျိုးအစားက မတူဘူး Bella က အမျိုးသားသုံး ခေါင်းလျှော်ရည်Ginvera က ဘောက်ပျောက်ခေါင်းလျှော်ရည်ပေါ့'' လို့ သူကဆိုပါတယ်။

play

 

ကြော်ငြာရိုက်ကူးမှုတွေလက်ခံလာတဲ့ သရုပ်ဆောင်ကျော်သူ့အနေနဲ့ ကိုယ်နဲ့လိုက်ဖက်တဲ့ကြော်ငြာတွေကိုသာ ရိုက်ကူးသွားမှာဖြစ်ပြီး လက်ခံရိုက်ကူးမှုမရှိတဲ့ ကြော်ငြာတွေကိုလည်း ပြောပြခဲ့ပါသေးတယ်။

 

'' ကျွန်တော့်ရုပ်ကြီးနဲ့ ကြော်ငြာရိုက်ရမယ်ပေါ့၊ ကြော်ငြာဆိုတာလည်း အလှကုန်ပစ္စည်းနဲ့ပတ်သက်ပြီး Cosmetic ကုမ္မဏီက လာကမ်းလှမ်းတဲ့အတွက် ကျွန်တော် တော်တော်အံ့အားသင့်တယ်။ ဒါပေမယ့် ကျွန်တော် ဆံပင်လည်းမညှပ်နိုင်ဘူး မုတ်ဆိတ်လည်း မရိတ် တော့ သူတို့ကလည်း ဒီလိုပုံစံမျိုးကိုကြိုက်တယ် ဆိုတော့ ရိုက်ဖြစ်သွားတယ်။ နောက်ထပ်လည်း ကျွန် တော်နဲ့လိုက်ဖက်တဲ့ ကြော်ငြာတွေဆိုရင် လက်ခံဖို့ရှိပါတယ်။ ဆေးလိပ်တို့၊ အရက်တို့၊ ဘီယာတို့ ကြော်ငြာဆိုရင်တော့ ကျွန်တော်မလုပ်ဘူး'' လို့ ဦးကျော်သူက ပြောပါတယ်။

play

 

အရင် မင်းသားဘဝတုန်းကလည်း ကြော်ငြာရိုက်ကူးမှုတွေရှိခဲ့ပေမယ့် ဆေးလိပ်ကြော်ငြာ၊ အရက်ကြော်ငြာတို့ လာကမ်းလှမ်း ခဲ့သော်လည်း လက်ခံရိုက်ကူးမှု မရှိခဲ့ဘူးလို့သိရပါတယ်။ ကျန်းမာရေးနဲ့ မကိုင်ညီဘူး၊ လူတွေကို ဒုက္ခပေးမယ့် ကိစ္စမျိုးကို လက်မခံဘူး လို့ ဆိုပါတယ်။ Cosmetic ကြော်ငြာ၊ အကျီကြော်ငြာ တွေ လာကမ်းလှမ်းရင်တော့ လက်ခံရိုက်ကူးသွားမယ်လို့ Duwun Media ကနေပြောပြခဲ့ပါတယ်။

Photo:Duwun

See More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD