AD
AD
AD

ထက်ထက်ထွန်းကတော့ အခုလက်ရှိမှာချစ်ခြင်းစတုဂံလို့အမည်ပေးထားတဲ့ ဇာတ်လမ်းတွဲတစ်ခုရိုက်ထားတယ်လို့ဆိုပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာလည်း လေယာဉ်မယ်ကာရိုက်တာလေးနဲ့ ပါဝင်သွားမယ့်အကြောင်းကို Duwun media ကနေပြောပြခဲ့ပါတယ်။

play

 

'' ကာရိုက်တာကတော့ အပြင်ကာရိုက်တာလိုပဲ အပြင်ကာရိုက်တာလိုပဲ သွက်သွက်လက်လက်ရှိတဲ့ကောင်မလေးတစ်ယောက်ပေါ့။ သူများကို အရမ်းကူညီတတ်တယ် အဲ့ဒီမှာမှ လေယာဉ်မယ်ကာရိုက်တာလေးပါ။ ဇာတ်လမ်းလေးကတော့ အက်ရှင်လေးလည်း ပါ တယ်။မိဘမေတ္တာပညာပေးလေးတွေလည်းပါတယ်။ အဲ့ဒီလိုဆိုတာထက် ဟာသလေးတွေလည်းပါတယ်'' လို့ သူကဆိုပါတယ်။

play

 

ဇာတ်ကားမရိုက်တာကြာပြီဖြစ်တဲ့အတွက် စိုးရိမ်စိတ်ဖြစ်မိတာကြောင့် ဇာတ်ဝင်ခန်းတစ်ခုစီတိုင်းကို အကောင်းဆုံး ကြိုးစားထားတယ် လို့ သိရပါတယ်။

 

'' ကာရိုက်တာအပိုင်းကတော့ ထွေထွေထူးထူးပြင်ဆင်ရတာမျိုးတော့မရှိပါဘူး၊ သရုပ်ဆောင်ကြီးတွေမပါပဲ ကိုယ်အချင်းချင်းတွေပဲဆို တော့ တိုင်တိုင်ပင်ပင်နဲ့ လုပ်သွားလို့ရတယ်။ ပြင်ဆင်မှုအနေနဲ့ကတော့ မရိုက်တာလည်းကြာပြီဖြစ်တဲ့အတွက် စိုးရိမ်စိတ်ကတော့ရှိ တယ်။ အကောင်းဆုံးကြိုးစားလိုက်ပေမယ့် ဇာတ်ဝင်ခန်းတစ်ခုစီကြိုးစားထားပေမယ့် ပြန်ကြည့်တဲ့အခါကျတော့ အားမရတဲ့အပိုင်း လေး တွေလည်းရှိတယ်'' လို့ ဆိုပါတယ်။

play

 

ချစ်ခြင်းစတုဂံ ရုပ်သံဇာတ်လမ်းတွဲကိုတော့ မြဝတီရုပ်သံလိုင်းကနေပြသသွားမယ်လို့ သိရပါတယ်။ ထက်ထက်ထွန်းအနေနဲ့ မြဝတီက ထုတ်လွှင့်တဲ့ Hello lady အစီအစဉ်မှာလည်း အစီအစဉ်တင်ဆက်သူတစ်ယောက်အဖြစ်ပါဝင်ထားသော်လည်း ချစ်ခြင်းစတုဂံ ရုပ်သံ ဇာတ်လမ်းတွဲကနေတဆင့် ပရိသတ်က ပိုလက်ခံလာမယ်လို့ ယုံကြည်တယ်လို့ Duwun media ကိုဖြေဆိုခဲ့တာဖြစ်ပါတယ်။

photo: Duwun, ထက်ထက်ထွန်းဖေ့စ်ဘွတ်

See More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD