AD
AD
AD

ကြောက်စရာကောင်းတာတွေရော၊ ထိတ်လန့်စရာ ၊ စိတ်ဝင်စားစရာတွေ ပါဝင်တဲ့ တာတေကြီးရုပ်ရှင်ဇာတ်ကားကြီးကို နိုဝင်ဘာလ အတွင်းမှာပဲ ရုံတင်ပြသသွားမှာဖြစ်ပြီး ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် တာတေကြီးရုပ်ရှင်ဇာတ်ကားကြီးရဲ့ ဇာတ်လမ်း အကျဉ်းကို Duwun Media ကနေ တင်ဆက်ပေးလိုက်ပါတယ်နော်။

play

 

ဘွဲ့ရပြီးကာစလူငယ်တစ်ယောက်ဖြစ်တဲ့ ရဲခေါင်ကတော့ အပေါင်းအသင်းမက်သူတစ်ယောက်ဖြစ်ပြီး သူငယ်ချင်းတွေကြားမှာလည်း ပြဿနာတစ်ခုခုဖြစ်ပြီဆိုရင် ရှေ့ကဦးဆောင်ကာဖြေရှင်းတတ်သူတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ အားနည်းချက်ကတော့ သရဲကြောက်တတ်တဲ့စိတ်ပါပဲ ဒီအားနည်းချက်ကြောင့်ပဲ သူငယ်ချင်းတွေနဲ့ မိသားစုတွေက သရဲဆိုတာ တကယ်မရှိဘူးပြောသော် လည်း ရဲခေါင်က လက်မခံတဲ့အတွက် ရီစရာ၊ စနောက်ချင်စရာလိုဖြစ်နေပါတယ်။ ဘယ်လောက်အထိ သရဲကြောက်တတ်သလဲဆိုရင် တူ၊ တူမလေးတွေက သရဲခြောက်တမ်းကစားမယ်ဆိုရင် နေစရာမရှိဖြစ်နေတဲ့သူ၊ အိမ်သာသွားရင်တောင်မှ မိခင်ကို မရမက ခေါ်တတ် တဲ့ သူတစ်ယောက်ပါပဲ။

play

 

တစ်နေ့မှာတော့ ရဲခေါင်တို့ သူငယ်ချင်းတစ်သိုက် ပိုက်ကျော်ခြင်းကစားနေကြနေရာကို ကွန်ဒိုဆောက်ဖို့အသိမ်းခံလိုက်ရတဲ့အတွက် ကစားဖို့နေရာရှာရင်းက တခြားရပ်ကွက်မှာရှိတဲ့ လူမနေတဲ့ခြံအကျယ်ကြီးထဲမှာ သွားရောက်ကစားခဲ့ရပါတယ်။ အဲ့ဒီခြံကြီးထဲကို ရပ်ကွက်ထဲက ဘယ်သူမှ မဝင်ရဲပဲ သရဲခြောက်တယ်လို့ နာမည်ကြီးနေတဲ့ ခြံလည်းဖြစ်ပါတယ်။ ခြောက်ခြားစရာကောင်းလှတဲ့ ခြံထဲကို ရဲခေါင်တို့ သူငယ်ချင်းတစ်သိုက် ပိုက်ကျော်ခြင်း ကစားဖို့အတွက် တိုင်များဆောက်ရန်သံငုတ်များတူးနေရင်း ထူးဆန်းတဲ့ ဖြစ်ရပ်မျိုးအနေနဲ့ ငြီးတွားသံများကြားရပြီး ကောင်းကင်ကြီးမှာလည်း မှောင်မဲနေတဲ့ တိမ်မိုးသားတို့က ရဲခေါင်တို့ သူငယ်ချင်းများ ရှိတဲ့အပေါ်တည့်တည့်မှာ မှောင်မဲနေပါတော့တယ်။ သရဲဆိုရင်ကြောက်တတ်တဲ့ ရဲခေါင်တစ်ယောက်ကတော့ သုတ်ခြေတင်ပြေးရန် ပြင်ပြီး သံငုတ် သုံးချောင်းကိုပြန်နှုတ်ယူကာ ခြေဖဝါးနဲ့တင်ပါး တစ်သားတည်းဖြစ်အောင်ပြေးပါတော့တယ်။

play

 

ရဲခေါင်တို့ အိမ်မှာလည်း မရီးဖြစ်သူရဲ့ ညီမအရင်း နန္ဒာဆိုတဲ့ မိန်းကလေးလည်းရောက်ရှိနေတာဖြစ်ပြီး ရဲခေါင်ရဲ့ လွယ်အိတ်ထဲကနေ ထွက်လာတဲ့ ညှီစို့စို့ အနံ့တွေက တစ်အိမ်လုံးကို ပျံ့သွားပြီး ရဲခေါင်လည်း လွယ်အိတ်ကို ဆေးကြောသန့်စင်ဖို့ ဘေစင်ကို ယူသွားတဲ့ အခါ လွယ်အိတ်ထဲမှ သွေးများထွက်လာပြီး ရဲခေါင်ရဲ့ လက်တွေ ပေကျံကုန်ပါတော့တယ်။ အဲ့ဒီက စလို့ သူတို့ အိမ်မှာ ညဉ့်နက် သန်းခေါင်ယံ အချိန်ဆိုရင် အောက်ထပ် ဧည့်ခန်းမှ ကလေးကစားစရာတွေကို ဆော့တဲ့အသံတွေ၊ တံခါးဖွင့်သံတွေ စသဖြင့် အသံ ပေါင်းစုံကြားနေရတာကို ရဲခေါင်တို့ မိသားစု သတိထားမိခဲ့ကြပါတယ်။ ရဲခေါင်မသိဘူးထင်၍ မပြောပဲနေခဲ့ကြရာက အခြေအနေတွေ ပိုဆိုးလာပြီး ရဲခေါင်ကိုယ်တိုင်ကလည်း အပြောင်းအလဲ တွေဖြစ်လာတာကြောင့် မိသားစုတွေကလည်း ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိအောင် ဒုက္ခတွေရောက်၊ ခေါင်းတွေမီးတောက်ခဲ့ရတဲ့အထိပါပဲ ..... ရဲခေါင်ကို ဝင်ပူးတဲ့ သရဲက တာတေကြီးလို့ ခေါ်တဲ့ သရဲဖြစ်ပါတယ်။ သရဲကလည်း တစ်ကောင်တည်းမဟုတ်ဘူးနော် ၃ ကောင်တောင်မှ။ ရဲခေါင်နဲ့ သရဲ ၃ ကောင် ဘယ်လိုရှေ့ဆက် သွားမလဲ ဆိုတာကို နိုဝင်ဘာလထဲမှာပဲ ရုံတင်ပြသသွားမယ့် တာတေကြီးရုပ်ရှင်ဇာတ်ကားကို သွားရောက်အားပေးကြဖို့ Duwun ပရိသတ်တွေကို တိုက်တွန်းလိုက်ပါရစေနော်။

play

 

တာတေကြီးရုပ်ရှင်ဇာတ်ကားကြီးကို လူစွမ်းကောင်းရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်တာဖြစ်ပြီး ဒါရိုက်တာ ဝိုင်း ရိုက်ကူးပုံဖော် ထားတဲ့ ရုပ်ရှင်ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးထဲမှာ အကယ်ဒမီနေတိုးက နှစ်ကိုယ်ခွဲသရုပ်ဆောင် ထားတာဖြစ်ပြီး သရုပ်ဆောင် ရွှေသမီး ကလည်း အဓိက ပါဝင်သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။ နောက်ထပ် သရုပ်ဆောင် ဇော်ဦး၊ ညီဂျော်၊ ကိုကိုဦး၊ အောင်မိုး၊ ဦးဝင်းမြိုင်၊ သိဂီင်္ထွန်း၊ ဒေါ်နွဲ့နွဲ့စန်း၊ ချောချော၊ စင်သီယာ၊ အိစိကွေး၊ ဇာဇာဘုန်းမြတ် နှင့် တခြားသရုပ်ဆောင်များစွာတို့ကလည်း အားဖြည့်ပါဝင်သရုပ်ဆောင်ထားကြတယ်လို့သိရပါတယ်။

 

Photo: လူစွမ်းကောင်းရုပ်ရှင်ထုတ်လုပ်ရေး

See More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD