AD
AD
AD

ကျူးကျော်ရပ်ကွက်မှာနေထိုင်ကြတဲ့ လူတန်းစား တချို့နဲ့ ပိုက်ဆံရှိလူတန်းစားတို့ရဲ့  စိတ်နေစိတ်ထားတို့ကို ဖော်ပြပေးထားတဲ့ အမည်ပေါက်နှင့်ကျူး ရုပ်ရှင်ဇာတ်ကားကြီးကို နိုဝင်ဘာလ ၁၀ ရက်နေ့မှာ ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။ ဒီရုပ်ရှင် ဇာတ်ကား ကြီး ကို ကြည့်ရှုချင်နေကြတဲ့ ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် ဇာတ်လမ်းအကျဉ်းလေးကို Duwun Media ကနေ အခုပဲ ဖော်ပြပေး လိုက်ပါတော့မယ်နော်။

play

 

ကျူးကျော်ရပ်ကွက်မှာနေတဲ့ ချမ်းသာဆိုတဲ့ လူငယ်တစ်ယောက်ကတော့ နာမည်ကသာ ချမ်းသာ လူကတော့ ဆိုက်ကားနင်းပြီး တစ်နေ့လုပ်မှ တစ်နေ့စားရတာပေါ့။ လူကတော့ ဆင်းရဲပေမယ့် ရပ်ကွက်ထဲကလူတစ်ယောက်ယောက် အကူအညီလိုပြီဆိုတာနဲ့ ချမ်းသာ နဲ့ အတူ ဆိုက်ကားနင်းကြတဲ့ အပေါင်းအသင်းတွေကတော့ လက်မနှေးပဲ အကူအညီပေးတတ်ကြပါတယ်။ နောက်ထပ် ကျူးရပ်ကွက်မှာနေထိုင်တဲ့ ပန်းရောင်းတဲ့ကောင်မလေးတစ်ယောက်ဖြစ်တဲ့ ပတ္တမြား ကတော့ လူကသာ ဆင်းရဲတာ ကိုယ်လုံး ကိုယ်ပေါက် က လှလှ အသားအရေစိုစိုဝင်းဝင်းနဲ့ အင်မတန်စွာတေးလန်တတ်တဲ့ မိန်းကလေးတစ်ယောက်ပေါ့ သူကတော့ အဒေါ်နဲ့ နေတယ်။

play

 

တစ်နေ့မှာ ချမ်းသာနဲ့ ပတ္တမြားတို့ အကြော်ဆိုင်မှာ စတင်ဆုံခဲ့မိကြရင်း တစ်ယောက်နဲ့တစ်ယောက် အကြောမတည့်ဖြစ်ခဲ့ကြပါတယ်။ အဲ့ဒီနောက် ချမ်းသာဘက်က အလျှော့ပေးခဲ့ပြီး ပတ္တမြားနဲ့ အလိုက်အထိုက်စကားပြောဆိုဖြစ်ခဲ့ပြီး ပတ္တမြားတစ်ယောက် ပန်းရောင်းဖို့ ဈေးကြိုထွက်ရင် ချမ်းသာက ဆိုက်ကားနဲ့ လိုက်ပို့ပေးလေ့ရှိတဲ့အတွက် ကြာလာတော့ သံယောဇဉ်တွေဖြစ်ခဲ့ပြီး ရပ်ကွက်ထဲက လူတွေ ရော၊ ရပ်မိရပ်ဖတွေကလည်း သဘောတူကြည်ဖြူတာကြောင့် နှစ်ယောက်သားလက်ထပ်ခဲ့ကြပါတယ်။ လက်ထပ်ပြီးမကြာခင် သူတို့ဆီကို မင်းသမီးဆိုတဲ့ စိတ်ပုံမှန်မဟုတ်တဲ့ အသက် ၃၀ ဝန်းကျင် မိန်းမတစ်ယောက် ရောက်လာခဲ့ပြီး သူ့မှာလည်း ကိုယ်ဝန်ပါ လာတာကြောင့် ချမ်းသာတို့ ဇနီးမောင်နှံ နှစ်ယောက်က စောင့်ရှောက်ခဲ့ကြပါတယ်။

play

 

တစ်နေ့မှာ ကိုယ်ဝန်နေ့စေ့လစေ့ဖြစ်နေတဲ့ မင်းသမီးကတော့ သားလေးတစ်ယောက်မွေးဖွားခဲ့ပြီး မီးတွင်းထဲမှာပဲ ကွယ်လွန် သွားခဲ့ ပါတယ်။ အဲ့ဒီနောက် သားလေးကို ချမ်းသာတို့ ဇနီးမောင်နှံနှစ်ယောက်နဲ့အတူ ရပ်ရွာကလည်း သားအရင်းတစ်ယောက်လို ဝိုင်းဝန်း စောင့်ရှောက်ခဲ့ကြပြီး လပြည့်လို့ အမည်ပေးခဲ့ကြပါတယ်။ လပြည့်လေး ချမ်းသာတို့ ဘဝထဲ ရောက်လာချိန်မှာတော့ မိသားစု သိုက်သိုက်ဝန်းဝန်းနဲ့ ပျော်ပျော်ရွှင်ရွှင်နေလို့ကောင်းနေတုန်း ချမ်းသာတို့ရဲ့ ကျူးရပ်ကွက်ကို ပိုင်ရှင်ပါလို့ သက်သေပြပြီး ဝင်ရောက် ဖျက်စီးဖို့ပြင်ဆင်နေတဲ့ သူဌေးကြီးတစ်ဦးဖြစ်တဲ့ ဦးဘဟိန်းဆိုတဲ့လူ ရောက်ရှိလာပါတော့တယ်။ ဦးဘဟိန်းကတော့ သူပိုင်ဆိုင်တဲ့ မြေကွက်မှာ ကျူးကျော်နေထိုင်ကြတဲ့ လူတွေကို ဖယ်ခိုင်းဖို့အတွက် ရောက်ရှိလာစဉ် လပြည့် လေးကိုတွြေ့ပီး မြင်မြင်ချင်း သံယောဇဉ် တွယ်မိသွားပါတော့တယ်။ ရင်ထဲမှာ နက်နက်ရှိုင်းရှိုင်းဖြစ်ပေါ်ခဲ့ရတဲ့ သံယောဇဉ်ကြောင့် လပြည့်လေးအကြောင်းကို စုံစမ်းခဲ့ ပါတော့ တယ်...  ဒီဇာတ်ကားလေးကတော့ လူဆင်းရဲပေမယ့် စိတ်ဓာတ်ချမ်းသာကြသူတွေရဲ့ ချစ်ခြင်းမေတ္တာတရားရဲ့ အကျိုးနဲ့ လူ ချမ်းသာ ပြီး ချစ်ခြင်းမေတ္တာပေးသော်လည်း အပြည့်အဝအကျိုးခံစားလို့မရတဲ့ လူတန်းစားနှစ်မျိုးရဲ့ ကွဲပြားမှုလေးတွေကို ဖော်ပြထားတဲ့ ဇာတ်ကား ဖြစ်တာကြောင့် နိုဝင်ဘာလ ၁၁ ရက်နေ့မှာ စပြီး ရန်ကုန်မြို့မှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ပြသသွားမယ့် အကြောင်း ကို သတင်းကောင်းပါးလိုက်ပါတယ်။

 

play

 

အမည်ပေါက်နှင့်ကျူး ရုပ်ရှင်ဇာတ်ကားကြီးကို နယူးဖိုးဝ ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ပြီး ဒါရိုက်တာ ဇော်မျိုးက ရိုက်ကူးပုံဖော် ထားတဲ့ ရုပ်ရှင်ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ဇင်ဝိုင်း၊ မြင့်မြတ်၊ အိချောပို၊ ကလေး သရုပ်ဆောင် ငြိမ်းထက်ဇော် တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပြီး မေကဗျာ၊ စိုးမိုးကြည်၊ ဇော်ဦး၊ ဇော်ဝင်းနိုင်၊ ဆင်မ၊ စိစိ၊ ကောင်းဆက်ထူး၊ ကျော်ထူး၊ စူပါလင်း၊ ပြုံးဟန်သာကို တို့က ပါဝင်အားဖြည့်သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

Photo:နယူးဖိုးဝရုပ်ရှင်ထုတ်လုပ်ရေး

ှSee More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD