AD
AD
AD

နိုဝင်ဘာလ ၇ ရက်နေ့က မင်္ဂလာသက်တမ်း ၁၃ နှစ်ပြည့်ခဲ့တဲ့ သရုပ်ဆောင် အကယ်ဒမီလူမင်း(မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဌဟောင်း) နဲ့ မခင်စံပယ်ဦးတို့ ဇနီးမောင်နှံက ဆယ်စုနှစ်တစ်ခုကျော် ဖြတ်သန်းခဲ့ရတဲ့ အိမ်ထောင်သည်ဘဝကို Duwun Media ကနေ တစ်ဆင့်ပရိသတ်ကို မျှဝေခဲ့ပါတယ်။

play

 

'' အိမ်ထောင်သက် တစ်နှစ် နှစ်နှစ်လောက်တုန်းက သေးသေးမွှားမွှားလေးတွေနဲ့ ရန်ဖြစ်ကြ၊ စကားများကြ အဲ့ဒီအရွယ်တွေလည်း အစ်ကိုတို့ဖြတ်သန်းခဲ့ကြတာပဲလေ။ အခုချိန်မှာ အဲ့ဒီလိုမျိုးလေးတွေ မရှိတော့ဘူး ရင့်ကျက်မှုတစ်ခုဟာ အချိန်ကာလနဲ့ တိုက်ရိုက် အချိုးကျတယ် အိမ်ထောင်သက်တမ်းကြာလာတာနဲ့ အမျှ အသေးအဖွဲလေးတွေနဲ့တော့ စကားများ၊ ရန်ဖြစ်၊ သည်းမခံနိုင်တာမျိုးလေး တွေတော့ မဖြစ်တော့ဘူး'' လို့ လူမင်းက ပြောပါတယ်။

play

 

လူမင်းရဲ့ဇနီး မခင်စံပယ်ဦးကလည်း ခင်ပွန်းရဲ့စကားကို ထောက်ခံပါတယ်။ '' အဓိက ကတော့ မိသားစုနဲ့နေရတဲ့အချိန်က အရမ်းကို ပျော်ပါတယ်။ နားလည်မှုတွေနဲ့တည်ဆောက်ထားရတာပေါ့ ရန်လည်း မဖြစ်တော့ဘူး။ နောက်ပိုင်းဆို စကားကတောက်ကစ ဘာမှကို မရှိတော့ဘူး'' လို့ မခင်စံပယ်ဦးက ဆိုပါတယ်။

play

 

အိမ်ထောင်သက်တမ်းပြည့်တိုင်းလည်း မင်္ဂလာဆောင်ခဲ့တဲ့အချိန်တွေကို အမြဲတမ်း သတိရတယ်ဆိုတဲ့ လူမင်းကလည်း အခုလိုပြောပြ ခဲ့ပါတယ်။

'' ပွဲထွက်ခါနီးလေ မူးတယ် မော်တယ်တွေဖြစ်နေတော့ သတို့သားက ရှုဆေးရှာ ဘာညာ၊ ပြာယာကိုခတ်နေတာပဲ။ သူက မင်္ဂလာ ဝတ်စုံ နဲ့ လှအောင်ဝိတ်တွေကလည်း ချထားရတာ မစားမသောက်နဲ့လေ။ သူ့ပဲစိတ်ပူနေရတာတဂျီဂျီနဲ့ တကယ်လည်း ပွဲထွက်ရော သူက ပြုံးပြုံးလေး လှနေရော၊ ကိုယ်ကမလှဘူး ဂွမ်းသွားတာပေါ့နော်။ အစ်ကိုတို့တုန်းကတော့ အများကြီးဖြစ်ပါတယ်။ သူ့နာမည် ကလည်း စံပယ်ဆိုတော့ မင်္ဂလာခန်းမမှာ စံပယ်တွေပဲ စီထားတာ အဲ့ဒါလေးကလည်း ပရိသတ်ကြားမှာရော၊ အားလုံးကြားမှာရော ထူးခြားမှုလေးနဲ့ အမှတ်တရလေးတော့ ဖြစ်ခဲ့ပါတယ်'' လို့ ဆိုပါတယ်။

play

 

အိမ်ထောင်သက်တမ်း ၁၃ နှစ်ပြည့်အမှတ်တရအနေနဲ့ တစ်ယောက်နဲ့တစ်ယောက် ကျေးဇူးတင်စကားအပြန်အလှန်ပြောပြခဲ့ပါသေး တယ်။

''အစ်ကိုတို့က အနုပညာရှင် သရုပ်ဆောင်တွေဖြစ်တော့ မိန်းမမှန်ရင်သဝန်တိုတယ်လေ။ ကိုယ်ရထားတဲ့ ယောက်ျားက မင်းသား ဖြစ်နေ တဲ့ အခါကျတော့ သူတို့စိတ်ထဲက သဝန်တိုမှုအတိုင်းအတာက မှန်းလို့တောင်မရဘူး။ ဒါပေမယ့် အဲ့ဒါကြီးကို သည်းခံရတယ်။ နားလည်ပေးရတယ်ဆိုတာက အပြင်သာမန် မိန်းကလေးတွေထက်စာရင် သူတို့က ပိုပြီးတော့ ရင်းနှီးပေးဆပ်ရတယ်လေ။ ပြောပါများ လွန်းတော့လည်း မရဘူး ဒါက ယောက်ျားရဲ့ အလုပ်ဖြစ်နေတာကိုး။ ပရိသတ်ဆိုတာကလည်း ရှိနေသေးတာဆိုတော့ သူတို့ရဲ့ ရင်းနှီး ပေးဆပ်ရမှုက ကြီးပါတယ်။ အဲ့ဒါကြောင့်လည်း ကျေးဇူးတင်ပါတယ်ဆိုတာကို ရှေ့တင်ရော၊ ကွယ်ရာရော ပြောပါတယ်။'' လို့ ဦးလူမင်းက ပြောပါတယ်။

 

'' ကိုလူမင်းက မိသားစုအပေါ်မှာ အရမ်းခင်တွယ်တယ်၊ မိသားစုအပေါ်မှာလည်း အရမ်းဂရုစိုက်တယ်။ အဲ့ဒီအတွက် သူ့ကိုလည်း အရမ်းကျေးဇူးတင်ပါတယ်။'' လို့ မခင်စံပယ်ဦးက ထပ်မံဖြေကြားခဲ့ပါတယ်။

play

 

မင်္ဂလာသက်တမ်း ၁၃ နှစ်ပြည့်အထိ ကို အားပေးခဲ့ကြတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်တယ်လို့ဆိုပါတယ်။ လူမင်းနဲ့ ခင်စံပယ်ဦးတို့ ဇနီးမောင်နှံနှစ်ယောက်ကတော့ ဧရာဝတီလူမင်းဆိုတဲ့ ၁၀နှစ်အရွယ်သမီးလေးတစ်ယောက်နဲ့ ဧဝရက်လူမင်းလို့ အမည်ပေးထားတဲ့  အသက် ၇ နှစ်အရွယ် သားတစ်ယောက်ရှိပြီး ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ သူတို့ ဇနီးမောင်နှံအနေနဲ့ နောက်ထပ် ကလေးထပ်ယူဖို့ အစီအစဉ်မရှိတော့ဘူးလို့လည်း သိရပါတယ်။

Photo: ဧရာဝတီလူမင်းဖေ့စ်ဘွတ်

See More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD